Monday, November 14, 2011
" အမေ့ထံသို့ပေးစာများ-၂၁..."
Sunday, November 13, 2011
" တစ်ခါပေါက် တစ်ထောင်..."

ကျနော့်ရဲ့ဇနီးအား အလုပ်ကို ကားနဲ့အကြိုအပို့လုပ်ပေးရပါတယ်။
ကားမောင်းသွားတိုင်းတောင်ကုန်းတစ်ခုကိုဖြတ်သွားရပါတယ်။
တောင်ကုန်းရဲ့အဆင်းတွင် ကားလမ်းဘေးတွင်ဆိုင်းပိုဒ်တစ်ခုကိုတွေ့ရပါတယ်။
"သေးတစ်ခါပေါက် ဒေါ်လာတစ်ထောင်"
ဒေါ်လာတစ်ထောင်ဆိုတာ မြန်မာငွေနဲ့ဆိုရင်
ဆယ်သိန်းဝန်ကျင်ပဲ။
များလိုက်တဲ့ဒဏ်ငွေကြီးပါလား။
ဒါကိုတွေ့တော့
ကျနော် ဖါးကန့်မှာနေစဉ်တုန်းကအဖြစ်အပျက်တစ်ခုကိုသတိရမိပါတယ်။
ကျနော်တို့ ရန်ကုန်ကအမေ့ထံပြန်ချင်ရင်
ဖါးကန့်က ဟိုပင်ဘူတာအထိကားစီးရပါတယ်။
တစ်နေ့ကုန်အောင် ကားစီးရတဲ့ခရီးဖြစ်တယ်။
ဟိုပင်ဘူတာကမှ မန္တလေးအထိရထားကိုစီးရတယ်။
မန္တလေးက ရန်ကုန်ကိုတော့ ရထားစီးစီး၊ကားစီးစီး၊လေယာဉ်စီးစီးအစဉ်ပြေတယ်။
ကျနော်တို့အဖွဲ့တွင် ကချင်တိုင်းရင်းသားကိုဇော်မှိုင်းပါလာတယ်။
ကျနော်တို့က ကိုဇော်လို့သာခေါ်ပါတယ်။
ဟိုပင်ဘူတာရောက်တော့ တစ်နေကုန်ကားစီးထားရတဲ့အတွက်
ကိုဇော်က ဆီးအောင့်နေပုံရတယ်။
ဒါနဲ့ပဲ ဟိုပင်ဘူတာရဲ့ရထားတွဲကြားတွင်
ကိုဇော်က ဆီးသွားပါတယ်။
ဆီးသွားနေတုန်းမှာပင်
ဘူတာမှ လုံခြုံရေးအဖွဲ့ဝင်တစ်ယောက်က
ရုတ်တရက်သူ့ရဲ့လည်ကုတ်ကိုရုတ်တရက်လှမ်းဆွဲပြီးဖမ်းပါတယ်။
"မင်း ဟိုမှာကြည့်စမ်း"
ကိုဇော်ကလှမ်းကြည့်လိုက်ပါတယ်။
"ဆီးမပေါက်ရ။
တစ်ခါပေါက် တစ်ထောင်ကျပ်။"
ဆိုတဲ့ဆိုင်းပိုဒ်ကိုတွေ့ရပါတယ်။
ဒါနဲ့ပဲ ကိုဇော်ကိုဖမ်းခေါ်သွားပါတယ်။
ကျနော်တို့လည်းနောက်က အကူအညီပေးနိုင်အောင်လိုက်သွားပါတယ်။
ဘူတာရုံထဲတွင်နေ့ချင်းပြီးတရားရုံးက အမှုကိုစစ်ဆေးပါတယ်။
ကိုဇော်ကလည်းသေးပေါက်မိကြောင်းဝန်ခံတော့
တရားသူကြီးက
" အပြစ်ကျူးလွန်သူမောင်ဇော်မှိုင်းအား
ငွေဒဏ်တစ်ထောင်ကျပ်ကျခံစေ"
လို့အမိန့်ချလိုက်ပါတယ်။
ကိုဇော်က ငွေကိုအိတ်ထဲမှထုတ်နေစဉ်ပြန်ပြောလိုက်တာက...
" ကျနော်သေးပေါက်နေတုန်း ဖမ်းလိုက်တဲ့အချိန်မှာ
သေးလန့်သွားပြီးရပ်သွားပါတယ်။
အဲဒီအချိန်မှာသေးက တစ်ဝက်ပဲပြီးပါသေးတယ်။
ဒါကြောင့် ဒဏ်ငွေ ငါးရာကျပ်သာပေးနိုင်ပါတယ်"တဲ့။


Saturday, November 12, 2011
" စိတ်ဓာတ်မကျချင်ရင်..."

