Saturday, June 4, 2011

" သီတဂူဆရာတော် အရှင်ဥာဏိဿရ..."



သီတဂူဆရာတော် အရှင် ဥာဏိဿရ ဟာ

မြန်မာနှစ် ၁၂၉၈ ခု၊တပေါင်းလပြည့်

(ခရစ်နှစ် ၁၉၃၇ ခုနှစ်၊ဖေဖေါ်ဝါရီလ ၂၃ရက်) အင်္ဂါနေ့တွင်

ပဲခူးတိုင်း၊သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်တယ်။

အဖမှာ ဦးမောင်ညို၊ အမိမှာ ဒေါ်သန်းတင်တို့ဖြစ်ကြပါတယ်။

၁၉၄၄ ခုနှစ်တွင် သဲကုန်းမြို့၊တပ်ရွာအလယ်ကျောင်းမှာ

ဘုန်းတော်ကြီးပညာကို စတင်သင်ယူခဲ့ပါတယ်။

၁၉၅၂ ခုနှစ်တွင် ရှင်သာမဏေဝတ်ပြီး ၁၉၅၇ ခုနှစ်တွင် ရဟန်းပြုတယ်။

၁၉၆၁ ခုနှစ်တွင် သာသနဓဇ ဓမ္မာစရိယဘွဲ့ရရှိခဲ့တယ်။

၁၉၇၂ ခုနှစ်မှ မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ကျုံကရွာ သပိတ်အိုင်တောရကျောင်းမှာ

၎ နှစ်ကြာတရားအားထုတ်ခဲ့ပြီး

၁၉၇၅ ခုနှစ်မှ စပြီး မြန်မာပြည်အနှံ တရားများဟောကြားခဲ့ပါတယ်။

၁၉၇၉ ခုနှစ်မှစပြီး ကမ္ဘာလှည့်သာသနာပြုလုပ်ငန်းကို လုပ်ခဲ့ရာ

နိုင်ငံပေါင်း ၄၅နိုင်ငံကို လှည့်လည်တရားဟောကြားခဲ့ပြီးဖြစ်တယ်။

၁၉၈၀ ခုနှစ်တွင် စစ်ကိုင်းတောင်ရိုး သီတဂူရေအလှူတော်စီမံကိန်းကို တည်ထောင်ခဲ့ပါတယ်။

ရေအလှူတော်ကြောင့် စစ်ကိုင်းတောင်ကျောင်းပေါင်း ၉၀၀၀ကျော်ရှိ

တစ်နေ့လျှင် ရေဂါလံ ၅ သိန်းခန့်ရေပေးဝေလျက်ရှိပါတယ်။

၁၉၉၀ ခုနှစ်တွင် သီတဂူ အာယုဒါနဆေးရုံတော်ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ရဟန်းသံဃာတော်အားလုံးနှင့် ဆင်းရဲနွမ်းပါးတဲ့လုပ်သားပြည်သူများကို

ဆေးဝါးအခမဲ့ကုသပေးလျက်ရှိပါတယ်။

အနယ်နယ်အရပ်ရပ်တွင်လည်း မျက်စိဆေးရုံများကို ဖွင့်နိုင်ခဲ့ပြီး

မျက်စိဝေဒနာရှင်များအတွက် အခမဲ့ကုသပေးလျက်ရှိပါတယ်။

၁၉၉၆ ခုနှစ်တွင် စစ်ကိုင်းတောင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ဆရာတော်အားအစိုးရက မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့(၁၉၉၃)၊

အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇဘွဲ့(၁၉၉၅)

အဂ္ဂမဟာ ပဏ္ဍိတဘွဲ့(၁၉၉၇)၊

အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်များကပ်လှူပူဇော်ခဲ့ပြီး၊

၂၀၀၃တွင် ရန်ကုန်တက္ကသိုလ်က ဒီလစ်(D.Litt.)ဘွဲ့၊

၂၀၀၅ တွင်ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မဟာချူလာလောင်ကွန်တက္ကသိုလ်က

ပီအိပ်ခ်ျဒီ(Ph.D) ဘွဲ့အပ်နှင်းခဲ့ပါတယ်။

ဆရာတော်ဟာ သပိတ်အိုင်တောရတွင် သီတင်းသုံးခဲ့ဖူးတဲ့အတွက်ကြောင့်

သပိတ်အိုင်ဆရာတော်အဖြစ်လည်းနာမည်ကြီးသလို

သဲကုန်းမြို့နယ်ဇာတိဖွားဖြစ်တဲ့အတွက်ကြောင့် သဲကုန်းဆရာတော်အဖြစ်လည်း နာမည်ကြီးပါတယ်။

သီတဂူကျောင်း၊သီတဂူရေအလှူ၊ သီတဂူဆေးရုံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊

သီတဂူဗုဒ္ဓဝိဟာရ(အမေရိကန်)တို့ကို တည်ထောင်တော်မူခဲ့တဲ့အတွက်ကြောင့်

သီတဂူဆရာတော်အဖြစ်လည်း နာမည်ကြီးပါတယ်။

ဆရာတော်ဟာ မြန်မာဘာသာနဲ့စာအုပ်ပေါင်းတစ်ရာကျော်၊

အင်္ဂလိပ်ဘာသာနဲ့စာအုပ်ပေါင်း (၃၀)ကျော်တို့ကို ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။

