Friday, March 18, 2011

“ ဒန်းစီးခြင်း…”


ရှေ့တိုးလိုက်၊


နောက်ဆုတ်လိုက်နဲ့၊


အောင်မယ်လေး


ကောင်းလှချည်းလားနော်။


(သားသားလေး)

Thursday, March 17, 2011

“ မင်းအမေဆီ သွားပေါ့…”



သည်းမခံနိုင်တော့တဲ့အဆုံး မိန်းမဖြစ်သူ မကြိုင်ကြိုင်က

ယောက်ျားကိုမြင့်နိုင်ကို ပြန်အော်တယ်။


ရှင့် ကျမကို နှိပ်စက်တာ လွန်လွန်းပြီ၊

ဘယ်မိန်းမမှ ရှင့်အနွံအတာကို မခံနိုင်ဘူးရှင့်၊

နားလည်လား


မခံနိုင်ရင် မင်းအမေနောက် လိုက်သွားဟေ့၊

မတားဘူး


ကျမအမေ ဆုံးသွားပြီ ဆိုတာ

ရှင်သိတယ်မဟုတ်လား


ကိုမြင့်နိုင်က ပြန်ပြောလိုက်တာက...

သိလို့ပြောတာပေါ့


Wednesday, March 16, 2011

" လွတ်လပ်မှုဟာ ငါတို့ရဲ့အကောင်းဆုံးရတနာ..."





လွတ်လပ်မှုဟာ
ငါတို့ရဲ့အကောင်းဆုံး၊

အသိမ်မွေ့ဆုံး၊
အမွန်မြတ်ဆုံး၊
အလှပဆုံး ရတနာဖြစ်တယ်။

လွတ်လပ်မှုဟာ တန်ဖိုးထားစရာ
တွေ အားလုံးရဲ့မိခင်ဖြစ်တယ်။

တစ်နေ့ထက်တစ်နေ့ ပိုပြီး အသိဉာဏ်ရှိတဲ့သူ
ဖြစ်လာဖို့ ကြိုးစားနေရတာ
တစ်နေ့ထက်တစ်နေ့ ပိုလွတ်လပ်လာဖို့
ကြိုးစားနေရတာ အဓိပ္ပာယ်ရှိတယ်။

မှန်တာကို လုပ်ရဲတာဟာ
ရိုးသားမှုနဲ့ သတ္တိ နှစ်မျိုးလုံးရှိလို့ပါ။
ရိုးသားမှုနဲ့ သတ္တိရှိတဲ့သူမှသာ
လွတ်လပ်တဲ့သူ ဖြစ်တယ်။

ပေးမှ ရတဲ့လွတ်လပ်မှုဟာ
လွတ်လပ်မှု အစစ်မဟုတ်ဘူး။
ဘယ်သူကမှ လွတ်လပ်မှုကို ပေးလို့မဘူး။
မိမိဘာသာ ဖြစ်အောင် လုပ်ယူမှ ရတယ်။

ဘယ်သူ့ဆီကမှ ခွင့်တောင်းစရာမလိုတဲ့
လွတ်လပ်မှုကို အပြည့်အဝယူပါ။
ဒီအခွင့်အရေးကို ယူနိုင်တဲ့သူဟာ
ကျန်တဲ့အခွင့်အရေးတွေ ကိုပါရလာမယ်။

လွတ်လပ်တဲ့သူရဲ့ဘာသာတရားမှာ
ဆုပေးတာမရှိဘူး။
ဒဏ်ပေးတာ မရှိဘူး။
ဉာဏ်ကို ပြည့်ပြည့်ဝဝသုံးပြီး
အမြင့်ဆုံး၊အမြတ်ဆုံးကို လုပ်တာပဲရှိတယ်။