စိတ်ဓာတ်မကျချင်ရင်
အရည်အချင်းကို အမြဲတမ်း မြှင့်တင်ပေးပါ။
++++++++++++++++++
အတိတ်က ဘာဘဲဖြစ်ခဲ့၊ဖြစ်ခဲ့
ရှေ့လျှောက်ပိုကောင်းလာဖို့ဟာ
ငါ့တာဝန်ပဲဆိုတာကို လက်ခံတယ်။
ကိုယ့်ဘဝမှာ ဖြစ်သမျှ အကောင်း၊အဆိုး
အားလုံး ကိုယ့်မှာတာဝန်ရှိတယ်…
ဆိုတဲ့သဘောထားမျိုးကိုလည်း ထားရမယ်။
++++++++++++++++++
နှောင်းကြိုးမပါပဲ ဘာမှ ပြန်မမျှော်လင့်တဲ့စေတနာနဲ့
အများအကျိုးကိုဆောက်ရွက်နိုင်ရင်
အဲဒီလွတ်လပ်တဲ့မေတ္တာဟာ
အင်မတန်ကောင်းတဲ့ဆေးဖြစ်ပါတယ်။
++++++++++++++++++
ဘဝနဲ့ပတ်သက်ပြီး အလေးနက်ဆုံး အသိဉာဏ်ကို
အဆိုးနဲ့တွေ့ကြုံရပြီ၊
အဲဒီအဆိုးကို ခံနိုင်ရည်ရှိပြီးတော့
အဆိုးထဲက အသိဉာဏ်ရပြီး
လွန်မြောက်လာတဲ့သူတွေကမှ ရတယ်။
++++++++++++++++++
ပစ္စုပ္ပန်မှာ လုပ်သင့်တာလေးတွေကို
လုပ်ပြီးတော့ သိနေတဲ့အကျင့်ကို လုပ်ပါ။
++++++++++++++++++
အတိတ်ကို တွေးတဲ့အခါ သင်ခန်းစာယူတဲ့အနေနဲ့တွေး။
သင်ခန်းစာကိုကျေအောင် ပြန်နွှေးတဲ့အနေနဲ့တွေး။
ဒီအတွေအကြုံထဲက ငါ ဘာပညာရမလဲဆိုတာမျိုးကိုတွေး။
အနာဂတ်ကိုတွေးတဲ့အခါမှာလည်း
အနာဂတ်မှာ အဆင်ပြေအောင်
အခုဘာတွေကြိုလုပ်ထားသင့်သလဲဆိုတာတွေး။
ကြိုလုပ်ထားတဲ့အကျင့်ကို လုပ်ပါ။
++++++++++++++++++
အသိဉာဏ်ကို ဦးတည်ချက်ထားလိုက်ရင်
နေ့စဉ်တွေ့ရသမျှ ၊
လုပ်သမျှ၊
ကိစ္စတွေထဲက အသိဉာဏ်တွေ ရနေမယ်။
အသိဉာဏ် ရနေရင် ဘဝကို ကျေနပ်မယ်။
တရားမှန်မှန် အားထုတ်တဲ့အလေ့အကျင့်များလာရင်
တရားအားထုတ်တိုင်း စိတ်အေးချမ်းမှု ရတယ်။
စိတ်အေးချမ်းနေရင် ဘဝကို တစ်မျိုးကျေနပ်တယ်။
++++++++++++++++++
အနတ္တဉာဏ် ရင့်ကျက်တဲ့သူဟာ
စိတ်မညစ်ဘူး။
အတ္တစွဲ ကြီးရင် စိတ်ညစ်တယ်။
++++++++++++++++++
ဆရာတော်ဦးဇောတိက
Friday, November 11, 2011
" ရောင်းပစ်ချင်တယ်…"

