Saturday, October 22, 2011

" ကျနော်ကြိုက်တဲ့ကဗျာများ-၂..."


" ငါနဲ့ငါ့ရဲ့အရိပ်..."

Me and my shadow,

Not a soul to tell

Our troubles to…

Just me and my shadow,

All alone and feeling blue.

( Billy Rose )

+++++++++++++++

ငါနဲ့ ငါ့ရဲ့အရိပ်

တို့ရဲ့ဒုက္ခတွေကို ပြောပြရမယ့်သူ

တစ်ယောက်မှ မရှိဘူး။

ငါနဲ့ငါ့ရဲ့အရိပ်ပဲ။

တကိုယ်တည်း။

မပျော်ဘူး။


Friday, October 21, 2011

“ ရွှေဒင်္ဂါးနှစ်ပြားနဲ့တူတဲ့အရာ…”



တစ်ခါတုန်းက အလွန့်အလွန်ချမ်းသာတဲ့
သူကြွယ်ကြီးတစ်ဦးဟာ အသက်အရွယ် အိုမင်းပြီဖြစ်တဲ့အတွက်
အလုပ်မှ အနားယူချင်နေပါတယ်။
အဲဒါကြောင့် သူဟာ သားသုံးယောက်ကိုခေါ်ပြီး
“ အဖေရဲ့လုပ်ငန်းကို ခွဲပြီးတော့ သားတို့ကို မပေးချင်ဘူး။
သားတို့ထဲက ဘယ်သူဟာအသင့်တော်ဆုံးအလုပ်
လုပ်တတ်တဲ့လူ ဖြစ်တယ်ဆိုတာ အဖေသိချင်တယ်။
အဖေ စမ်းသပ်ကြည့်မယ်၊
အဖေအကြိုက်ဆုံးလူကို အဖေ့လုပ်ငန်း လွှဲပေးမယ် ”
လို့ ပြောပါတယ်။
သူကြွယ်ကြီးဟာ သားတစ်ဦးစီကို ရွှေဒင်္ဂါးနှစ်ပြားစီပေးပါတယ်။

သားအငယ်ဆုံးက
သူ့အဖေက သူ့ကို တစ်ခါမှ ရွှေဒင်္ဂါးကို မပေးဖူးတာကြောင့်
အရမ်းဝမ်းသာသွားတယ်။
သူ့အတွက် လိုအပ်တာတွေက အများကြီးရှိတယ်။
ဝယ်ချင်တာတွေကလည်း အများကြီးရှိတယ်။
ဒါကြောင့်ရွှေဒင်္ဂါးရတာနဲ့လိုချင်တာကို
အားလုံးဝယ်လိုက်တယ်။
ကြိုက်တဲ့နေရာမှ သုံးလိုက်တဲ့သဘောဖြစ်တယ်။

ဒုတိယသားကတော့
အဖေက ကပ်စီးနည်းသူဖြစ်တယ်။
ငွေကို ချွေတာတာကို ကြိုက်တယ်။
စည်းစနစ်တကျ စုဆောင်းတာကိုကြိုက်တယ်။
ဒီရွှေဒင်္ဂါးတွေပေးတာကလည်း စုဆောင်းတာကို
စမ်းသပ်ချင်လို့နေမှာပဲလို့ယူဆတာကြောင့်
သူရရှိထားတဲ့ရွှေဒင်္ဂါးနှစ်ပြားစလုံးကို
ဘာမှမသုံးစွဲပဲ မြေကြီးမြှုပ်ထားလိုက်တယ်။

သားအကြီးဆုံးကတော့
အဖေက အကြောင်းမဲ့ပေးတာတော့
မဟုတ်တန်ရာဘူး။
အကြောင်းတရားရှိရမယ်။
ဒီအကြောင်းတရားက ဘာမှန်းတော့ အသေအချာမသိပေမယ့်
အကျိုးတရားတစ်ခုခုကို ရအောင်လုပ်ဖို့
ရည်ရွယ်တာပဲဖြစ်ရမယ်
အဲဒီလိုတွေးပြီး ရလာတဲ့ရွှေဒင်္ဂါးနှစ်ပြားကို
ပွားများလာအောင်ကောင်းရောင်းကောင်းဝယ်လုပ်တယ်။
မကြာခင်မှာပဲ ရွှေဒင်္ဂါးနှစ်ပြားကနေပြီး
ရွှေဒင်္ဂါးအမြောက်အများဖြစ်လာတယ်။