စိတ်ထားနဲ့ အသိဉာဏ်မြင့်သွားလေလေ၊
လွတ်လပ်မှုကို မြတ်နိုးလေလေပဲ။

လွတ်လပ်မှုဟာ ချမ်းသာအစစ်ပဲ။

ပစ္စည်းတွေတော့ အများကြီး ပိုင်ပါတယ်။
ဒါပေမယ့် ကိုယ့်ဘဝကိုယ် ကိုယ်မပိုင်ဘူး။
ဘာဖြစ်လို့လဲ။
ဘဝကို ရောင်းစားထားလို့ပေါ့။
ငွေရပြီး ဂုဏ်ရှိပြီး လွတ်လပ်မှုမရှိတဲ့ဘဝကို မက်မောတာဟာ
ဘဝရဲ့မြင့်မြတ်တဲ့သဘောကို မခံစားတတ်လို့ပါ။

ငါ့မှာ အရည်အချင်းရှိဖို့၊
သတ္တိရှိဖို့၊
စည်းကမ်းရှိဖို့၊
ဇွဲရှိဖို့၊
ပညာတတ်ဖြစ်ဖို့၊
ငါတာဝန်ယူတယ်လို့ ပြောနိုင်တဲ့စိတ်ဟာ
လွတ်လပ်တဲ့စိတ်ဖြစ်တယ်။

ကိုယ့်အရည်အချင်းတွေကို ကိုယ့်အမြဲတမ်း မြှင့်တင်နေရမယ်။
ကိုယ့်စိတ်ဓာတ်ကို ခိုင်မာအောင် ၊ရင့်ကျက်အောင်
လေ့ကျင့်နေရမယ်။
ငါဟာ ဉာဏ်ရှိတဲ့သူ၊
သတ္တိရှိတဲ့သူ၊
အမှား၊အမှန်၊ အကောင်းအဆိုး၊
တရားတယ်၊ မတရားဘူးဆိုတာကို
ခွဲခြားပြီးသိတဲ့သူဆိုတာကို ဖော်ပြနိုင်ရမယ်။

( ဆရာတော် ဦးဇောတိက)

Tuesday, March 15, 2011

" ခေါင်းထောင်ရဲမှ ခေါင်းဆောင်ကောင်း..."


