Monday, August 17, 2009

" မေးကြည့်စမ်းပါ..."





“တစ်နှစ်”

ရဲ့တန်ဖိုးကို သိချင်ရင်...
စာမေးပွဲကျတဲ့ ကျောင်းသားကို
မေးကြည့်စမ်းပါ။


“တစ်လ”

ရဲ့တန်ဖိုးကို သိချင်ရင်...

လမစေ့ဘဲ ကလေးမွေးတဲ့ မိခင်ကို
မေးကြည့်စမ်းပါ။


“တစ်ပတ်”

ရဲ့တန်ဖိုးကို သိချင်ရင်...

အပတ်စဉ်ထုတ်ဂျာနယ် အယ်ဒီတာကို
မေးကြည့်စမ်းပါ။


“တစ်နေ့”

ရဲ့တန်ဖိုးကို သိချင်ရင်...

ကလေး ၆ ယောက်ကို ကျွေးနေရတဲ့ နေ့စားအလုပ်သမားကို
မေးကြည့်စမ်းပါ။

“တစ်နာရီ”
ရဲ့တန်ဖိုးကို သိချင်ရင်...
ဆုံစည်းခွင့်ကို စောင့်နေကြတဲ့ ချစ်သူများကို
မေးကြည့်စမ်းပါ။


“တစ်မိနစ်”
ရဲ့ တန်ဖိုးကိုသိချင်ရင်...
ရထားမမီလိုက်တဲ့ခရီးသည်ကို
မေးကြည့်စမ်းပါ။


“တစ်စက္ကန့်”

ရဲ့တန်ဖိုးကိုသိချင်ရင်...

ယဉ်တိုက်မှုနဲ့ သီသီလေးလွဲသွားတဲ့ ဒရိုင်ဘာကို
မေးကြည့်စမ်းပါ။


“တစ်မီလီစက္ကန့်”

ရဲ့ တန်ဖိုးကို သိချင်ရင်...

အိုလံပစ်ငွေတံဆိပ်ဆုရှင်ကို
မေးကြည့်စမ်းပါ။



1 comment:

Anonymous said...

ကောင်းလိုက်တဲ့ ကဗျာ.. ဆရာရေးတဲ့ ကဗျာတွေ အရမ်းဖတ်လို့ကောင်းတာပဲ
ဆရာ့ Gmail လိပ်စာလေးရှိရင် ပေးပါလားဆရာ .. ဆရာနဲ့ခင်ချင်လို့ပါ

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com