တစ်နှစ်လွန်မြောက်သွားတဲ့အခါမှာတော့
သားတွေကိုခေါ်တွေ့တယ်။
သားငယ်ကိုမေးကြည့်တယ်။
သားငယ်က သူလိုချင်တဲ့အရာတွေအားလုံးကို
ဝယ်လိုက်တဲ့အတွက် ရွှေဒင်္ဂါးနှစ်ပြားဟာ
ကုန်သွားပြီဖြစ်တဲ့အကြောင်းကိုပြောပြတယ်။
ဒုတိယသားကိုမေးတော့
သားလတ်ကခြံထဲကိုဆင်းသွားပြီး
မြေကြီးထဲမြှုပ်ထားတဲ့ ရွှေဒင်္ဂါးနှစ်ပြားကို
ယူလာပြတယ်။
ပထမသားကိုမေးတဲ့အခါမှာတော့
သားကြီးက အခန်းထဲဝင်သွားပြီး ရွှေဒင်္ဂါးအိတ်ကြီးတစ်အိတ်
ထမ်းထုတ်လာတယ်။
ပြီးတော့ ဖွင့်ချလိုက်တဲ့အခါမှာတော့
ရွှေဒင်္ဂါးအမြောက်အများထွက်လာတယ်။
ရွှေဒင်္ဂါးနှစ်ပြားကနေ ရွှေဒင်္ဂါးအများအပြားပွားများလာတဲ့အကြောင်း
ကိုလည်းရှင်းပြတယ်။
ဒီတော့ အဖေသူကြွယ်ကြီးက
"ကိုယ်ရရှိလာတဲ့ငွေကြေးကို ဖြုန်းပစ်ဖို့မဟုတ်ဘူး။
သိမ်းထားဖို့လည်းမဟုတ်ဘူး။
ပွားများအောင်လုပ်ဖို့သာဖြစ်တယ်။
ပြီးတော့ ကိုယ့်အတွက်၊အများအတွက်
အကျိုးရှိအောင် လုပ်တတ်ဖို့လိုတယ်" လို့
ပြောခဲ့ပါတယ်။ ပြီးတော့
သားကြီးကို သူ့ရဲ့ပိုင်ဆိုင်မှုမှန်သမျှကို
လွှဲပြောင်းပေးပြီး တရားအားထုတ်ဖို့တောထွက်သွားပါတယ်။
ဒီလိုနဲ့ပဲ တရားနဲ့မွေ့လျော်ပြီးငြိမ်းချမ်းစွာနေထိုင်သွားပါသတဲ့။

+++++++++++++++++++++++++++

ရွှေဒင်္ဂါးနှစ်ပြားဆိုတာ
လူတိုင်းကိုယ်စီပိုင်ဆိုင်နေကြတဲ့ ရုပ်နဲ့နာမ်
နှစ်ပါးလည်းဖြစ်နိုင်ပါတယ်။
ကိုယ်ပိုင်ဆိုင်ထားတဲ့ရုပ်နဲ့နာမ်ကို ကိုယ်ဘယ်လိုအသုံးပြုသလဲဆိုတာ
ကတော့ ကိုယ်နဲ့သာဆိုင်ပါတယ်။
လူ့ဘဝဟာ ရခဲလှတယ်လို့ကျမ်းဂန်တွေကဆိုပါတယ်။
မိုးပေါ်က အပ်တစ်စင်းနဲ့
မြေပေါ်က အပ်တစ်စင်းတို့ဟာ ဆုံနိုင်ခဲသလို
လူ့အဖြစ်ဟာလည်း
ဖြစ်နိုင်ခဲတယ်လို့ဆိုပါတယ်။
အချို့ကျမ်းဂန်မှာက
လိပ်ကန်းတစ်ကောင်ဟာ နှစ်တရာမှာ တစ်ခါသာ
ရေမျက်နှာပြင်ပေါ်က တက်လာလေ့ရှိတယ်။
အဲဒီလိုတက်လာတဲ့အခါမှာလည်း
ရေပေါ်မှာရှိတဲ့ ဝါးလုံးခေါင်းထဲ ခေါင်းစွပ်ဖို့က
အလွန့်အလွန်ခက်ခဲလှပါတယ်။
ဒါပေမယ့်လိပ်ကန်းအဖို့ ခက်ခက်ခဲခဲခေါင်းစွပ်သလို
လူ့ဖြစ်ဖို့က ခက်ခဲတယ်လို့အဆိုရှိပါတယ်။
ခက်ခဲတဲ့လူ့ဘဝကိုရလာပြီ။
လူတိုင်းကိုယ်စီကတော့ အလွန့်အလွန်ကံကောင်းသူတွေလို့ပြောနိုင်ပါတယ်။
ကဲ...ဖိုးကံကောင်း၊မယ်ကံကောင်းတွေခင်ဗျား။
ရွှေဒင်္ဂါးနှစ်ပြားနဲ့တူတဲ့ရုပ်၊နာမ်နှစ်ပါးကို
ဘယ်လိုအသုံးချနေပါသလဲ...
သုံးဖြုန်းပစ်နေသလား။
မြေကြီးထဲမြှုပ်နှံထားသလား။
ပွားများအောင်လုပ်နေသလား။



" ကျနော်ကြိုက်တဲ့ကဗျာများ-၁..."


