Monday, July 11, 2011

" လောဘကြီးသူအတွက်..."

တစ်ခါတုန်းက

အဝေပြေးလမ်းမတစ်ခု အပေါ်မှာဖြစ်တယ်။

ကားတစ်စီးဟာ နွားပေါက်စလေးတစ်ကောင်ကို တိုက်မိတဲ့ အတွက်

နွားလေးသေဆုံးသွားပါတယ်။

နွားပိုင်ရှင်ဖြစ်တဲ့ကိုစိုးသိမ်းက

ကားသမားဖြစ်တဲ့ကိုအောင်မိုးဆီမှာ အလျော်တောင်းတယ်။

"နွားတန်ဖိုးကိုလျော်ပေတော့"

"နွားလေးက ဘယ်လောက်တန်သလဲ"

ကိုစိုးသိမ်းက

"အခုတော့ ဒေါ်လာ၂၀၀ လောက်ပဲတန်တယ်၊

ဒါပေမယ့် နောက် ၆နှစ်ကြာရင် ဒေါ်လာ ၉၀၀

လောက်တန်မှာ၊

ဒီတော့ ဒေါ်လာ ၉၀၀ လျော်ပေးပါ "

ကိုအောင်မိုးက

"ကောင်းပြီလေ..."

ဆိုပြီး.. ချက်လက်မှတ်တစ်စောင် ရေးပေးလိုက်တယ်။


"ကဲရော့...

ဒီမှာ ဒေါ်လာ ၉၀၀ ချက်လက်မှတ်၊

နောက် ၆နှစ် နေ့စွဲနဲ့ ရေးထားတယ်၊

အဲဒီနေ့ရောက်ရင် ထုတ်လို့ရပြီ" တဲ့။


Saturday, July 9, 2011

“ကိုယ်ချင်းစာ မိပါတယ်…”


တစ်နေ့မှာတော့

လူတစ်ယောက် ဆေးဆိုင်မှာ ဆေးလာဝယ်တယ်။

"ဆိုင်ရာနိုက် တအောင်စလောက် ရောင်းပေးပါ"

ဆေးရောင်းသူ လန့်သွားပြီး ပြန်မေးတယ်။

"ဘာပြောတယ်၊

ဆိုင်ရာနိုက်ဆိုတာ အဆိပ်ဗျ၊

ဆေးစာ မပါဘဲရောင်းလို့ မရဘူး၊

ခင်ဗျားကဘာလုပ်မလို့ လဲ"


"ကျနော့်ရဲ့ မိန်းမကို အဆိပ်ကျွေးသတ်မလို့"

"ဟာ...ဒီလိုဆို ပိုဆိုးတယ်၊

ရောင်းမပေးနိုင်ပါဘူးဗျာ၊

ခွင့်လွှတ်ပါ"

ဒီတော့ ဆေးလာဝယ်သူက သူ့အိပ်ကပ်ထဲက ဓါတ်ပုံတစ်ပုံကို ထုတ်ပြတယ်၊

ဆေးရောင်းသူက အဲဒီဓါတ်ပုံကိုယူကြည့်လိုက်ပြီးနောက်ပြန်ပြောတာက

"ဟာ...ဆိုးလိုက်တဲ့ရုပ်ဗျာ၊

ဒီလောက်ရုပ်ဆိုးတာ ကျနော့်တသက် တခါမှ မမြင်ဖူးဘူး၊

ဒါဘယ်သူ့ဓါတ်ပုံလဲ"

"ကျနော့်ရဲ့မိန်းမပုံလေ"

"အင်း...ဒီလိုဆိုတော့လည်း ရောင်းပေးလိုက်ပါ့မယ်"


Friday, July 8, 2011

" စိတ်ဓါတ်မကျပါနဲ့..."



မခိုင်တစ်ယောက် ခက်ခဲကြမ်းတမ်းတဲ့နေ့တွေကို

ဖြတ်သန်းနေရတော့ စိတ်ပျက်နေရှာတယ်။

သူမရဲ့အိမ်ဧည့်ခန်းထဲက ဆိုဖာခုံပေါ်မှာ စိတ်ပျက်လက်ပျက်ထိုင်ချလိုက်တယ်။

ပြီးတော့ သူ့အမေနဲ့မောင်လေးကို တိုင်တည်ပြောပြရင်း ညီးညူနေတယ်။


"ဘယ်သူမှ ငါ့ကိုမချစ်ကြဘူး၊

တကမ္ဘာလုံးမှာ ရှိသမျှလူတွေက

ငါ့ကိုမုန်းနေကြပြီထင်တယ်"

ဒီတော့ သူ့အမေက အားပေးတယ်။

"တကမ္ဘာလုံးတော့ မဖြစ်နိုင်ပါဘူးအေ…"

သူ့မောင်လေးကလည်း ဝင်ပြီးထောက်ခံရှာတယ်။

"ဟုတ်တယ်၊

မမကို မသိတဲ့လူတွေကတော့ မုန်းမှာမဟုတ်ပါဘူး" တဲ့။


"ဆရာဝန်လည်းလေ လောကီသားပေမို့..."