တစ်ခါတုန်းက
သိန်းတိုးမောင်းလာတဲ့ ကားစုတ်တစ်စီးကို
ရဲသားကတားလိုက်တယ်။
"ခင်ဗျားဟာ ကားကို တစ်နာရီကို မိုင်ခြောက်ဆယ်ငါးမိုင်နှုန်းနဲ့မောင်းလာတယ်။
အရှိန်နဲ့မောင်းမှုနဲ့ ခင်ဗျားကို ဒဏ်ရိုက်ရလိမ့်မယ်"
သိန်းတိုးက
“ဒဏ်ငွေဆောင်ဖို့ အဆင်သင့်ပါပဲ။
ဒါပေမယ့် တစ်ခုတော့ မေတ္တာရပ်ခံပါရစေ။
တစ်နာရီ မိုင်ရှစ်ဆယ်နှုန်းနဲ့ကျနော်မောင်းလာတယ်လို့ရေးပေးပါ”
လမ်းပြပုလိပ်က
“ဘာဖြစ်လို့လဲ”
သိန်းတိုးပြန်ပြောလိုက်တာက...
“ဒီကားစုတ်ကို ဈေးကြီးကြီးနဲ့ရောင်းချင်လို့ပါ”
" အမြင်သာကန်းစေ၊ ဥာဏ်မကန်းစေနဲ့..."

ဘောလုံးကို ဝါသနာပါတဲ့လူတစ်စုက
ထူးထူးဆန်းဆန်းဘောလုံးပွဲတစ်ခုကိုစီစဉ်ကြပါတယ်။
တစ်ဖက်အသင်းက မျက်မမြင်အသင်း။
မျက်မမြင်အသင်းရဲ့နည်းပြဆရာက သူ့လူတွေကိုမှာပါတယ်။
ဘောလုံးမှာ ချူတပ်ပေးထားမယ်။
ဘောလုံးသွားရာလမ်းကြောင်းကို ချူသံကိုနားထောင်ပြီးလိုက်ရုံပါပဲ။
တစ်ဖက်အသင်းရဲ့ဂိုးတိုင်မှာလည်း ချူတပ်ပေးထားမယ်။
ဘောလုံးကစားတဲ့လူဆယ့်တစ်ယောက်စလုံးလဲ ချူတွေကိုယ်စီနဲ့မို့
တစ်ယောက်နဲ့တစ်ယောက်အပေးအယူလုပ်နိုင်ကြောင်းကို
နည်းပြဆရာက ရှင်းပြထားတယ်။
ပြီးတော့ အသင်းသားတွေအားလုံးကိုလည်း လေ့ကျင့်ပေးထားတယ်။
နောက်တစ်ဖက်အသင်းသားတွေကတော့ အရူးတွေဖြစ်ကြတယ်။
အရူးအသင်းရဲ့နည်းပြက မှာထားပါတယ်။
ဂိုးများများသွင်းနိုင်ရင် မင်းတို့တွေနိုင်တယ်။
ဒါကြောင့်ဂိုးများများသွင်းနိုင်ဖို့ကိုလေ့ကျင့်ပေးထားတယ်။
တကယ်ကစားရမယ့်နေ့မှာ ဒိုင်လူကြီးက ချူမှုတ်လိုက်တာနဲ့
တစ်သင်းနဲ့တစ်သင်းအကြိတ်အနယ်တောင်မကစားလိုက်ရပါဘူး။
အချိန်ပြည့်သွားတဲ့အချိန်မှာတော့ ၁၁-ဂိုး၊ဂိုးမရှိနဲ့အပြတ်အသတ်နိုင်သွားကြပါတယ်။
နိုင်တဲ့အသင်းကတော့ မျက်မမြင်အသင်းဖြစ်ပါတယ်။
အရူးတွေက ဂိုးများများသွင်းနိုင်ရင်နိုင်မယ်လို့နည်းပြဆရာပြောထားတဲ့အတိုင်း
အနီးဆုံးဖြစ်တဲ့သူ့တို့ရဲ့ဂိုးတိုင်မှာပဲ
တစ်ယောက်ပြီးတစ်ယောက် ဂိုးသွင်းနေပါတော့တယ်။
နောက်ဆုံး ဂိုးဖမ်းသမားကလည်း များများနိုင်အောင် ငါလည်းသွင်းမယ်ဆိုပြီး
သူ့ဂိုးတိုင်အပြင်ထွက်ပြီးသွင်းသွားတဲ့အတွက်
ဆယ့်တစ်ဂိုးဖြစ်သွားပါတယ်။