အုတ်ချပ်ကလေးတွေကို တစ်ချပ်ချင်းစီပြီး

ဆောက်သွားတဲ့အခါ အိမ်တစ်အိမ်ဖြစ်လာသလိုပဲ

အဲဒီဆုံးဖြတ်ချက်တွေ စုပေါင်းလိုက်တဲ့အခါမှာ

လူတစ်ယောက်ဖြစ်လာတယ်။


သတ္တိဆိုတာ

အတွင်းစိတ်ဓာတ်ရဲ့အရည်အသွေး

တစ်မျိုးဖြစ်တယ်။


ဟောဒါက

ငါ့ရဲ့ ပင်ကိုယ်အရည်အချင်း၊

ငါ့ရဲ့ ပင်ကိုယ်သဘောထား၊

ငါ တကယ်လုပ်ချင်တဲ့အလုပ်၊

ငါ တကယ်လုပ်မယ်၊

ဒါကိုလုပ်နိုင်တဲ့စွမ်းရည်သတ္တိ

ငါ့မှာရှိတယ်။


အကောင်းဆုံးကိုရွေးချယ်ပြီးတော့လုပ်မယ်။

အကယ်၍ ငါလုပ်တာဟာလွဲသွားတယ်၊

မှားသွားတယ်ဆိုရင်လည်း ပဲ

အဲဒါကိုပါ သတ္တိရှိရှိ လက်ခံပြီးတော့

ဘယ်လိုပြုပြင်ရင်အကောင်းဆုံးဖြစ်မလဲ

ဆိုတဲ့နည်းလမ်းကို ရှာပြီးတော့

သတ္တိရှိရှိပြုပြင်သွားမယ်။


လူ့လောကကြီးတစ်ခုလုံးကို ကောင်းအောင်

တစ်နည်းနည်းနဲ့ အထောက်အကူပေးချင်တယ်ဆိုရင်

လူတွေမှာ ရှိတဲ့ကောင်းတဲ့စိတ်ထားတွေ၊

ကောင်းတဲ့ပင်ကိုအရည်အချင်းတွေကို

သူတို့ဟာသူတို့သိဖို့၊

သူတို့ဟာသူတို့ဖော်ထုတ်ဖို့၊

အသုံးချဖို့၊

တတ်နိုင်တဲ့နည်းနဲ့လမ်းဖွင့်ပေးရမယ်။

ပြုစုပေးရမယ်။

သူ့ကိုယ်သူ ယုံကြည်မှုရှိတဲ့သူ၊

သူ့အရည်အချင်းကိုသူပြည့်ပြည့်ဝဝထုတ်သုံးနိုင်တဲ့သူတွေ

ဖြစ်လာအောင် ပြုစုပေးရမယ်။


ကိုယ်ဉာဏ်ရှိသလောက်ချင့်ချင့်ချိန်ချိန်စဉ်းစားပြီး

တတ်နိုင်သလောက် အကောင်းဆုံးကို ရွေးချယ်ဆုံးဖြတ်ပြီးတော့

လုပ်သွားနိုင်မှသာ ကိုယ့်ရဲ့အရည်အချင်းနဲ့

ကိုယ်ရဲ့သတ္တိ ကဖွံ့ဖြိုးလာမှာပဲ။


ဆရာတော် ဦးဇောတိက


နိုင်ငံခြားကို ထွက်ဖို့အကြောင်းဖြစ်လာတော့

ဘာမှမသိတဲ့နိုင်ငံမှာ

ဘယ်လိုရပ်တည်ရမလဲဆိုတာ စဉ်းစားဖြစ်တယ်။

ရေရှည်ရပ်တည်နိုင်ဖို့က

ကိုယ့်ကိုယ်ကိုယ် အားပေးမှုဟာ မရှိမဖြစ်လိုအပ်မှန်း

သဘောပေါက်လာပါတယ်။

ဒါကြောင့် နှစ်ပေါင်းများစွာစုဆောင်းလာခဲ့တဲ့

မှတ်စုစာအုပ်တွေကို ယူလာဖြစ်ခဲ့တယ်။

စိတ်ဓါတ်ခွန်အားလိုအပ်တဲ့အခါတိုင်း

အဲဒီမှတ်စုစာအုပ်ပါ အကြောင်းအရာကို ဖတ်ဖြစ်ခဲ့ပါတယ်။

ခွန်အားဖြစ်ခဲ့ပါတယ်။

ကိုယ့်လိုပဲ လိုအပ်သူတွေလည်း ရှိနိုင်တယ်ထင်မိလို့

မှတ်စုပါအကြောင်းအရာကို

မျှဝေလိုက်တာပါ။


ကိုယ့်ကိုယ်ကိုယ် အားပေးဖို့ပါ။

ပြီးတော့...

စိတ်ဓါတ်ခွန်အားကို တန်ဖိုးထားတတ်သူတိုင်းအတွက်ပါ။

Monday, March 14, 2011

" သူ့ထက်သူ လူစွမ်းကောင်းတွေချည်းပဲ..."


နိုင်ငံခြား သဘောင်္ပေါ်က အဖြစ်အပျက်ပါ။
တနင်္ဂင်္နွေနေ့မှာ သဘောင်္သားအများစု အားကြတယ်။
မြန်မာနိုင်ငံက သဘောင်္သားအများစုက ဝိုင်းဖွဲ့ပြီး အရက်သောက်ကြတယ်။
အရက်လေးဝင်လာပြီဆိုရင် စကားလည်းများကြတယ်။ ငြင်းလာကြတယ်။ွ
ကျနော်တာဝန်က E.Oပါ။ကျနော်ကို အများက ဓါတ်ကြိုးကြီး လို့ခေါ်ကြတယ်။
ဒီနေ့မှာတော့ ကျနော် အရက်သောက်ချင်စိတ်မရှိတဲ့အတွက် အနားမှာရှိတဲ့ကုတင်တစ်လုံးမှာ မဂ္ဂဇင်းတစ်အုပ်ကို လှဲပြီး ဖတ်နေတယ်။

သန်းအေးဆိုတဲ့အကောင်က
" ငါ့ကို ဘာကောင်မှတ်သလဲ၊
ငါနေတဲ့အရပ်ကို ပြောပြလိုက်ရင် မင်းတို့တွေ ဖြုံသွားမယ်။ "