ဆရာတော်ရဲ့အလှူဒါနနဲ့ပတ်သက်ပြီးပြောမကုန်နိုင်အောင်များပြားလှပါတယ်။

မျက်စိဆေးရုံများဆောက်လုပ်လှူဒါန်းခြင်း၊

မြို့နယ်၊ကျေးလက်ဆေးရုံများအတွက်

လိုအပ်တဲ့အဖိုးတန်စက်ကိရိယာများ၊ဆေးဝါးပစ္စည်းများလှူဒါန်းခြင်း၊

စာသင်ကျောင်းများအတွက် ကွန်ပျူတာများ၊ သင်ကြားမှုအထောက်အကူပြုပစ္စည်းများလှူဒါန်းခြင်း၊

ဘိုးဘွားရိပ်သာများ၊မိဘမဲ့ကလေးများ၊ မျက်မမြင်ဆွံ့အ နားမကြားဝေဒနာရှင်များ၊

စစ်မှုထမ်းဟောင်းများကို ငွေကြေး၊ဆေး၊အစားအစာများမကြာခဏလှူဒါန်းခြင်း။

နာဂစ်မုန်းတိုင်းသင့်ဒေသများသို့ကိုယ်တိုင်သွားရောက်ပြီး

လိုအပ်သောအစားအစာ၊ဆေး၊ကျောင်း၊နေအိမ်များကို လှူဒါန်းခြင်း၊

ဆင်းရဲချို့တဲ့သော တက္ကသိုလ်ကျောင်းသူကျောင်းသားများကို

ပညာသင်ထောက်ပံ့ကြေးများထောက်ပံ့ခြင်း။

စတဲ့အလှူမျိုးစုံကို

တန်ဖိုးငွေကျပ် (၁.၈ trillions) ကို လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း

တာချီလိတ်တရားပွဲတွင် ဆရာတော်ဟောကြားခဲ့ဖူးပါတယ်။


Friday, June 3, 2011

"ကိစ္စမရှိပါဘူး..."


မုတ်ဆိပ်မွေး ပါးသိုင်းမွေးရိတ်ဖို့ လူတစ်ယောက်
ဦးဗိုလ်ကေဆံပင်ညှပ်ဆိုင်ထဲ ဝင်လာပါတယ်။
သူ့အလှည့်ရောက်တော့ ဆံသဆရာဦးဗိုလ်ကေက
သူမုတ်ဆိပ်မွေး၊ ပါးသိုင်းမွေးတွေကို စ,
ရိတ်ပါတယ်..
မုတ်ဆိပ်မွေး နဲ့ နုပ်ခမ်းမွေးကို ရိတ်တဲ့အခါ ပြသနာ မရှိပေမဲ့
ပါးသိုင်းမွေးရိတ်တော့ နဲနဲ ခက်နေတယ်။
သူ့ပါးကနဲနဲခွက်နေတာကိုး။
ဒါနဲ့ ဆံသဆရာက
သစ်သားနဲ့ လုပ်ထားနဲ့ အလုံးလေး တလုံးကိုပေးလိုက်ပြီး ပြောတယ်။

"ဒါလေးကို ခဏငုံထားလိုက်၊
ဒါမှ ပါးသိုင်းမွေး ရိတ်ရတာ အဆင်ပြေမယ်"

"အဲ...ဟုတ်တယ်ဗျ"
အဲဒီလူလည်း သဘောကျသွားတယ်၊
ဒီ ဆံသဆရာမဆိုးဘူး တော်တော်ဥာဏ်ပြေးသားဘဲ လို့
တွေးနေတယ်။
ညာဘက်ပါးကို ရိတ်တော့ ညာဘက်ပါးစောင်မှာ ငုံလိုက်၊
ဘယ်ဘက်ပါးကို ရိတ်တော့ ဘက်ဘက်ပါးစောင်မှာ ငုံလိုက်နဲ့
လုပ်နေရင်း ဆံသဆရာကို လှမ်းနောက်လိုက်တယ်။

"ခုလိုငုံထားတုန်း
ခင်ဗျားသစ်သားလုံးလေးကိုမျိုချ
မိရင်
ဘယ်လိုလုပ်မလဲ"

ဦးဗိုလ်ကေ ပြန်ပြောလိုက်တာက...
"ကိစ္စမရှိပါဘူးဗျာ။

နောက်နေ့ 'အီး' ပါရင် ပြန်ထွက်လာမှာဘဲ မဟုတ်လား၊
အဲဒီတော့မှရေဆေးပြီး ပြန်လာပေးပေါ့၊
တခြားသူတွေလဲ ဒီလိုဘဲ
ပြန်လာပေးနေကျဘဲဟာ"

"ရွှေဥာဏ်တော် စူးပါပေ့..."


ကိုထုံတစ်ယောက် ဈေးရှေ့မှာ စိတ်ညစ်နေတယ်။
သူဝယ်ထားတဲ့ပစ္စည်းတွေကို
ဘယ်လိုသယ်ရမှန်းမသိဘူးဖြစ်နေလို
့ လေ....
တောင်းတလုံးရယ်၊
အိမ်သုတ်ဆေးတဂါလံပုံးရယ်၊
ကြက်အရှင် ၂ကောင်နဲ့ ဘဲအရှင်က ၎
ကောင်ရယ်လေ။
ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတုံး မိန်းမတေစ်ယောက်ကလာမေးတယ်။

"ခြံအမှတ် ၀၀၇၊

ရေဝတီလမ်းကို သိပါသလားရှင်"

"သိတာပေါ့၊ ကျနော့်ခြံဘေးကပ်လျက် ခြံဘဲ"