" သင်သေသွားသော်…"

ဪ...လူ့ပြည်လောက၊

လူ့ဘဝကား၊

အိုရ နာရ သေရဦးမည်၊

မှန်ပေသည်တည်း။

သို့တပြီးကား၊

သင်သေသွားသော်၊

သင်ဖွားသောမြေ၊

သင်တို့မြေသည်

အခြေတိုးမြှင့်၊

ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊

စာစကားလည်း၊

ကြီးပွားတက်မြင့်၊

ကျန်ကောင်းသင့်၏။

သင်ဦးချ၍၊

အမျှဝေရာ၊

စေတီသာနှင့်၊

သစ္စာအရောင်၊

ဥာဏ်တန်ဆောင်လည်း၊

ပြောင်လျက် ဝင်းလျက်

ကျန်စေသတည်း။


( ဇော်ဂျီ )



Thursday, October 20, 2011

“ ဘုရားသခင် အားလုံးမြင်တယ်...”


ဘာသာရေး တရားဟော ဆရာတစ်ဦးဟာ

မိမိခြံထဲမှ သီးနှံများကို သူခိုးရန်က ကာကွယ်ဖို့အတွက်

တိုင်အမြင့်ပေါ်တွင်

“ဘုရားသခင် အားလုံးမြင်တယ်”

ဆိုပြီး စာတမ်းကို ချိတ်ဆွဲထားတယ်။

နောက်တစ်နေ့မှာတော့

စာတမ်းရဲ့အောက်တွင် တစ်ယောက်ယောက်က

ထည့်ဖြည့်သွားတဲ့စာကတော့…

“ဒါပေမယ့် လက်ထောက် မချတတ်ပါ”

တဲ့။



" ငြိမ်းချမ်းခြင်းဆိုတာ..."


The secret of happiness is to admire without desiring.

( FH.Bradly )

စိတ်ချမ်းသာမှု ရဲ့လျှို့ဝှက်ချက်ဟာ လိုချင်စိတ်မရှိပဲ

တအံ့တသြ၊

မြတ်မြတ်နိုးနိုးတန်ဖိုးထားတာ၊

ချစ်တတ်တာပဲ ဖြစ်တယ်။

+++++++++++++++++++++++++++

ဒီလို သူငယ်ချင်းမျိုး

တစ်ယောက်ကို ကျနော်သေသွားလို့သာ

ဆုံးရှုံးချင် ဆုံးရှုံးရပါစေ။

သူ ကွယ်လွန်လို့ ဆုံးရှုံးရတာမျိုးတော့

အဖြစ်မခံနိုင်ပါ။

( စာရေးဆရာကြီး ဘားနဒ်ရှော )

+++++++++++++++++++++++++++

ဆရာသမားဆိုတာကတော့ ဘဲဥတွေကိုသားပေါက်အောင်

ရင်ငွေ့နဲ့ဝပ်ပေးရတဲ့ ကြက်မိခင်ကြီး လိုပါပဲလေ။

အတောင်အလက်ပေါက်လာတဲ့ အထိတော့ ကိုယ်က ကိုယ့်ရင်သွေးလို

သဘောထားပြီး ဝပ်ပေးတာပေါ့။

အတောင်အလက်စုံလာတဲ့ အခါမှာတော့

သူတို့က သူတို့ဗီဇဓာတ်ခံအတိုင်း ရေးထဲကူးနေကြတာကိုပဲ

ကုန်းပေါ်က မိခင်ကြီး ကတော့ ရင်တမမနဲ့

ရေထဲမှာ နစ်မွန်းများသွားမလားဟဲ့

ဆိုတဲ့ ပူပန်စိတ်ကတော့ ရှိနေတာပဲကွယ့်

ရင်သွေးပင် မဟုတ်သော်ငြား

ကိုယ်ဝပ်ပေးထားရတယ်ဆိုတဲ့ ရင်နှစ်မေတ္တာတရားက

ကြီးမားသကိုးကွယ့်

( ပခုက္ကူနိကာယ၊

မဟာရတ္တညူမဟာထေရ ဆရာတော်

ဘဒ္ဒန္တဇောတိက )