" ကဲ...ပြောစမ်းပါအုန်း၊
မင်းဆိုတဲ့အကောင်က ဘယ် ကလာတာလဲ ပြောစမ်းပါအုန်း၊"
လို့ စိန်သန်းကမေးလိုက်တယ်။
ကိုသန်းအေးက" ငါက ဗိုလ်တထောင် ကလာတာကွ ။"
လို့ရင်ကော့ပြီးပြောလိုက်ပါတယ်။
" ဗိုလ်တထောင်ဆို ပျင်းတောင်ပျင်းသေးတယ်။
ငါက ကိုယ့်မင်းကိုယ်ချင်းလမ်း ကလာတာကွ"
လို့ စိန်သန်းကပြောလိုက်ပါ တယ်။

တင်ဝင်းက
" မင်းတို့လောက်တော့ အီစပျော့ပဲ။
ငါက မင်းမနိုင်ရပ်ကွက် ကလာတာကွ "
လို့ပြောလိုက်ပါတယ်။
သူတို့တွေ စကားနိုင်လုနေတာကို ကြားရတော့ ကျနော်ပြုံးမိပါတယ်။

သူတို့တွေ ဘာဆက်ပြောရမှန်း မသိတော့ ကျနော်ဖက် လှည့်လာပါတယ်။
" ဓါတ်ကြိုးကြီး ဘယ်ကလာတာလဲ "
လို့မေးလိုက်ပါတယ်။
ကျနော်က ဖတ်လက်စ စာအုပ်ကို လက်ကြားညှပ်ပြီး ပြန်ပြောလိုက်တာက
" တောင်ကြီးက....။"
သူတို့အားလုံး အသံတိတ်သွားကြတယ်။

" သတ္တိ အများကြီးလိုပါတယ်..."