"ဒါဆို ဘယ်လိုသွားရမလဲရှင်"

"ကျနော်လဲ အိမ်ပြန်မှာ ကျနော်နဲ့လိုက်ခဲ့လေ၊
ဒါပေမဲ့
ဒီဟာတွေကိုဘယ်လိုသယ်ရမှန်းမသိဘူ
းဖြစ်နေလို့"

"လွယ်လွယ်လေး၊
အိမ်သုတ်ဆေးပုံးကို တောင်းထဲ ထဲ့လိုက်ပြီး ခေါင်းနဲ့ရွက်လိုက်၊
ကြက်တကောင်စီကို လက်မောင်းမှာ ချိပ်လိုက်၊
ဘဲ၂ ကောင်ဆီကိုလက်တဖက်ဆီမှာဆွဲလိုက်"
သူမပြောသလိုလုပ် လိုက်တာ ကိုထုံ တော်တော်အဆင်ပြေသွားတယ်။

အဲလိုနဲ့ အတူတူလျှောက်လာကြရင်း
လမ်းခုလပ် လူပြတ်တဲ့နေရာရောက်တော့ အဲဒီမိန်းမက
ကိုထုံကို စွပ်စွဲပါတော့တယ်။
"ရှင်..ရှင်...ကျမကို လူပြတ်တဲ့လမ်းကနေ ခေါ်လာပြီး
ဗလက္ကာရကျင့်မလို့ မလား"

ကိုထုံက
"ဗျာ...
ကျနော့် ခေါင်းပေါ်မှာ ဆေးပုံးကြီးနဲ့တောင်းကို
ရွက်ထားတယ်
လက်မောင်းမှာလဲ ကြက်တွေချိပ်ထားတယ်၊
လက်နှစ်ဖက်မှာလဲ ဘဲတွေဆွဲထားရတယ်၊
ဒီလိုလူက ခင်ဗျားလေးကို ဘယ်လိုလုပ် ဗလက္ကာရကျင့်လို့ရမလဲဗျာ"
ဒီတော့ အားနွဲတဲ့ မိန်းကလေးက ဘာပြန်ပြောတယ်ထင်လဲ။

"ဘဲတွေကို အောက်ချလိုက်ပြီး ထွက်မပြေးနိုင်အောင်
တောင်းနဲ့ အုပ်လိုက်လေ၊
ဆေးပုံးကို တောင်းအပေါ်ကဖိထားလိုက်၊
ကြက်နှစ်ကောင်ကိုတော့ ကျမ
ကိုင်ထားပေးမယ်"....တဲ့။

Wednesday, June 1, 2011

" အစားမလျှော့ဘဲ ကိုယ်အလေးချိန်ကျစေမည့် နည်းလမ်းများ..."


အစားအသောက်ကို အလွန်အမင်းလျှော့စရာမလိုဘဲ

ကိုယ်အလေးချိန်လျော့ကျလိုပါ သလား။

အစားအသောက်မလျှော့ဘဲ ဝိတ်ကျချင်သူတွေအတွက်

ဘဝနေထိုင်မှုပုံစံတချို့ ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားစေမယ့်

နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက် ပါတယ်။


၁။ အိပ်ရေးဝဝအိပ်ပါ။

မီချီဂန်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ တစ်ညမှာ တစ်နာရီပိုအိပ်တာနဲ့

တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁၄ ပေါင် ကျဆင်းသွားကြောင်း သိရပါတယ်။

အိပ်ရေးဝခြင်းစာ ဆာလောင် စိတ်ကို အထိုက်အလျောက်

တားဆီးပေးနိုင်တာကြောင့် ဖြစ်ပါတယ်။


၂။ အိမ်မှာ စားပါ။

အိမ်မှာ ချက်ထားတဲ့ အစားအစာတွေကို

တစ်ပတ်မှာ အနည်းဆုံး ငါးရက်စားသူတွေဟာ

ခန္ဓာကိုယ် သွယ်လျတတ်ကြပါတယ်။

ဒါဟာ ဆိုင်တွေမှာ ချက်ပြုတ်တဲ့ အစားအသောက်အများစုဟာ

ကျန်းမာရေးနဲ့ မညီ ညွတ်တဲ့ အဆီပါဝင်မှုများတာကြောင့်ပါ။


၃။ အစားကို ဖြည်းဖြည်းချင်းဝါးစားပါ

အစားအသောက်တစ်နပ်စားချိန်ကို မိနစ် ၂၀ ကြာအချိန်ပေးပါ။

အစာစားတဲ့အခါ ဖြည်း ဖြည်းချင်း ကြေညက်အောင် ဝါးစားပေးရင်

ခန္ဓာကိုယ်ကနေ မကြာခင်မှာပဲ ဗိုက်ပြည့် ကြောင်း အချက်ပြပါလိမ့်မည်။

အစားအသောက်ကို အမြန်စားရင်တော့ ဗိုက်ပြည့် ကြောင်း

အချက်ပြသံကို သတိမထားမိဘဲ အလွန်အကျွံစားဖြစ်သွားပါတယ်။


၎။ ဟင်းသီးဟင်းရွက် များများစားပါ

အစာတစ်နပ်စားတိုင်း ဟင်းသီးဟင်းရွက် သုံးမျိုးပါအောင်စားပါ။

အစားအသောက်ကို များများစားရမှ ကျေနပ်တတ်သူတွေအနေနဲ့

ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံကို များများ စားပေးလိုက်တာဟာ

