Saturday, November 7, 2009

လုပ်သင့်တာ တစ်ခုခု ထလုပ်လိုက်ပါ....




ကောင်းကင်ယံတွင် စစ်မြေပြင် သတင်းဓါတ်ပုံများ စွန့်စားရိုက်ကူးတဲ့အတွက်
ကမ္ဘာမှာထင်ရှားတဲ့ အမျိုးသမီး သတင်းထောက်ကတော့
ဘာ့(ခ်) ဝှိုက်ဖြစ်ပါတယ်။
ငယ်ငယ်တုံးက အရမ်းကြောက်တတ်သူဖြစ်တယ်။
အထူးသဖြင့် အမှောင်ကို အရမ်းကြောက်တတ်သူဖြစ်တယ်။
အမြော်အမြင်ရှိတဲ့ မိခင်က စိတ်ရှည်လက်ရှည် လေ့ကျင့်ပျိုးထောင်ပေးခဲ့ပါတယ်။
မိခင်ကြောင့်
နောင်မှာ
ဘာ့(ခ်) ဝှိုက်ဟာ အလွန်ရဲရင့်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာပါတယ်။
မိခင်က သမီးရဲ့နှလုံးသားထဲ၊ ခေါင်းထဲ ထည့်ပေးခဲ့တဲ့ စကားကတော့.......

“ သမီး....ကြောက်တဲ့အရာကို စေ့စေ့ကြည့်၊
ရဲရဲရင်ဆိုင် လိုက်ပါကွယ်။
ကြောက်တဲ့အရာက ဘာမှအခြေအမြစ် မရှိရင်
အဲဒီလို ရင်ဆိုင်ကြည့်ရုံနဲ့
လုံးလုံး အစပျောက်သွားလိမ့်မယ်။
တကယ်ကြောက်သင့်၊ကြောက်ထိုက်တဲ့ အရာပဲလို့ တွေ့ရရင်တော့
တစ်ခုခု ထလုပ်လိုက်ပါ...သမီး၊

အဲဒီ လုပ်တဲ့တစ်ခုခု ကကြောက်စိတ်ကို ပျောက်အောင်လုပ်ပေးလိမ့်မယ်။ ”

အဲဒီ စကားကြောင့်
ဘာ့(ခ်) ဝှိုက်ဟာ ကြောက်စိတ်ကင်းကင်းနဲ့
လွတ်လပ်တဲ့ အရသာကို ဘဝတစ်သက်တာ
လုံး ခံစားသွားရပါတယ်။
အဲဒီ အားပေးစကားကြောင့် အောင်မြင်တိုးတက်တဲ့ အခွင့်အလမ်းတွေကို
မှန်မှန်ကန်ကန်ရွေးချယ်နိုင်ခဲ့ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com