တစ်ခါတုန်းက

ရုပ်ဆိုးလွန်းလို့ စိတ်ကျရောဂါ ခံစားနေရတဲ့ လူတစ်ယောက်ဟာ

စိတ်ရောဂါကုဆေးခန်းတစ်ခုကို ရောက်လာပါတယ်။

အဲဒီကိုရုပ်ဆိုးဟာ သူ့အလှည့်ရောက်တော့

ဆရာဝန်ရဲ့အခန်းထဲကို
ဝင်လာရင်းပြောရှာတယ်


"
ဒေါက်တာရယ်၊

ကျနော်မှာလေ
စိတ်ဓါတ်တွေကျပြီး

အလွန်ဘဲ
အထီးကျန်ဆန်နေပါတယ်ဗျာ၊

ကျနော့်မှာ သူငယ်ချင်းလည်း တစ်ယောက်မှ မရှိဘူး၊

ဘယ်သူမှလည်း
ကျနော့်အနားကို မလာချင်ကြဘူး၊

ကျနော့်ကို မြင်ကြတဲ့သူတိုင်း လှောင်ပြောင်ရယ်မောကြတယ်ဆရာ။

ကျနော့်ရုပ်ကြီးဆိုးနေတာကို မကယ်နိုင်တော့ဘူးလား ဆရာရယ် "


ဒေါက်တာအောင်ကြည်ဆွေက...

"
ကယ်နိုင်ပါတယ်ဗျာ၊

ဒါပေမဲ့ ကျေးဇူးပြုပြီး ခင်ဗျားမျက်နှာကို

ဟိုဘက်လှည့်ပြီး
ပြောလို့ ရမလား"

Thursday, July 7, 2011

“ ကျေးဇူးရှင်များရဲ့စာ၊စကား…”