အခုခေတ်မှာ အကြောင်းအကျိုးကို

ခိုင်ခိုင်မာမာ၊

ရင့်ရင့်ကျက်ကျက်နဲ့စဉ်းစားနိုင်တဲ့အရည်အချင်းရှိဖို့က

ပိုပြီးတော့ လိုအပ်တယ်။


စိတ်ထားနဲ့ အသိဉာဏ်

ရင်ကျက်မှုဘက်ကိုသွားနေသ၍

ဘယ်သူဖြစ်ဖြစ် အဲဒီလူအတွက်

သတ္တိဆိုတာ အင်မတန် အခြေခံကျတဲ့

အရည်အချင်းတစ်ခုဖြစ်တယ်။

ဂုဏ်တစ်ခုဖြစ်တယ်။

ရှေ့ကိုတိုးပြီးသွားနေအုံးမယ်ဆိုရင်

သတ္တိလိုတာချည်းပဲ။


အားငယ်တတ်တဲ့လူဟာသတ္တိ ရှိတဲ့လူ မဖြစ်နိုင်ဘူး။

အားငယ်တတ်တဲ့လူဟာ

ရိုးသားပွင့်လင်းတဲ့ဆက်ဆံရေး၊

Creative ဖြစ်တဲ့ ဆက်ဆံရေးမျိုးကို မရနိုင်ဘူး။

ဒါကြောင့် တစ်ချက်ချင်း၊

တစ်ချက်ချင်းမှာ

သတ္တိရှိဖို့လိုတယ်ဆိုတာကိုစဉ်းစားရမယ်။


သူ့ကိုချစ်တယ်ဆိုတာ

ကိုယ့်ကိုယ်ကို ပေးလိုက်တာပဲ။

ကိုယ့်ဘဝထဲမှာ သူ့ကို နေရာပေးလိုက်တာပဲ။


ငါ့ကိုပြန်ချစ်မှာလားဆိုတဲ့ မျှော်လင့်ချက်မျိုးမထားပဲ

ကိုယ်က လှိုက်လှိုက်လှဲလှဲ ချစ်နိုင်ဖို့

သတ္တိလိုတယ်။


သူ့ဆီက ဘာမှပြန်မမျှော်လင့်ပဲနဲ့

ကိုယ်ပေးနိုင်တာကို

မေတ္တာနဲ့ပေးနိုင်ဖို့

သတ္တိလိုပါတယ်။


အရှုံးအမြတ်မတွက်ပဲ

ချစ်နိုင်ဖို့ သတ္တိလိုတယ်။

အနိုင်အရှုံး မရှိပဲချစ်နိုင်ဖို့

သတ္တိလိုတယ်။

ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ဖို့ သတ္တိလိုတယ်။

တကယ်သတ္တိရှိမှ ချစ်နိုင်တယ်။


ဖန်တီးမှုအစစ်အမှန် မှန်သမျှဟာ

လွတ်လပ်တဲ့လူရဲ့လုပ်ရပ် ဖြစ်တယ်။

တစ်ခုခုကို ဖန်တီးဖို့ တည်ထွင်ဖို့

သတ္တိလိုတယ်။


စိုးရိမ်စိတ်ကိုကျော်လွှားပြီး ကိုယ်လုပ်ချင်တဲ့အလုပ်ကို

ဆက်လုပ်နိုင်ဖို့ဆိုတာ

သတ္တိလိုတယ်။


စာရေးတယ်ဆိုတာလည်း သတ္တိ အများကြီးလိုတယ်။

ကိုယ့်ရင်ထဲက ဖြစ်ပေါ်လာတဲ့ရိုးသားတဲ့စိတ်နဲ့၊

ကိုယ့်အသိဉာဏ်နဲ့

ကိုယ်မြင်ထားတာ၊သိထားတာကို

ပွင့်ပွင့်လင်းလင်းပြောနိုင်ဖို့ သတ္တိလိုတယ်။

စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း

ပြောနိုင်ဖို့၊ရေးနိုင်ဖို့ကိုပဲ သတ္တိလိုတယ်။


သူများမလုပ်သေးတဲ့အလုပ်တစ်ခုကို

ကိုယ်ကစပြီးလုပ်ဖို့ဆိုတာ သတ္တိ

အများကြီးလိုပါတယ်။


ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တဲ့သူ၊

ကိုယ့်လမ်းကို ကိုယ်ရှာပြီးသွားနေတဲ့လူ

ဖြစ်ဖို့သတ္တိအများကြီးလိုပါတယ်။

ဆရာတော်ဦးဇောတိက


Friday, March 11, 2011

“ မေတ္တာထားတယ်လား?…”


ရန်ကုန်မြို့တွင်ဖြစ်တယ်။

အဆောက်အဦးတစ်ခုပေါ်မှ အုတ်ခဲတစ်ချပ် ကျလာရာ

လမ်းသွားသူတစ်ဦးရဲ့ ခေါင်းပေါ်တည့်တည့်ကျတယ်။

ရတဲ့ဒဏ်ရာကပြင်းထန်တဲ့အတွက် ပွဲချင်းပြီးသေသွားတယ်။

လူများ ဝိုင်းလာကြပြီး မကျေမနပ် ပြောကြတယ်။

လမ်းတောင် လွတ်လွတ်လပ်လပ် လျှောက်လို့မရတော့ဘူး။

အုတ်ခဲတွေ လူ့ခေါင်းပေါ်ကျသတဲ့။

ဟင်း၊ တာဝန်ရှိသူတွေ ဒီအတိုင်း လက်ပိုက်ကြည့်နေကြတော့မှာလား

လူအုပ်ထဲမှ တစ်ယောက်ဟာ သေသူအား ငုံ့ကြည့်ပြီး

ပြောတယ်။

ကျနော် သူ့ကိုသိတယ်။

သူဟာ ကြံ့ဖွတ်ပါတီဝင် တစ်ယောက်ပဲဗျ

လူအုပ်ကြားမှ မကျေနပ်သံ ပိုပြီး ကျယ်လောင်စွာ ပေါ်ထွက်လာတယ်။

ဒီပါတီကလူတွေကလဲ လွန်ကို လွန်လွန်းတယ်။

ဘယ်သွားသွား သူတို့ချည်းပဲ။

အခုပဲကြည့်၊

အုတ်ခဲတောင် လွတ်လွတ်လပ်လပ် ကျဖို့နေရာ မရှိဘူး



Thursday, March 10, 2011

" အောက်စီဂျင်ပိုက် ပိတ်နေတယ်..."