++++++++++++++++++
အလောင်းအစားဝါသနာပါသူတွေလည်း အလောင်းအစားလုပ်ကြတဲ့အတွက်
အောက်ကြေးသမားတွေ နိုင်သွားပြီး
အထက်ကြေးသမားတွေ ခွက်ခွက်လန်အောင်ရှုံးသွားပါတယ်။
မထင်မှတ်မှုတွေက အချိန်မရွေးဖြစ်တတ်တဲ့သဘောကြောင့်
အလောင်းအစားဟာလည်း ဘာမှမသေချာ၊မရေရာမှုတွေနဲ့
တွေ့ကြုံသွားရပါတယ်။
++++++++++++++++++
တွေးမိသလိုပြောချင်တဲ့အချက်ကတော့...
အမြင်ကန်းတဲ့သူတွေထက် အသိဥာဏ်ကန်းတဲ့လူတွေက
ပိုဆိုးလှပါတယ်။
အမြင်ကန်းတဲ့သူဟာ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းသူများဖြစ်တယ်။
အရူးတွေကတော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူများဖြစ်တယ်။
စိတ်ပိုင်းဆိုင်ရာချို့ယွင်းသူဖြစ်တဲ့အရူးတွေဟာ
အသိဥာဏ်ပါချို့ယွင်းသွားပါတယ်။
ဒါကြောင့် အမှား၊အမှန်ကို မခွဲခြားနိုင်တော့ပါ။
အကောင်း၊အဆိုးကိုလည်း ခွဲခြားမသိတော့ပါ။
++++++++++++++++++
အဝိဇ္ဇာဖုံးနေတဲ့လူတွေဟာလည်း
စိတ်ပိုင်းဆိုင်ရာ နုံ့နဲ့သူများဖြစ်တယ်။
အတ္တ၊မာနကြီးသူ၊
လောဘ၊ဒေါသ၊မောဟကြီးသူတွေဟာ
တစ်နည်းအားဖြင့်ပြောရရင်
အသိဥာဏ်နည်းသူများဟုပြောရမယ်ထင်ပါတယ်။

ကိလေသာ (လောဘ၊ ဒေါသ၊ မောဟအပါအဝင်)
ကြီးမားစွာဖြစ်ပေါ်နေတဲ့တဒင်္ဂမှာ
လူတိုင်းကိုယ်စီ အသိဥာဏ်ကန်းနေကြသူများ
ဖြစ်တယ်လို့တွေးမိကြောင်းပါခင်ဗျာ။
Thursday, November 10, 2011
“ တိကျပြတ်သားတဲ့ ရည်မှန်းချက်…”

