Saturday, August 22, 2009

“ ချစ်ရတဲ့ မေ့အတွက်ဆိုရင်....”



ချစ်သူနှစ်ဦးတို့ဟာ မြစ်ဆိပ်နားကခုံတန်းတစ်ခုပေါ်မှာ

ချိန်းတွေ့နေကြတယ်။

အမျိုးသားက ရုပ်ရှင်မင်းသားရန်အောင်နဲ့တူတယ်။

အမျိုးသမီးက ချောတယ်။လှတယ်။ နွဲ့တယ်။

အမျိုးသားက အမျိုးသမီးထက်

အသက်(၇)နှစ်လောက်ကြီးတယ်လို့ယူဆရတယ်။

သူတို့ချစ်သူနှစ်ဦးပြောသောစကားများကို ကြားနေရတယ်။


“မောင် ရေကူးတတ်လားဟင် ?”

“မကူးတတ်ပါဘူး၊ ဘာဖြစ်လို့လဲ?”

“ တကယ်လို့ မေက မတော်တဆ မြစ်ထဲလိမ့်ကျသွားမယ်ဆိုရင်

မောင် ဘာလုပ်မလဲဟင်?”

“အနားက ရွာကိုပြေးပြီး အကူအညီတောင်းမှာပေါ့”

“ရွာကအဝေးကြီးပဲလေ”

“အို… ဘာဖြစ်လဲ? ကိုယ် အင်မတန်ချစ်ရတဲ့ မေ့အတွက်ဆိုရင်

ကမ္ဘာတစ်ဘက်စွန်းကိုပဲဖြစ်ဖြစ် မောင်ရောက်အောင် ပြေးပါ့မယ်။”တဲ့။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com