တစ်ခါတုန်းက

အထူးကုဆေးရုံတစ်ခုမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်ပါ။

အာဏာရှင်ကြီး သေလုမျောပါး ဖြစ်နေပါတယ်။

အောက်စီဂျင်ပိုက်ဖြင့် အသက်ကို အနိုင်နိုင် ရှူနေပါတယ်။

ခေါင်းဆောင်ကြီးရဲ့ ကုတင်ဘေးမှာ သူ့ရဲ့အရိုက်အရာကိုဆက်ခံမယ့်သူထိုင်နေတယ်။

ကြေကွဲဝမ်းနည်းနေတဲ့အမူအရာနဲ့ ဖြစ်နေတယ်။

မျက်လုံးအိမ်မှာလည်း မျက်ရည်များနဲ့ ပြည့်နေတယ်။

အာဏာရှင်ကြီးက အသံတိုးတိုးနဲ့ပြောတယ်။


ဒီလောက်တောင် ပူဆွေးသောက ဖြစ်မနေစမ်းပါနဲ့။

မင်းသိအောင် ငါပြောမယ်။

ငါပိုင် ပိုက်ဆံတွေအားလုံး၊ ဇိမ်ခံကားတွေအားလုံး၊

ငါ့ကိုယ်ပိုင်လေယာဉ်ပျံနဲ့ တိုက်ကြီးနှစ်လုံးကို

မင်းအတွက်ထားခဲ့မယ်။


ခေါင်းဆောင်ကြီးရဲ့ကျေးဇူးကြီးလှပါတယ်။

ကျနော့်ကို သားတစ်ယောက်လို သဘောထားတဲ့အတွက်လည်း

ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။

ဒါနဲ့ ခေါင်းဆောင်ကြီးအတွက် ကျနော် တစ်ခုခု လုပ်ပေးနိုင်တာ ရှိပါသလားခင်ဗျာ… ”


အာဏာရှင်ကြီးက အသက်ကိုခက်ခက်ခဲခဲ ရှူလိုက်ပြီး ပြောတယ်။


အေး၊ ရှိတယ်။

မင်းရဲ့ခြေထောက်ကို အောက်စီဂျင်ပိုက်ကနေ ဖယ်ပေးစမ်းပါ


Wednesday, March 9, 2011

" လူ့စရိုက်မျိုးစုံ..."