ကိုယ့်ကိုယ်ပိုင်ဉာဏ်နဲ့ရွေးချယ်လိုက်တဲ့ ဦးတည်ချက်တစ်ခု
ရှိလာပြီဆိုရင် အဲဒိလူဟာ စွမ်းရည်သတ္တိတွေ၊ အင်အားတွေ
အများကြီးတက်လာပြီ၊
အဲဒီလူဟာ တစ်နေ့တာ၊
တစ်နေ့တာဘဝကို နေသွားရတာ
အင်မတန်အဓိပ္ပာယ်ရှိတဲ့နည်းနဲ့နေသွားတယ်။
++++++++++++++++++
ဘဝဦးတည်ချက်ကို တကယ်သိချင်ရင်
အရင်ဆုံး ကိုယ့်စိတ်ကို ကိုယ်ကောင်းကောင်းသိအောင်လုပ်ပါ။
ကိုယ့်စိတ်ကို ကိုယ်တကယ်သိလာရင် ကိုယ်ဘာကို တကယ်
ချစ်တယ်ဆိုတာသိလာမယ်။
ကိုယ်တကယ်ချစ်တာကို လုပ်ရမှ
စိတ်ပါလက်ပါလုပ်မယ်။
တစ်သက်လုံးလုပ်မယ်။
ရှိသမျှကိုယ်စွမ်း၊ဉာဏ်စွမ်းတွေကို
အကုန်ထုတ်မယ်။
ဒါမှ အကောင်းဆုံးဖြစ်အောင်လုပ်နိုင်မယ်။
အကောင်းဆုံးဖြစ်အောင်
လုပ်မှ အဆင့်မြင့်တဲ့ပျော်ရွှင်မှုကိုရမယ်။
++++++++++++++++++
ဦးတည်ချက်လေးနက်တဲ့သူ၊
ခံယူချက်မြင့်မြတ်တဲ့သူ၊
ကိုယ့်စိတ်ကိုကိုယ်ကောင်းကောင်းသိတဲ့သူဟာ
အခက်အခဲနဲ့တွေ့တဲ့အခါ ခံနိုင်ရည်အများကြီးရှိတယ်။
++++++++++++++++++
ပြဿနာတွေ၊အခက်အခဲတွေ၊
ဒုက္ခတွေဆိုတာဟာ ပညာရဖို့၊
အသိဉာဏ်ကြီးဖို့ရာ
အတွေ့အကြုံတွေပါပဲ။
++++++++++++++++++
ပြဿနာကို ဉာဏ်ပါပါနဲ့ ဖြေရှင်းဖို့ကို ဦးစားပေးပြီး
အဖြေကို ရှာရတာက စိတ်သက်သာမှုကိုရတယ်။
ဉာဏ်ပညာလည်း ပိုကြီးလာတယ်။
++++++++++++++++++
ဘာအခက်အခဲကိုမှ ရင်မဆိုင်ရဲတဲ့သူဟာ
ဘယ်လိုနည်းနဲ့မှ
စိတ်ဓာတ်ရင့်ကျက်တဲ့သူ၊
အသိဉာဏ်ရင့်ကျက်တဲ့သူ၊
ပညာတတ်တဲ့သူ၊
အစွမ်းအစရှိတဲ့သူ မဖြစ်နိုင်ဘူး။
++++++++++++++++++
အခက်အခဲဆိုတာဘဝရဲ့ သဘာဝပါပဲ။
တွေ့ကြုံလာရတဲ့ အခက်အခဲကို သတိနဲ့ဉာဏ်နဲ့
သဘောထားကြီးကြီးနဲ့ဖြေရှင်းနိုင်တဲ့အရည်အချင်းရှိဖို့ပဲ
လိုပါတယ်။
+++++++++++++++++++++
ကိုယ်တွေ့ကြုံခံစားရတဲ့ဒုက္ခထဲက လေးနက်တဲ့အသိဉာဏ်ကို
ရအောင်လုပ်နိုင်တဲ့သူ၊
ဒုက္ခကြုံရလို့စိတ်ထားပိုပြီးလေးနက်သွားတဲ့သူဟာ
အောင်မြင်မှုရတဲ့သူလို့ ဆိုနိုင်တယ်။
+++++++++++++++++++++
အနိုင်၊အရှုံးဆိုတာကို လုံးဝထည့်မစဉ်းစားတာ
အကောင်းဆုံးပါပဲ။
++++++++++++++++++
ငါ စိတ်ဆင်းရဲသွားရတဲ့အကြောင်းရင်းဟာ
ငါ့အတွင်းမှာရှိနေတယ်။
အဲဒါကို အရင်ဆုံးမြင်အောင်ကြည့်ရမယ်။
အဲဒီလို ကြည့်တာဟာ ကိုယ့်အတွက်
အကျိုးအများဆုံးပါပဲ။
++++++++++++++++++
လူဆိုတာ အကုန်လုံးမှားတဲ့လူလည်း မရှိဘူး။
အကုန်လုံးမှန်တဲ့လူလည်း မရှိဘူး။
++++++++++++++++++
သင့်ခေါင်းပေါ်ကို ငှက်တွေ ဖြတ်ပြီး မပျံအောင်
သင်ထားလို့ မရဘူး။
ဒါပေမယ့် သင့်ခေါင်းပေါ်က ဆံပင်ထဲမှာ အသိုက်လာ
မလုပ်အောင်တော့ တားမယ်ဆိုရင် ရပါတယ်။
++++++++++++++++++
( ဆရာတော် ဦးဇောတိက )
" သေးငယ်တဲ့အမှား..."

တစ်ခါတုန်းက
ထောင်ကျတစ်ယောက်ဖြစ်တဲ့စိုးသန်းဟာ
သူနဲ့အတူတူထောင်ကျတစ်ယောက်ဖြစ်တဲ့သိန်းအောင်ကို
သက်ပြင်းချပြီးပြောတယ်။
“ အမှားကလေးတစ်ခုကိုသာ
ငါမလုပ်မိခဲ့ရင် ငါ အခု သန်းကြွယ်သူဌေးဖြစ်နေပြီ။”
သိန်းအောင်က
“ဘယ်လိုအမှားလဲ”
စိုးသန်းပြန်ပြောလိုက်တာက
“ငါရဲ့ရာတန်တွေဟာ
အစိုးရထုတ်ငွေစက္ကူထက် ၂-မီလီမီတာ ပိုရှည်သွားတဲ့အမှားပေါ့”