စိတ်ကျေနပ်မှု ရစေသလို ကိုယ်အလေးချိန်ကိုလည်း လျော့ကျ စေနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်နဲ့ အသီး အနှံထဲမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်သာ အဓိကပါဝင်ပြီး

ကယ်လိုရီပါဝင်မှု နည်းပါးတာ ကြောင့်ပါ။


၅။ ကောက်နှံနဲ့ ပြုလုပ်ထားတဲ့ အစာစားပါ။

ဆန်လုံးညို၊ ဘာလီ၊ အုတ်ဂျုံ၊ အညိုရောင် ပေါင်မုန့်စတာတွေဟာ

ဝိတ်လျှော့လိုသူတို့ အတွက် အသင့်တော်ဆုံးပါပဲ။

အကြောင်း ကတော့ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစားအသောက်တွေဟာ

ကယ်လိုရီပါဝင်မှု နည်းပြီး ခန္ဓကိုယ်ထဲမှာ ကောင်းတဲ့

ကိုလက်စထရော မြင့်တက်စေတာကြောင့်ပါ။


၆။ ဝက်ပေါင်ခြောက် ရှောင်ပါ။

နံနက်စာစားတဲ့အခါနဲ့ ဆင်းဒဝစ်ရှ် စားတဲ့ အခါ

ဝက်ပေါင်ခြောက်မစားပါနဲ့။

ဝက်ပေါင် ခြောက်နှစ်ချောင်းမှာ ကယ်လိုရီ ၁၀၀ လောက် ပါဝင်တဲ့အတွက်

တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁၀ ပေါင် တက်လာနိုင်ပါ တယ်။

ဟမ်ဘာဂါ ဒါမှမဟုတ် ဆင်းဒဝစ်ရှ် စားတဲ့အခါ

ဟင်းသီးဟင်းရွက် ပါဝင်တာ ကိုသာ ရွေးစားပါ။


၇။ သကြားမစားရပါ။

အချိုရည်အစား ရေပြောင်းသောက်လိုက်ရင်

သကြားလက်ဖက်စားဇွန်း ၁၀ဇွန်းလောက် ရှောင်ရှားရာ ရောက်ပါတယ်။

သကြားဟာ ကိုယ်အလေးချိန်တက်စေတဲ့အပြင်

စိတ်ကိုပါ ထိုင်းမှိုင်းညစ်နွမ်းသွားစေပါတယ်။


၈။ အယ်လ်ကိုဟော ပမာဏ ကန့်သတ်ပါ။

အရက်ပါတဲ့ လူမှုရေးဝိုင်းတွေသွားတဲ့အခါ

ကော့တေး၊ ဘီယာ၊ ဝိုင်၊ အရက် စတာ တွေကို

အရင်ဆုံး လက်လှမ်းမယ့် အစား ရေကို အရင်ဆုံးသောက်ပါ။

အရက်သောက် မိသွားတဲ့အခါ အရက်ကြောင့် ကယ်လိုရီရရှိ စေတဲ့အပြင်

အာဟာရတန်ဖိုးနည်းတဲ့ အစား အသောက်တွေကိုပါ

မဆင်ခြင်ဘဲ စားမိသွားစေနိုင်ပါတယ်။


၉။ လက်ဖက်စိမ်းလက်ဖက်ရည် သောက်ပါ။

လက်ဖက်စိမ်းလက်ဖက်ရည်သောက်တာဟာ

ကိုယ်အလေးချိန် လျော့ကျ စေမယ့် နည်းလမ်း ကောင်းတစ်ခုပါပဲ။

လက်ဖက်စိမ်း လက်ဖက်ရည်ဟာ ခန္ဓာကိုယ်ရဲ့ ကယ်လိုရီ လောင်ကျွမ်းစေတဲ့

ဇီဝရုပ်ဖြစ်ပျက်မှုကို အား ကောင်းစေတာကြောင့်ပါ။

လက်ဖက်စိမ်း လက်ဖက်ရည် ပမာဏအနည်းငယ်သောက် ရင်တောင်

စိတ်ကို လန်းဆန်းသွားစေနိုင် ပါတယ်။


၁၀။ ယောဂကျင့်ပါ။

ယောဂကျင့်တဲ့ အမျိုးသမီးတွေဟာ

ယောဂ မကျင့်သူတွေထက် ကိုယ်အလေးချိန် လျော့ နည်းကြကြောင်း

အမေရိကန်အာဟာရ အဖွဲ့ အစည်းက ဆိုပါတယ်။

အကြောင်းကတော့ ယောဂကျင့်သူတွေဟာ အစားအသောက်ကို

အလွန်အကြူးစားတတ်တဲ့ အကျင့်မရှိကြ တာကြောင့်ပါ။

ယောဂကျင့်တာကြောင့် စိတ်ညစ်ငြိမ်အေးချမ်းနေတဲ့အတွက်

အစားအသောက်ကိုလည်း သင့်တင့်တဲ့ ပမာဏသာ

စားသောက်လေ့ရှိတာဖြစ်နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။


၁၁။ သကြားမပါသော ပီကေဝါးပါ။



