ဟိုရှေးရှေးတုန်းက...အလွန်ချစ်ကြတဲ့ သူငယ်ချင်း နှစ်ယောက်ရှိကြတယ်။
ခက်တာက နှစ်ယောက်စလုံးဟာ သမီးတွေချည်းမွေးလာတော့ စိတ်ညစ်ကြတာပေါ့။ 
သမီးတွေက အရွယ်ရောက်လာတော့  ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့
 ဘယ်လိုမှ မဖြစ်နိုင်တာမို့သူငယ်ချင်းနှစ်ယောက်စလုံး စိတ်ညစ်ကြတယ်။
အဖေတွေ စိတ်ညစ်နေတဲ့အကြောင်းကို သမီးတွေကသိတော့
 အဖေတွေကို စိတ်ချမ်းသာ စေချင်တာပေါ့။
သမီးတစ်ယောက်က ကြံရာမရဖြစ်ပြီး ညောင်ပင်ကြီးတစ်ပင်အောက်သွားပြီး
 ယောင်္ကျားလေးဖြစ်ချင်တဲ့ အကြောင်းဆုတောင်းတယ်။
အဲဒီညောင်ပင်ကြီးမှာ စောင့်နေတဲ့ ရုက္ခစိုးက
့ အရမ်းလည်း အားနာတတ်သတဲ့။
 အမျိုးသမီးလေးက ခဏခဏလာပြီး ဆုတောင်းနေတာတွေ့တော့ 
အောက်ပိုင်းကို သုံးလလဲဖို့သဘော တူလိုက်သတဲ့။
  အဲဒီအချိန်မှာဘဲ  မိန်းမဖြစ်သွားတဲ့ ရုက္ခစိုးကို 
ထိန်ပင်စောင့်နေတဲ့ လူပျိုကြီး ရုက္ခစိုးက
အသစ်ကလေး ရောက်လာတယ် ထင်ပြီး  ရုက္ခစိုးမကို နောက်ပိုးလိုက်တာ 
သူတို့နှစ်ယောက် ငြိပြီး မကြာခင်မှာဘဲ အမျိုးသမီးအသွင်ပြောင်းနေတဲ့
ရုက္ခစိုးမဟာ
 ကိုယ်ဝန်ရသွားတာပေါ့။ 
သုံးလပြည့်တော့ မိန်ကလေးဟာ သူမရဲ့ ကတိအတိုင်းပဲ အောက်ပိုင်းလာလဲပါတယ်။ 
အဲဒီအချိန်မှာ ခါးတုတ်နေတဲ့ ရုက္ခစိုးမကိုတွေ့တော့ သူမရဲ့
 အောက်ပိုင်း မဟုတ်ဘူးဆိုပြီး ငြင်းတော့တာပေါ့။
ဒါနဲ့ပဲ အားနာတဲ့ အတွက် " ခါး "ဟာသူများနောက် ပါသွားတော့တာပေါ့။
ကျနော်တို့ လူမျိုးဟာ အလွန် အားနာတတ်ကြပါတယ်။
 အားနာတာနဲ့ စိတ်ကောင်းရှိတာလည်း ရောထွေးနေကြပါတယ်။
 အားနာတာဟာ ကြောက်ခြင်းတစ်မျိုးပါပဲ။
 အားနာတာဟာ စိတ်ဓါတ်ပျော့ညံ့တာပါ။ 
အားနာတဲ့အတွက် ကိုယ့်အကျိုးထိခိုက်တာများပါတယ်။
စိတ်ကောင်းစေတနာကောင်းရှိလို့ကိုယ့်အကျိုးထိခိုက်ပေမဲ့ ကျေနပ်တယ်။
အားနာလို့ကိုယ့်အကျိုးထိခိုက်တာက မကျေမနပ်ဖြစ်စေပါတယ်။
အားနာတာဟာ သတ္တိမရှိတဲ့၊ ပျော့ညံ့တဲ့၊ လားရာအမြင်ကင်းမဲ့တဲ့
ခပ်ညံ့ညံ့ ကိုယ်ရည်ကိုယ်သွေး
တစ်ခုလို့သိတဲ့အချိန်ကစပြီး ဘယ်သူမဆို ပြုပြင်နိုင်ပါတယ်။
ဒီနေ့ကစပြီး ကိုယ်မလုပ်နိုင်တဲ့၊ ကိုယ်မတတ်နိုင်တဲ့ ကိစ္စကို "ဟင့်အင်း" လို့
လိမ်မာပါးနပ်စွာ ငြင်းကြည့်ရအောင်။
လူကြီးမင်း...တစ်ခါငြင်းလိုက်နိုင်တိုင်း
တစ်ခါ စိတ်ချမ်းသာလာပါလိမ့်မယ်။
 

 
 

No comments:
Post a Comment