+++++++++++++++++++++++++++

ကိုယ့်အခွင့်ကိုသိ၊

နောက်လူကိုလဲ ကြည့်

ဆွမ်းဝိုင်းမှာ ရေးထားသော စာတမ်း။

+++++++++++++++++++++++++++

မြတ်စွာဘုရားရှင်က

သင်တို့က ကိုယ့်တာဝန်ကို ကျေပွန်အောင်

ကြိုးစား အားထုတ်ရမယ်။

မြတ်စွာဘုရားဆိုတာ လမ်းညွှန်ပုဂ္ဂိုလ်မျှသာ

ဖြစ်တယ်။

လိုက်နာကျင့်သုံးသူသာ ဒုက္ခက လွတ်မြောက်မယ်

လို့ဟောကြားပါတယ်။

+++++++++++++++++++++++++++

လူမှာ အကောင်းဆုံးအရည်အချင်းဟာ

တရားကို သိနိုင်တဲ့

အသိဉာဏ်ပဲ။

+++++++++++++++++++++++++++

ငြိမ်းချမ်းခြင်းဆိုတာ ကို ကြားရုံမျှနဲ့ စိတ်က

ကြည်လင်ပါတယ်။

( မြတ်စွာဘုရား )

+++++++++++++++++++++++++++

လုပ်တတ်ရင် အချိန်တိုင်းဟာ

တရားအားထုတ်တဲ့အချိန်ပါ။

နေတတ်ရင် နေရာတိုင်းဟာ

တရားအားထုတ်တဲ့ နေရာပါ။

+++++++++++++++++++++++++++

စိတ်ရဲ့ငြိမ်းချမ်းမှုနဲ့

စိတ်ရဲ့အစွမ်းသတ္တိဟာ

အတူတူပါပဲ။

+++++++++++++++++++++++++++

လောကမှာ တကယ်စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်၊

တကယ် အသိဉာဏ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့

ခေါ်လောက်တဲ့ ပုဂ္ဂိုလ်တွေဟာ သူများဘယ်လိုနေနေ၊

သူတို့ရဲ့လေးနက်တဲ့၊

မြင့်မြတ်တဲ့ ခံယူချက်ဟာ

ဘယ်တော့မှ မပြောင်းဘူး။

+++++++++++++++++++++++++++

လူမျိုး မခွဲခြားဘူး၊

ဘာသာမခွဲခြားဘူး၊

တိုင်းပြည်လည်း မခွဲခြားဘူး၊

လူသားမှန်သမျှကို ငါ့အမျိုးတွေလို့

သဘောထားမယ်ဆိုရင်လည်း

ဒါ structure တစ်ခုပဲ။

+++++++++++++++++++++++++++

ကိုယ်မသိတဲ့သူကိုတောင်မှ

ကိုယ်တတ်နိုင်သလောက် အကျိုးပြုရမယ်။

ဒီလိုသဘောထားတွေဟာ structure ပဲ။

+++++++++++++++++++++++++++

ငါနဲ့မသိတဲ့သူတွေ၊

ငါ့လူမျိုး၊

ငါ့နိုင်ငံသားမဟုတ်တဲ့လူတွေလည်း ပဲ

သူတို့လုပ်ခဲ့တဲ့ကိစ္စတွေဟာ ငါ့အတွက်

အများကြီး အကျိုးရှိခဲ့တယ်။

ဒါကြောင့်ငါနဲ့မသိတဲ့သူတွေ၊

ငါ့လူမျိုး၊ ငါ့နိုင်ငံသားမဟုတ်တဲ့သူတွေကိုလည်း

ပဲ ငါတတ်နိုင်တဲ့နည်းနဲ့ အကျိုးပြုမယ်။

+++++++++++++++++++++++++++

ကိုယ့်ဘဝ ဘယ်လောက်အောင်မြင်တယ်ဆိုတာကို

ကိုယ်ဘယ်လောက်များများရတယ်

ဆိုတာနဲ့ မတိုင်းတာပဲ

ကိုယ်ဘယ်လောက်များများ ပြန်ပေးသလဲ

ဆိုတာနဲ့တိုင်းတာရင် ပိုကောင်းတယ်။

+++++++++++++++++++++++++++

နေ့တိုင်းပဲ ကိုယ့်ကိုယ်ကို သတိပေးသင့်တယ်။

ဒီနေ့ တတ်နိုင်သလောက် လွတ်လပ်တဲ့စိတ်နဲ့နေမယ်။

လွတ်လပ်မှုရှိအောင် အတတ်နိုင်ဆုံး ကြိုးစားမယ်။

+++++++++++++++++++++++++++

ကိုယ်မိတ်ဆွေ၊အပေါင်းအသင်းတွေ၊

ဆွေမျိုးတွေကို တရားလက်ဆောင်ပေးပါ။

ကိုယ့်သားသမီးတွေကို တရားအမွေပေးပါ။

သတိပဋ္ဌာန်တရားကို ကျင့်သုံးနိုင်မှ

ငြိမ်းချမ်းမှုအစစ်အမှန်ကို

ရနိုင်ပါတယ်။

(ဆရာတော် ဦးဇောတိက)

+++++++++++++++++++++++++++

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com