၁၂။ တစ်နေ့မှာ ကယ်လိုရီ ၁၀၀ လောင်ကျွမ်းအောင်လုပ်ပါ။


အစားမလျှော့ဘဲ တစ်နှစ်မှာ ကိုယ်အလေး ချိန် ၁၀ ပေါင် ကျချင်ရင်

တစ်နေ့မှာ ကယ်လိုရီ ၁၀၀ ကျဖို့အတွက်

မိနစ် ၂၀ကြာ တစ်မိုင်လမ်းလျှောက်ခြင်း၊

မိနစ် ၂၀ကြာ ဥယျာဉ်စိုက်ပျိုးခြင်း၊

မိနစ် ၃၀ကြာ အိမ်သန့် ရှင်းရေးလုပ်ခြင်း၊

၁၀မိနစ်ကြာ လမ်းအမြန် လျှောက်ခြင်း

စတဲ့ နှစ်သက်ရာ လှုပ်ရှားမှုတစ်ခုလုပ်ဆောင်ပါ။


၁၃။ အသားမပါတဲ့ အာဟာရကို မကြာခဏစားပါ။

သက်သက်လွတ်စားတာဟာ ကိုယ်အလေးချိန်သွယ်လျစေကြောင်း

Web MD သုတေသန အရ သိရပါတယ်။

ပျမ်းမျှအားဖြင့် သက်သတ်လွတ်စားသူတွေဟာ

အသားစားသူတွေထက် ၂၀ ရာခိုင်နှုန်းကိုယ်အလေးချိန်

လျော့ကျနေတတ်ပါတယ်။

ပဲနီလေးစွပ်ပြုတ်၊ ပဲအမျိုးမျိုး ပါတဲ့ ဟင်းလျာတွေဟာ

အမျှင်ဓာတ်ပါဝင်ပြီး အာဟာရဓာတ်ရရှိစေကာ

ခန္ဓာကိုယ်သွယ်လျ ကျန်းမာစေပါတယ်။


(မြန်မာပြည်မှ ရှေ့နေမလေး မနီဝမ်းမှ ကျေးဇူးပြုပါတယ်)


" ရရာအလုပ်ကို လုပ်သင့်သလား..."


ကျနော်တို့တောရွာဟာ မွန်ပြည်နယ်ထဲမှာရှိပါတယ်။

မော်လမြိုင်နဲ့ရေး မီးရထားလမ်းဘေးမှာလည်း ရှိနေတဲ့ရွာလေးတစ်ရွာဖြစ်ပါတယ်။

တစ်ချိန်တုန်းက အမဲရောင်နယ်မြေဖြစ်တာမို့ ကျီးလန့်စာစာဖြစ်ခဲ့ပါတယ်။

စစ်တပ်နဲ့သူပုန်တပ်တွေကြားမှာ ရွာသားတွေကတော့ မြေဇာပင်ပါပဲ။

အဲဒီအတွက်ကြောင့်လည်း ကျနော်တို့မိဘများဟာ တောရွာကလေးကနေ ရန်ကုန်မြို့ကိုပြောင်းရွေ့အခြေချနေထိုင်ဖြစ်သွားခဲ့ပါတယ်။

ကျနော်တို့မိသားစုကတော့ အစောဆုံးပြောင်းရွေ့နေထိုင်သူများဖြစ်တာကြောင့်

နောက်ပြောင်းရွေ့သူများဟာ ကျနော်တို့အိမ်မှာနေထိုင်ပြီးမှ အခြားကိုပြောင်းရွေ့ကြပါတယ်။

ကျနော်တို့ငယ်စဉ်က အိမ်မှာ အယောက်နှစ်ဆယ်ပတ်ဝန်ကျင်ကတော့ အမြဲတမ်းရှိနေတတ်ပါတယ်။

ကျနော်တို့မိသားစုက ခုနှစ်ယောက်ရှိတာမို့ ဖေဖေရဲ့လုပ်ခလစာတစ်ခုထဲနဲ့

လူသုံးဆယ်ဝန်ကျင်ကိုကျွေးထားနိုင်တဲ့အချိန်တစ်ချိန်ရှိခဲ့ဖူးပါတယ်။

လာရောက်သူတွေထဲမှာ ယောကျာ်းအရေအတွက်ထက် မိန်းမအရေအတွက်က များပါတယ်။

ငယ်သေးချိန်မို့ လူများတာကိုပျော်ခဲ့ဖူးပါတယ်။

အလုပ် သက်သာတဲ့အတွက်ကြောင့်ဖြစ်တယ်။

လာရောက်ကြတဲ့သူတွေထဲမှာ ကိုအေးဖေဆိုတဲ့ ၂၅-နှစ်ဝန်ကျင်ရှိသူတစ်ယောက်ကတော့

အမေရဲ့နှစ်ဝမ်းကွဲမောင်တော်ပါတယ်။

သူက ရန်ကုန်မြို့ကိုရောက်လာပြီး၊သုံးလေးလကြာတဲ့အထိ

အလုပ်ကမရတော့ အမကိုအားနာလာပါတယ်။

မိုးလင်းတာနဲ့အလုပ်ရှာထွက်သွားပါတယ်။

မိုးချုပ်မှ ပြန်လာတဲ့ရက်တွေလည်းရှိလာပါတယ်။

အမေက “ အလုပ်ကရှာရင် ခက်တတ်တယ်။

အေးအေးဆေးဆေးရှာပါ။ ငါ့တို့မိသားစုကို အားမနာပါနဲ့။”

လို့အားပေးပေမယ့် သူကတော့မနားမနေအလုပ်ရှာပါတယ်။

တစ်နေ့တော့ ဝမ်းသာအားရပြောတယ်။

“ အမ ကျနော်အလုပ်ရလာပြီ၊

လခလည်းကောင်းတယ်။

ခဏပဲလုပ်ရတယ်။

အလုပ်ကတော့ ညအလုပ်ပါပဲ။”

