Tuesday, January 5, 2010

“ သတိသည် အကောင်းဆုံးတရား…”



သတိဟာ နေရာတိုင်း အခါခပ်သိမ်း အရေးအကြီးဆုံးပါ။

အဖိုးတန် အသိဉာဏ်ကို ဖော်ထုတ်ပေးနိုင်တာဖြစ်လို့ တန်ဖိုးလည်းအကြီးဆုံးပါ။

သတိရှိရင် ဘာပဲလုပ်လုပ် အလုပ်ဖြစ်တယ်။

မအားတာလည်း အလုပ်ဖြစ်သွားပါတယ်။

သတိမပါရင် ဘယ်အလုပ်မှ တရားမဝင်တော့ဘူး။

ဟထိုးပါတဲ့ အလှုပ်ပဲဖြစ်သွားတယ်။

လှုပ်ရုံသာလှုပ်နိုင်တယ်။

အားကိုးရမယ့်တရား မပါဝင်တော့ဘူးလို့ပြောတာ။

သတိလွတ်ရင် အလုပ်ပြတ်တယ်။

သတိရှိရင် အလုပ်ဖြစ်တယ်။

သတိနည်းရင် အလုပ်ကြဲတယ်။

သတိစွဲရင် အလုပ်မြဲတယ်။

သတိများတော့ အလုပ်များတယ်။

များပေမယ့်မရှုတ်၊

အလုပ်တိုင်း ကိုယ်ပိုင်အထုပ်တိုးတယ်၊

ဝေစုပွားလာတယ်။

သတိဟာ အကောင်းဆုံးတရား ဖြစ်နေတော့

တစ်ယောက်ယောက်က သတိပေးလာရင်

“သူက ကိုယ့်ကို အကောင်းဆုံး လက်ဆောင်ပေးနေတယ်” လို့

သဘောထားတတ်ရမယ်၊

လူ့တစ်ကိုယ်လုံးမှာ အလိုအပ်ဆုံး အရာဟာလည်း သတိပါပဲ။


(ယော) ဆရာတော်..............

ဘဒ္ဒ န္တ သိရိန္ဒာဘိဝံသ...........

တိပိဋကဓရ- ဓမ္မဘဏ္ဍာဂါရိက

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com