Saturday, February 19, 2011

‘ဒါနကောင်းကျိုး…”



မြတ်စွာဘုရားက...

ဒါနနဲ့ပတ်သက်ပြီး ဟောတော်မူသည်မှာ...


ချစ်သား ချစ်သမီးတို့ ပေးကမ်းစွန့်ကြဲကြခြင်း

ဒါနစေတနာ၏ကောင်းကျိုးကို သတ္တဝါတို့သည်

ငါဘုရားသိသလောက် သိကြမည်ဆိုလျှင် မိမိစားအပ်သော

အစားအစာမှ သူတစ်ပါးတို့အား ခွဲဝေမပေးဘဲ

မစားနိုင်ကုန်ရာ။


ဝန်တိုခြင်း ( မစ္ဆရိယ ) အညစ်အကြေးသည်လည်း

ထိုသတ္တဝါတို့၏ စိတ်ကို

ထက်ဝန်းကျင်မှ နှိပ်စက်လွှမ်းမိုး၍ မတည်ရာ


မိမိစားသုံးမည့် တစ်ခုသော ပန်းကန်မှ တစ်ဝက်မျှကို

အဘယ်ကြောင့် မပေးနိုင်အံ့နည်း။

ဥစ္စာပစ္စည်းကို တင်းတိမ်အောင်

အဘယ်မှာရနိုင်အံ့နည်း။


ဥစ္စာပစ္စည်းရှိမှ လှူမည်ဟုဆိုခြင်းသည်

လူမိုက်တို့၏ စကားဖြစ်၏။


တတ်နိုင်သမျှ ဖဲ့၍ လှူဒါန်းရမည်။


မေတ္တာရှင်(ရွှေပြည်သာ)

ဆရာကောင်းကို ရှာဖွေခြင်းစာအုပ်မှ

Friday, February 18, 2011

“ ဆုတောင်း…”



“ ဘယ်လို အာရုံမျိုးနဲ့တွေ့တွေ့

ကုသိုလ်ဖြစ်အောင်

နှလုံးသွင်းတတ်တဲ့ပုဂ္ဂိုလ်

ဖြစ်ရပါလို၏ အရှင်ဘုရား...”


( ညောင်တုန်းမြို့၊

ရွှေဟင်္သာတောရပထမစံကျောင်း၊

ဆရာတော်ဘုရားကြီး၊ )

Thursday, February 17, 2011

“ နေနဲ့လ…”



ကျောင်းသားနှစ်ယောက် အမြင်ချင်းဖလှယ်နေကြတယ်။

နေနဲ့လ ဘယ်ဟာက ပိုကောင်းသလဲ

ဆိုတာနဲ့ပတ်သက်ပြီး ပြောနေကြတယ်။


တင့်ဆွေက

ငါကတော့ ကို ပိုကြိုက်တယ်။

ကြည့်လေ၊

နေဆိုတာ နေ့ပိုင်းမှာပေါ်တယ်။

နေ့ပိုင်းမှာ နေမရှိလည်း အားလုံးကို မြင်ရတယ်။

အဲ….လကျတော့ မှောင်တဲ့အချိန် ညပိုင်းကျမှ

ပေါ်လာပြီး အလင်းရောင်ကိုပေးတယ်


ဝင်းဟိန်းက

ငါလည်း ကိုပိုကြိုက်တယ်။

မင်းပဲ စဉ်းစားကြည့်၊

လတိုင်း လတိုင်း ငါ စတိုင်ပင်ရတယ်။

ဒီကိစ္စမှာ နေဟာ ဘာမှ မပတ်သက်ဘူး

Wednesday, February 16, 2011

“ ဂုဏ်သိက္ခာကို ထိန်း...”


တစ်ခါတုန်း နာမည်ကျော်အမေရိကန်စာရေးဆရာကြီးမတ်တွိန်း

ဟာ စီးပွားရေးလုပ်ငန်းတစ်ခုကို သွားရောက်လုပ်ကိုင်ရာ

ရှိသမျှဥစ္စာဆုံးရှုံးပြီး အကြွေးအများအပြားနဲ့ ကျန်ရစ်ပါတယ်။


သူဟာ တင်သမျှ ကြွေးကိုကျေအောင်ဆပ်မယ်ဆိုတဲ့ စိတ်နဲ့

အလုပ်လုပ်ပေမယ့် သုံးနှစ်ကြာသွားတယ်။

အကြွေးကမကျေနိုင်သေးဘဲ ဖြစ်နေပါတယ်။


သူဟာ နာမည်ကျော်ကြားတဲ့ စာရေးဆရာဖြစ်ပြီး၊

စာဖတ်သူတို့ အလွန်ချစ်ခင် နှစ်သက်သူ၊

တိုင်းပြည်က လေးစားကြည်ညိုသူတစ်ဦးဖြစ်ရာ

လူသိထင်ရှားဖြစ်နေတဲ့ သူ့အခက်အခဲကို

ကူညီဖြေရှင်းပေးဖို့အတွက် သတင်းစာတစ်စောင်က

ဦးဆောင်ပြီးရန်ပုံငွေ ကောက်ခံကြတယ်။

လူအများအပြားအပါအဝင်

ချမ်းသာသူရော၊

အရေးပါအရာရောက်သူရော လူအများအပြားတို့က

ငွေကြေး အမြောက်အများထည့်ဝင်လှူဒါန်းကြပါတယ်။

အဲဒီရန်ပုံငွေကရတဲ့ငွေကြေးဟာ

အကြွေးပေးဆပ်ဖို့ လုံလောက်တဲ့ ငွေကြေးဖြစ်နေပါတယ်။


အဲဒီရန်ပုံငွေကို လက်ခံလိုက်ရင် အကြွေးကို

ဆပ်ပြီးသားဖြစ်နိုင်ပါတယ်။

ဒါပေမယ့် မတ်တွိန်းက လက်မခံပါ။

စေတနာရှင်တို့ရဲ့ကူညီငွေ အားလုံးကို

ပြန်လည် ပေးလိုက်ပါတယ်။

မိမိကိစ္စကို မိမိဘာသာဖြေရှင်းမယ်ဆိုတဲ့စိတ်ဓါတ်ကြောင့်

ပြန်လည်ပေးလိုက်ခြင်းဖြစ်တယ်။


နောက် ခုနစ်လအကြာမှာတော့

သူရဲ့စာအုပ်သစ်တစ်အုပ် အကြီးအကျယ်

အောင်မြင်သွားတဲ့အတွက်

သူ့ရဲ့ကြွေးများကို အားလုံး ပြီးပြေအောင်

သူပေးဆပ်နိုင်ခဲ့ပါတယ်။


အဓိက ကတော့

ကိုယ့်ရဲ့ဂုဏ်သိက္ခာကို

ကိုယ် လေးစားခြင်းဖြစ်သလို

ကိုယ် တန်ဖိုးထားခြင်းလည်း ဖြစ်တယ်။

ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားလေးစားခြင်းဆိုတာ

လူတိုင်းနဲ့သက်ဆိုင်သောကိစ္စဖြစ်တယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com