“ ဟဲ…ဘာအလုပ်လဲ။သေသေချာချာပြောမှပေါ့ ”

အမေကတိတိကျကျမေးတော့ သူကောင်းကောင်းမဖြေချင်ပါ။

အမေက သုံးလေးကြိမ်မေးတော့မှ မိလ္လာကျုံးရတဲ့အလုပ်ဖြစ်ကြောင်းကို

မပြောချင်ပြောချင်နဲ့ပြောလာပါတယ်။

“ အမဆီမှာ ကျနော်စားရတာ အားနာလာလို့

ရရာအလုပ်ကို လုပ်ဖို့ကျနော်ဆုံးဖြတ်လိုက်ပြီ။”

“ ငါ့ကိုအားနာလို့ ကိုယ့်အတွက် မသင့်တော်တဲ့အလုပ်တော့မလုပ်ပါနဲ့ကွယ်။

မင်းတစ်ယောက်ကို ကျွေးထားရလို့ ငါ့အဖို့ပိုပြီးအပန်းမကြီးတော့ပါဘူး

ငါ ကျွေးထားနိုင်ပါတယ်။

မင်းရဲ့အလုပ်တစ်ကိုရွေးရင် သမ္မာအာဇီဝလည်းကျဖို့လိုတယ်။

ပြီးတော့ကိုယ့်အတွက် အန္တရာယ်လည်းကင်းဖို့လိုတယ်။

ကိုယ့်ကျန်းမာရေးအတွက်ကောင်းဖို့လည်းလိုတယ်။

ကုသိုလ်၊ပညာ၊ငွေကြေးဥစ္စာရတဲ့အလုပ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

အဲဒါနဲ့ချိန်ဆကြည့်ပေါ့။

လုပ်ချင်စိတ်ရှိရင် အလုပ်ကမရှားပါဘူး။

စိတ်ရှည်တယ်ဆိုရင် ကိုယ်နဲ့သင်တော်တဲံအလုပ်တစ်ခုက ရလာမှာပါ”

လို့အမေကစိတ်ရှည်ရှည်ရှင်းပြပါတယ်။

“ ကျနော်က တောမှာ လယ်ပဲလုပ်ခဲ့ရတော့ ဘာပညာမှ မတတ်ဘူး။

ဒါဟာ ကျနော်နဲ့သင့်တော်တဲ့အလုပ်ဖြစ်မယ်ထင်ပါတယ်။”လို့ပြောတယ်။

အမေအတန်တန်တားပါသေးတယ်။

သူကလည်းသူ့စိတ်ကူးနဲ့သူဆိုတော့ အမေရဲ့စကားကို နားမဝင်နိုင်ပါ။

အဲဒီအလုပ်ကို လုပ်ဖြစ်သွားပါတယ်။

အလုပ်ကိုလုပ်ပြီးမကြာခင်မှာပင် အိမ်ပြောင်းသွားပါတယ်။

တစ်လကြာတော့ အိမ်လာလည်တယ်။ အရက်နံ့ရနေပြီ။

အမေက “ဘာကြောင့် အရက်သောက်ရသလဲ”

လို့မေးတော့

“မစင်ရဲ့အနံ့အသက်ကို မခံနိုင်လို့သောက်ရတယ်။

လုပ်တဲ့လူတိုင်းသောက်ကြရတယ်။”

လို့ပြောတယ်။

နောက်နှစ်လအကြာမှာလာတော့ သူ့ရဲ့ကိုယ်ခန္ဓာမှာ

အရေပြားအနာများအနှံ့အပြားဖြစ်နေပါတယ်။

မစင်ရဲ့အနံ့အသက်ကလည်း စွဲနေတာကို သတိပြုမိပါတယ်။

သူဟာ တဖြည်းဖြည်းအလာကျဲသွားတယ်။

နောက်လအတန်ကြာတော့ ကိုအေးဖေတစ်ယောက်

ကွယ်လွန်သွားကြောင်းကိုသာကြားရတယ်။

သူရွေးချယ်တဲ့လမ်းကို သူလျှောက်သွားရတဲ့သဘောဖြစ်နေပါတယ်။

+++++++

အခု ကျနော်အမေရိကားကို မမျှော်လင့်ပဲရောက်လာခဲ့ပါတယ်။

သုံးလကျော်ပြီး အလုပ်ကမရသေး။

အနီးနေသူတွေက ရရာအလုပ်လုပ်ဖို့ ဖိအားအမျိုးမျိုးပေးကြတယ်။

အမေရိကန်ရဲ့လူနေမှုစံနစ်ထင်ပါရဲ့။

အလုပ်မရွေးပါဘူးဆိုလည်း အလုပ်ရှားနေတဲ့ခေတ်ဖြစ်တာမို့

အလုပ်ကလွယ်လွယ်ကူကူမရနိုင်ခဲ့ပါ။

ကိုအေးဖေကို သွားသတိရမိပါတယ်။

ရရာအလုပ်ကို လုပ်သင့်ပါသလား?

Tuesday, May 31, 2011

" ဘာကြောင့်ပြောင်းလဲသွားပါလိမ့်..."