. မကောင်းမှုရှောင်၊
ကောင်းမှုဆောင်၊
ဖြူအောင် စိတ်ကိုထား။
(မြတ်ဗုဒ္ဓ)
***************************
၂. မခံစားရတာချမ်းသာ။
(မဂ္ဂသာဝက အရှင်သာရိပုတ္တရာ)
***************************
၃. ဘယ်သူကဲ့ရဲ့ ကဲ့ရဲ့၊
ဘုရား မကဲ့ရဲ့အောင်နေ။
(ဆရာတော်ဦးဗုဓ်)
***************************
၎. နိဗ္ဗာန်လိုချင်လျှင်
သူများအတင်းမပြောနှင့်။
(ထွဋ်ခေါင်ဆရာတော်)
***************************
၅. တစ်ယောက်တည်း သင့်အောင်နေ။
(ရေငုံဆရာတော်)
***************************
၆. အကျိုးတရားကို မပွားပါနဲ့၊
အကြောင်းတရားကိုသာ တဲ့အောင်လုပ်ပါ။
(လှေသင်းမင်းကျောင်းဆရာတော် )
***************************
၇. ခုကြပ်မှ နောင်ချောင်မယ်၊
ခုချောင်ရင် နောင်ကြပ်မယ်။
(ငါးသလောက်တောရဆရာတော်)
***************************
၈. ကျင်ကြီးသည် နွေးသည်ဖြစ်စေ၊
အေးသည်ဖြစ်စေ ရွံဖွယ်သာတည်း။
(ပထမရွှေကျင်ဆရာတော်)
***************************
၉. သွားတာကို သွားတယ်လို့သိ။
(လယ်တီဆရာတော်)
***************************
၁၀. နိဗ္ဗာန်လိုချင်ရင်
တမလွန်မျက်မှောက် ကြောက်အောင်နေ။
(မန်ကျည်းတောဆရာတော်)
***************************
၁၁. သူများ စိတ်မဆိုးအောင်နေ။
(ငါးခုံဆရာတော်)
***************************
၁၂. ဖြစ်အောင်လည်းမလုပ်နဲ့၊
ပျက်အောင်လည်း မလုပ်နဲ့၊
ဖြစ်တာ၊ပျက်တာကိုပဲ သိပါစေ။
(သထုံဇေတဝန်ဆရာတော်)
***************************
၁၃. မဆင်းရဲချင်ရင်
ငြိမ်ငြိမ်နေ၍ သိအောင်ကြိုးစား။
(စွန်းလွန်းဆရာတော်)
***************************
၁၄. တစ်စပ်တည်းဖြစ်အောင် ဆောင်ကြ။
(ဝေဘူဆရာတော်)
***************************
၁၅. ပေါ်တိုင်းမပြတ် ရှုမှတ်နေပါ။
(မဟာစည်ဆရာတော်)
***************************
၁၆. ငါသည် မုချသေရမည်၊
အချိန်ပိုင်းသာလိုတော့သည်။
(မိုးကုတ်ဆရာတော်)
***************************
၁၇. စိတ်ကောင်းရှိဖို့က ပထမ။
(မဟာဂန္ဓာရုံဆရာတော်)
***************************
၁၈. ကံဆိုတာ အလုပ်၊
အလုပ်ကောင်းမှ ကံကောင်းမည်။
(ညောင်တုန်းရွှေဟသာင်္ဆရာတော်)
***************************
၁၉. ကုသိုလ်အလုပ်ဟူသမျှ
လုပ်လိုစိတ်မရှိသော်လည်း ပေပြီးလုပ်။
(မစိုးရိမ်ဆရာတော်)
***************************
၂၀. အကုသိုလ်လုပ်ငန်းဆိုတာ ကိုယ်ကတာဝန်ယူရတယ်၊
ကုသိုလ်လုပ်ငန်းကတော့ ကိုယ်က ဘာမျှကြောင့်ကြစိုက်ရန်မလို၊
သူက ကိုယ့်ကို တာဝန်ယူရတယ်။
(မင်းကွန်းတိပိဋကဆရာတော်)
***************************
၂၁. ပေးပါ၊ ပြန်ရမယ်၊
သို့သော် ပြန်ရလိုသော စိတ်နှင့်မပေးရ။
(မစိုးရိမ်ဆရာတော်)
***************************
၂၂. ဘယ်အခါမဆို သေဝံ့အောင်နေ။
(သံယုတ်ဆရာတော်)
***************************
၂၃. အမှန်အတိုင်း မသိတဲ့အချိန် လူမိုက်၊
အမှန်အတိုင်း သိတဲ့အချိန် ပညာရှိ။
(ဂျူံးဂျူံးကျဆရာတော်)
***************************
၂၄. တာဝန်ကျေပါ၊
မတွယ်တာပါနဲ့။
(တောင်တန်းသာသနာပြုဆရာတော်)
***************************
၂၅. ချမ်းသာခံစားရလေလေ၊
ဆင်းရဲထင်ရှားလေလေ။
(သပြေကန်ဆရာတော်)
***************************
၂၆. သေခါမှ အရှက်ကွဲရမယ်နော်။
(ပခုက္ကူတိုက်သစ်ဆရာတော်)
***************************
၂၇. ဗုဒ္ဓ-စာများများဖတ်။
(ဓမ္မာနန္ဒဆရာတော်)
***************************
၂၈. ဖြစ်နေတဲ့သဘောတွေကို ဖြစ်နေတဲ့အတိုင်း
သတိနဲ့စောင့်ကြည့်၊
အဲဒါ ဝိပဿနာပဲ။
(ချမ်းမြေ့ဆရာတော်)
***************************
၂၉. တစ်ဖက်သားကိုကြည့်တဲ့အခါ
အကောင်းဖက်က ကြည့်ပါ။
(ဓမ္မာနန္ဒဆရာတော်)
***************************
၃၀. အကုသိုလ်ဖြစ်တဲ့နေ့ဟာ
ပြဿဒါးနေ့ပဲ။
(ရွှေဥမင်ဆရာတော်)
***************************
၃၁. ငါ ဝင်မရှုပ်နဲ့။
(မဟာဗောဓိမြိုင်ဆရာတော်)
***************************
၃၂. အသိမှန်မှ အကျင့်မှန်မယ်။
(ယောဆရာတော်)
***************************
၃၃. အချိန်တိုင်းတွေးနေရင်း
ဘဝပြောင်းနေသည်။
(မိုးညှင်းသိင်္ဂီဆရာတော်)
***************************
၃၄. သူတပါးရဲ့နှမ်းစေ့လောက်အပြစ်ကလေးကို မြင်တတ်ပေမဲ့
မိမိရဲ့အုန်းသီးလောက်အပြစ်ကြီးကိုတော့ မမြင်တတ်ကြဘူး။
(လောကနီတိဆရာ)
***************************
၃၅. သူတစ်ပါးအပြစ်ကိုကြည့်လွန်းသူဟာ မိမိအပြစ်ကို ဖုံးကွယ်တတ်တယ်၊
မိမိအပြစ်ကို ကြည့်ဖို့တော့ မေ့လျော့နေတတ်တယ်၊
မိမိအပြစ်ကို ကြည့်တတ်ပါမှ သူတစ်ပါးအပြစ်ကို ခွင့်လွှတ်တတ်မယ်။
(ဒုတိယ ဓမ္မာနန္ဒဆရာတော်)
***************************
၃၆. သူ့ရောဂါ ကိုယ့်မကူးစက်ပါစေနဲ့၊
ရောဂါကူးစက်ခံရရင် မူလရောဂါသည်ထက် ပိုဆိုးတတ်တယ်။
(ဒုတိယ ဓမ္မာနန္ဒဆရာတော်)
***************************

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com