ဘီယာခွက်ထဲမှာ ယင်ကောင်ကို တွေ့တဲ့အခါ


အမေရိကန်နိုင်ငံသား-

ဘီယာခွက်ထဲမှ ဘီယာကို ကြမ်းပေါ် လောင်းချပြီးနောက်

တစ်ခွက် မှာတယ်။


အင်္ဂလိပ်နိုင်ငံသား-

ဘီယာဖိုးချေလိုက်တယ်။

အဲဒီနောက်ခွက်ကိုလက်နဲ့တောင် မထိဘဲ

ဆိုင်ထဲက ထွက်သွားလိုက်တယ်။


ပြင်သစ်နိုင်ငံသား-

စာပွဲထိုးကို ခေါ်ပြီး အသစ်ထည့်ပေးရန် တောင်းဆိုတယ်။


အီတလီနိုင်ငံသား-

ယင်ကောင်ကို ဆယ်လိုက်ပြီး ဘီယာကို သောက်တယ်။


အာဖရိကနိုင်ငံသား-

ဘီယာကို ယင်ကောင်နဲ့အတူ သောက်လိုက်တယ်။


တရုတ်နိုင်ငံသား-

ယင်ကောင်ကို အရင်စားတယ်။

အဲဒီနောက် ဘီယာသောက်တယ်။


ဘူဂေးရီးယားနိုင်ငံသား-

ဘီယာခွက်ကို မော့ချလိုက်တယ်။

ယင်ကောင် ကျနေရကောင်းလားဆိုပြီး ပူညံပူညံလုပ်တယ်။

ပိုက်ဆံမပေးဘဲ ဆိုင်ထဲက ထွက်တယ်။


ရုရှားနိုင်ငံသား-

ယင်ကောင်ကို ဆယ်တယ်။

ဘီယာ သောက်တယ်။

ယင်ကောင်ကို ဘီယာခွက်ထဲ ပြန်ထည့်ပြီး

အသစ်တစ်ခွက် ပေးရန် တောင်းဆိုတယ်။

Tuesday, March 8, 2011

" တဖြည်းဖြည်းချင်း ဖယ်ရှားလိုက်တဲ့အခါ..."



တစ်ခါတုန်းက
လူတစ်ယောက်ဟာ ဈေးထဲက ဖားအရှင်ကြီးတစ်ကောင်ကို ဝယ်လာမိပါတယ်။
အိမ်ရောက်ရင် ဖားဟင်းချက်စားမယ်ပေါ့။
အိမ်ရောက်တော့ ရေနွေးအိုးတည်ပါတယ်။
ရေနွေးဆူတော့ အဲဒီဖားကို ရေနွေးအိုးထဲ ပစ်ထည့်လိုက်ပါတယ်။
ပွက်ပွက်ဆူနေတဲ့အိုးဆိုတော့ ဖားက ဘယ်မှာ ငြိမ်နေမလဲ...
ရေနွေးအိုးထဲကနေ ခုန်ထွက်သွားတာပေါ့။
ဘာကြောင့်ဆိုတော့ အပူအအေး ရုတ်တရက်ကွားခြားသွားတော့
ချက်ချင်းမြန်မြန် တုံ့ပြန်ပြီး
အပြင်ခုန်ထွက်နိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဒါနဲ့ပဲ အဲဒီလူက စဉ်းစားတာပေါ့။
ဖားသားဟင်းက စားချင်တာကိုး။
အဲဒီဖားကို ရေအေးထဲထည့်ထားလိုက်ပါတယ်။
အဲဒီရေအေးရဲ့အောက်က မီးထည့်လိုက်ပါတယ်။
ရေကအေးနေတော့ ဖားက ပျော်ပျော်ပါးပါး ကူးခတ်နေတာပေါ့။
ရေက တဖြည်းဖြည်းချင်းပူလာတာကို သိပေမယ့် ရုန်းထွက်ဖို့ မကြိုးစားမိဘူး။
ပျော်နေတာကိုး။
ရေကပွက်ပွက်ဆူလာတဲ့အချိန်မှာတော့ ဖားခုန်မထွက်နိုင်တော့ပါဘူး။
ဖားဟာ ဖားစွတ်ပြုတ်ဖြစ်သွားပါပြီ။

ကျနော်ပြောချင်တာက ဖားစွတ်ပြုတ်အကြောင်းမဟုတ်ပါဘူး
ကျနော်တို့လူတွေဟာလည်း ဖားနဲ့အလားတူပါတယ်။
လွတ်လပ်မှုကို ရုတ်တရက်ဖယ်ရှားလိုက်တဲ့အခါ
ဖားလိုပဲ ရုတ်တရက်တုံ့ပြန်တတ်ကြပါတယ်။
လွတ်လပ်မှုကို တန်ဖိုးထား၊
ချက်ချင်းတော်လှန်တတ်ကြပါတယ်။
ဒါပေမယ့် တဖြည်းဖြည်းချင်း ဖယ်ရှားလိုက်တဲ့အခါမှာတော့
အပျော်တွေလွန်ပြီး ဘာမှတောင် မသိလိုက်တော့ဘူး။
အခုဆိုရင်...လွတ်လပ်တဲ့အရသာဟာ ဘာလဲလို့မေးရင်
ဘာပြန်ဖြေရမှန်း မသိကြတော့ပါဘူး။
ဖားစွတ်ပြုတ်ဖြစ်သွားကြပြီလေ။
ဝမ်းနည်းစရာလည်းကောင်းသလို
ကြေကွဲစရာလည်းကောင်းပါတယ်။
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com