ကျနော်ငယ်ငယ်တုန်းက

ပန်းခင်းတွေထဲဖြတ်ပြီးမကြာခဏ ခရီးသွားဖူးပါတယ်။

ပန်းတွေရဲ့အလှကို မခံစားတတ်ပါ။

လက်ထဲမှာ ပါလာတဲ့ တုတ်တစ်ချောင်းနဲ့

ဟိုရမ်းဒီရမ်းလုပ်တတ်ပါတယ်။

ပန်းပွင့်တွေကို ပျက်စီးစေချင်တာမျိုးလည်းမဟုတ်ပါပဲ

လက်ဆော့တတ်ပါတယ်။

ဒီလိုလုပ်ရင် ဘာတွေဖြစ်မလဲဆိုတာကို

သိချင်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ကျနော့်ရဲ့တုန်ချက်ကြောင့်

ပန်းပွင့်တွေ ကြွေကျပျက်စီးကုန်ပါတယ်။

ပန်းပွင့်တွေ ပြန့်ကျဲပြီး ကြွေကျတာကို

ကြည့်ပြီး ပျော်ခဲ့ဖူးပါတယ်။

ပန်းပိုင်ရှင်လိုက်တဲ့အတွက်လည်း ပြေးခဲ့ဖူးပါတယ်။


နောက် နည်းနည်း အသက်အရွယ်

ရောက်လာတဲ့အခါမှာ

ငယ်ငယ်တုန်းကလို

လက်ဆော့ဖျက်ဆီးတာမျိုးကို မလုပ်ချင်တော့ပါ။

လှတဲ့ပန်းလေးတွေကိုခူးပြီး

ပန်းအိုးမှာ အလှထိုးတတ်လာပါတယ်။

ပန်းတွေကို ခူးပြီး ဘုရားမှာ

ပန်းကပ်တာတွေလည်း လုပ်တတ်လာပါတယ်။


အခုတော့

အသက်အရွယ်ကြီးပြီးလို့ဆိုရမလားမသိပါ။

ပန်းတွေကို မဖျက်ဆီးချင်တတ်သလို

ပန်းတွေကိုလည်း မခူးချင်တော့ပါ။

ပန်းလေးတွေကို

သဘာဝအတိုင်း သူ့အပင်ပေါ်မှာပဲ

ပွင့်နေစေချင်တယ်။

လှနေစေချင်တယ်။

သူ့သဘာဝအတိုင်း လှပနေတာကိုပဲ

ကြည့်ပြီးကြည်နူးနေချင်မိတယ်။


ပန်းပွင့်တွေဟာ ပန်းပင်ပေါ်မှာပဲ

သဘာဝအတိုင်း လှပနေတာကို

ကြည့်ကြည့်ပြီး

ပိုပိုပြီးကြည်နူးနှစ်သက်ရတာကိုက

အဓိပ္ပာယ်ရှိလာတယ်လို့

ပိုပိုပြီး ထင်လာမိပါတယ်။


အသက်အရွယ်ကြောင့်လား၊

အသိဥာဏ်ကြောင့်လား၊

ဘာကြောင့်များပြောင်းလဲသွားပါလိမ့် !



Monday, May 30, 2011

" အဓိက,ကစိတ်နေသဘောထားပါ…"


ကာရိုးလိုင်းနား(မြောက်)ရဲ့နာမည်ကြီး ကောလိပ်တစ်ခုတွင်

ချိုင်းထောက်နဲ့ကျောင်းတက်နေတဲ့ကျောင်းသားလူငယ်တစ်ဦးရှိပါတယ်။

သူဟာ ပတ်ဝန်းကျင်နဲ့အံဝင်ခွင်ကျအောင်နေနိုင်သူတစ်ဦးဖြစ်ပါတယ်။

အပေါင်းအသင်းများနဲ့လည်း အစဉ်ပြေပြေနေတတ်ပြီး

အကောင်းမြင်စိတ်လည်း ရှိသူတစ်ဦးဖြစ်ပါတယ်။

သူဟာ ပညာထက်မြက်ထူးချွန်တဲ့အတွက်လည်း

ဂုဏ်ပြုမှုအမျိုးမျိုးကိုခံခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။

အဲဒါကြောင့် အတန်းသားများက သူ့အပေါ်ချစ်ခင်လေးစားတန်ဖိုးထားကြပါတယ်။


တစ်နေ့မှာတော့ သူရဲ့မသန်စွမ်းဖြစ်ရတဲ့အကြောင်းကို မေးကြည့်မိပါတယ်။

“ ငယ်ငယ်ကတည်းက အကြောသေသွားတာပါ”

လို့တိုတိုပင် ပြန်ဖြေပါတယ်။


“ ဒီလောက် ကံဆိုးနေတာတောင်

ခင်ဗျားက လောကကို အပြုံးမပျက်ရင်ဆိုင်နိုင်တာ တွေ့ရတော့

တော်တော် ချီးကျူးမိပါတယ်။

အဲဒီလို ရင်ဆိုင်နိုင်တာဟာ ဘာကြောင့်လဲ”

လို့ ဆက်မေးဖြစ်ပါတယ်။

“ အို…ရောဂါက ကျနော့်ရဲ့စိတ်နှလုံးကို လာပြီး မရိုက်ခတ်ပါဘူး။

ကျနော်စိတ်နှလုံးကလည်း ရောဂါကို လာခွင့်မပြုပါဘူး။

အဲဒါကြောင့်ပါ”

လို့

ပြုံးပြုံးလေးပြန်ဖြေပါတယ်။


Sunday, May 29, 2011

" ဆန္ဒတွေ စောလိုက်ကြတာ..."


