ငယ်နာမည်က မောင်ဋ္ဌေးလွင်၊ 
သူုကလူဝတ်နဲ့(ဖိုးသူတော် ဘဝတုန်းက)
ပထမငယ်တန်းဝင်ဖြေတာ စာမေးပွဲကျလို့ တစ်ရက်၊နှစ်ရက်ဆက်ပြီးငိုနေခဲ့တယ်။ 
နောက်တော့ ဆရာသမားများက ဖျောင်းဖျသွန်သင်တဲ့အတိုင်း 
မခံနိုင်စိတ်တွေ ပယ်ဖျောက် ပစ်လိုက်နိုင်ပါတယ်။
နောက်ပိုင်း သူဟာ သာသနာဘောင်ဝင်ရောက်ပြီးတဲ့အခါမှာတော့ 
အဲဒီဦးဇင်းငယ်ဟာ အခက်ဆုံးဆိုတဲ့ သကျသီဟ စာမေးပွဲကြီးမှာ 
စာသင်တန်း၊ စာချတန်းတွေအောင်မြင်သွားပါတယ်။ 
ဒါ့ပြင် ကျမ်းဂန်တွေ အများကြီးပြုစုနိုင်ခဲ့ပါတယ်။ 
လွတ်လပ်ရေးရပြီးတဲ့အခါမှာတော့ ပထမဆုံး အဂ္ဂမဟာပဏ္ဍိတဘွဲ့ကို 
သက်တော်-ဝါတော်အငယ်ဆုံးနဲ့ရခဲ့တဲ့ ဘာသာဋီကာကျမ်းပြုအကျော်၊ 
တောင်မြို့၊မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး 
“အရှင်ဇနကာဘိဝံသ”ဆိုတာ ဖြစ်လာပါတယ်။
(ဆရာတော်ဘုရားကြီးက သူကိုယ်တိုင်ရေးသားတဲ့ 
”တစ်ဘဝသံသရာ”ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်မှာ 
ဒီအကြောင်းကို ထည့်သွင်းရေးထားပါတယ်။)
သာသနာမှာ ထိပ်တန်းရောက်ခဲ့တဲ့ သာသနာ့အာဇာနည်တွေဟာလည်း 
စာမေးပွဲကျဖူးတာပါပဲ။ 
ဒါဆိုရင် စာမေးပွဲကျတာ ဘာဆန်းလဲ?
ဆန်းတာကတော့ ကျရှုံးမှုအပေါ် တုန့်ပြန်မှုပါဘဲ။
အချို့ကတော့ ကျရှုံးမှုကို ယာယီသဘောထားကြတယ်။ 
နောက်ထပ် ကြုံးရုန်း ထပြီး အောင်မြင်အောင် ကြိုးစားရင်း ထိပ်တန်းရောက်သွားခဲ့တယ်။ 
အချို့ကတော့ ကျရှုံးမှုကို ထာဝရလို့ထင်မြင်ပြီး လုံးဝအလျှော့ပေးလိုက်ကြတယ်။ 
ဘယ်တော့မှ နလံမထူတော့ဘူး။ ဘဝမှာ စုန်စုန်မြှုပ်သွားတာပေါ့။
လူကြီးမင်း ကြိုက်နှစ်သက်ရာလမ်းကို ရွေးချယ်ပါလေ။ 

 
 

No comments:
Post a Comment