တစ်ခါတုန်းက

လူငယ်ဇနီးမောင်နှံနှစ်ဦးတို့ရဲ့အခန်းထဲမှာ ဆူညံနေပါတယ်။

သူတို့ဟာ ပဉ္စမထပ်မှာ နေကြပါတယ်။

အိမ်နီးချင်းတွေက ဝရန်တာထွက်ပြီး နုားစွင့်နေကြပါတယ်။

“ ကောင်လေးက သူ့မိန်းမကို ရိုက်တော့မယ်ထင်တယ်။

တို့တစ်ခုခုလုပ်ရင် ကောင်းမယ်ထင်တယ်”

“ ဟုတ်တယ်၊ ဟုတ်တယ်၊

ဒီလိုရိုက်ရအောင် သူ့ဇနီးက သစ်သားနဲ့လုပ်ထားတာ မဟုတ်ဘူး။

လူကတော့-အေးပါတယ်လေ၊

သူတို့လင်မယား ရန်ဖြစ်တာတို့နဲ့ ဘာဆိုင်တာမှတ်လို့”

အခန်းဆီမှ ထိခိုက်သံ၊ ကျကွဲသံများ၊ ပိုကြားလာရပါတယ်။

အဲဒီနောက် အသံတွေလျှော့သွားပြီး တေးဂီတသံကြားလာရပါတယ်။

တေးသံမှာ သိပ်မကျယ်ပါ။

ဒါပေမယ့်

“ ငါတော့ လောင်းရဲတယ်။

သူ့မိန်းမ ငိုသံမကြားရအောင် တမင်သီချင်းဖွင့် တာဖြစ်ရမယ်၊

ဒါမှ အခြားသူတွေ သူ့မိန်းမငိုသံမကြားမှာပေါ့ ”

အဲဒီနောက် အသံဗလံတွေ တိတ်သွားပြန်ပါတယ်။

“ ကျမတို့ရဲကို အကြောင်းကြားရင် ကောင်းမယ်ထင်တယ်၊

ဖြစ်နိုင်တာကတော့…”

အဲဒီအချိန် မှာပင် အဖိုးတစ်ဦးဟာ

အမျိုးသမီးများ တစ်ယောက်တစ်ပေါက် ထင်ကြေးပေးနေတဲ့ကြားမှ

“ ခင်ဗျားတို့တစ်တွေ ဒီလူငယ်ဇနီးမောင်နှံလုပ်ချင်တာကို

ဘာကြောင့် လုပ်ခွင့်မပေးတာလဲ”

လို့မေးပါတယ်။

“ တကယ်တော့ သူတို့ဇနီးမောင်နှံ ပရိဘောဂတွေ ရွှေ့နေတာဖြစ်နိုင်တာပေါ့ ”

လို့ပြောပါတယ်။

“ ဒါပေမယ့် အဖိုးရယ် ကျမတို့ ညည်းသံတွေ၊ သက်ပြင်းချသံတွေ ကြားနေရတယ်”

“ ကြားတော့ ဘာဖြစ်လဲ၊

တို့တစ်တွေလည်း ညည်းတတ်တာပဲ၊

ပင်ပန်းရင် သက်ပြင်းချတာပဲ ”

အဲဒီအချိန်မှာပဲ ရုတ်တရက် တံခါးပွင့်လာပါတယ်။

ချစ်စရာကောင်းတဲ့ ဇနီးမောင်နှံဟာ အပြင်ဟာ အပြင်ထွက်လာပါတယ်။

အမျိုးသမီးလေးက အိမ်နီးချင်းအားလုံးအား ချစ်စဖွယ်ပြုံးပြပါတယ်။

အိမ်နီးချင်းတွေအားလုံး စုပြုံနေတာတွေ့တော့

“ တစ်ခုခုများဖြစ်သလားရှင်၊

စိုးရိမ်စရာ မဟုတ်ဘူးတော့ ထင်ပါတယ်”

လို့ပြောပါတယ်။

ဘယ်သူမှ ဘာပြန်ပြောရမှန်းမသိပါ။

အဲဒီအချိန်မှာ အဖိုးက

“ တို့တစ်တွေ မချိန်းဘဲ အပြင်ကို ပြိုင်တူထွက်မိတာပါ”

လို့ပြန်ဖြေလိုက်ပါတယ်။

“ ဒီလိုဆို ကောင်းပါလေရဲ့၊

ကျမကတော့ တစ်ခုခုများ ဖြစ်ခဲ့သလားလို့ပါ။

ဒါပေမယ့် အိမ်နီးချင်းကောင်းတွေ

ကို ကျမတောင်းပန်ချင်တာရှိပါတယ်။

ကျမတို့ရဲ့အခန်းထဲ အသံဗလံတွေ လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်။

ကျမတို့လင်မယား အိမ်ထောင်ပရိဘောဂတွေ ရွှေ့ကြတာပါ။

တိုက်မိပြီး မီးအိမ်တစ်လုံး ကျကွဲသွားပါတယ်။

အခု ကျမတို့ မီးအိမ်အသစ်တစ်လုံး အပြင်ထွက်ဝယ်မလို့ပါ”

လို့ ရှင်းပြပါတယ်။

လူငယ်ဇနီးမောင်နှံ အပြင်ထွက်သွားတာကို ကြည့်ရင်း အဖိုးက ပြုံးပါတယ်။

ရပ်ကြည့်နေသူများက

“ဒီဇနီးမောင်နှံက အတွဲညီပြီး ကြည့်ကောင်းလိုက်တာ”

လို့ပြောကြပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com