Wednesday, September 14, 2011

" ရဖို့ထက် သိဖို့က ပိုအရေးကြီး..."


တစ်ဦးသိတာကို နောက်တစ်ဦးကို မျှဝေပေးလို့

လူ့လောကကြီး တိုးတက်လာတာပါ။

အဆင့်ဆင့် လက်ဆင့်ကမ်းလာကြတာပါ။

++++++++++++++++++++++++++++++++++++++++

အဖော်မဲ့အထီးကျန်ဖြစ်ဖို့ရာ အရင်းခံ အကြောင်းဟာ

အတ္တစွဲပါပဲ။

++++++++++++++++++++++++++++++++++++++++

မာန သိပ်ကြီးသွားရင်

အဖော်မဲ့သွားတယ်။

လူမသိအောင် ဖုံးရတာတွေ များရင်လည်း

အဖော်မဲ့ အထီးကျန်ဖြစ်တယ်။

++++++++++++++++++++++++++++++++++++++++

လူ့လောကမှာနေပြီး

ကိုယ့်ကိုယ်တိုင်လူဖြစ်တဲ့အတွက်ကြောင့်

အရေးအကြီးဆုံးက

လူ့အကြောင်းနားလည်ဖို့ပါ။

++++++++++++++++++++++++++++++++++++++++

ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင်

လုပ်တာဟာ သူများမဟုတ်ပါဘူး။

ကိုယ့်စိတ်ပါ၊

ကိုယ့်အတွေးပါ။

ကိုယ့်သဘောထားမှားနေလို့ပါ။

ကိုယ့်အတွေးအခေါ်တွေ မှားနေလို့ပါ။

ကိုယ့်စိတ်ကို ကိုယ် နားမလည်လို့ပါ။

ကိုယ့်စိတ်က အတွေးတွေ အမျိုးမျိုးတွေးပြီးတော့

ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါ။

++++++++++++++++++++++++++++++++++++++++

နေ့စဉ်နေ့တိုင်း ကိုယ့်စိတ်ကို ကိုယ်သိပြီးတော့

နေသွားမယ်ဆိုရင်

အလိုအလျှောက်ပဲ

ကောင်းတဲ့ဘက်ကို တိုးတက်လာမယ်။

++++++++++++++++++++++++++++++++++++++++

ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့စိတ်ဟာ

ကိုယ့်အဖော်ဖြစ်နေတယ်။

သတိဟာ ကိုယ့်အဖော် ဖြစ်နေတယ်။

++++++++++++++++++++++++++++++++++++++++

သတိပဋ္ဌာန်တရားကို

ကိုယ်နဲ့မကွာ အမြဲတမ်းပါတဲ့ မိတ်ဆွေကောင်း

ဖြစ်အောင်လေ့ကျင့်ပြုစုပျိုးထောင်ထားပါ။

++++++++++++++++++++++++++++++++++++++++

မိတ်ဆွေကောင်းလိုချင်ရင်

ကိုယ်ကိုယ်တိုင်ကပဲ မိတ်ဆွေကောင်းအဖော်ကောင်း

ပီသအောင် နေလိုက်ပါ။

++++++++++++++++++++++++++++++++++++++++

တစ်ဦးပေါ်တစ်ဦးထားတဲ့ စစ်မှန်တဲ့ မေတ္တာ၊

လေးစားမှု၊

တန်ဖိုးထားမှုဟာ ဘဝမှာ

စိတ်ချမ်းသာမှု အများဆုံးပေးနိုင်တဲ့အရာ ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++

မျှော်လင့်ချက်နဲ့

အဖြစ်မှန်၊ အခြေအနေမှန်ကို မျှအောင်လုပ်ပြီး

နေသွားတာဟာ လောကမှာ

ဉာဏ်အမြော်အမြင်ရှိတဲ့ တစ်ခုတည်းသော

နေနည်းပါပဲ။

++++++++++++++++++++++++++++++++++++++++

ကျေးဇူးတင်နိုင်တဲ့စိတ်ဟာ ချမ်းသာတဲ့စိတ်ဖြစ်ပါတယ်။

ကျေးဇူးမသိတတ်တဲ့သူဟာ

ဉာဏ်ပညာကြီးမားသူ

မဖြစ်နိုင်ဘူး။

++++++++++++++++++++++++++++++++++++++++

ကျေးဇူးသိတတ်တဲ့သူမှာ မိတ်ဆွေကောင်းပေါတယ်။

အခက်အခဲနဲ့တွေ့တဲ့အခါ အကူအညီပေးမည့်သူ ပေါတယ်။

++++++++++++++++++++++++++++++++++++++++

ကျေးဇူးကို သိတဲ့စိတ်၊

အသိအမှတ်ပြုတဲ့စိတ်ဟာ လေးနက်၊

နူးညံ၊ အေးချမ်းတဲ့စိတ် ဖြစ်တယ်။

++++++++++++++++++++++++++++++++++++++++

သတိမြဲလေလေ၊

အသိမြဲလေလေ၊

စိတ်နေသဘောထားလေးနက်၊မြင့်မြတ်လေလေ၊

ကြည်လင်အေးချမ်းလေလေ ဖြစ်လာနိုင်တယ်။

++++++++++++++++++++++++++++++++++++++++

ဘယ်လို လောကဓံနဲ့တွေ့ရ၊ တွေ့ရ၊

အားလုံးဟာ ရင့်ကျက်မှုကို

အထောက်အကူ ပြုမယ်။

++++++++++++++++++++++++++++++++++++++++

အကောင်းအဆိုး၊ တွေ့ရသမျှ ဘဝအတွေ့အကြုံထဲက

လေးနက်တဲ့အသိအမြင်ကို ရမှသာ

အတွေ့အကြုံဟာ တန်ဖိုးရှိတယ်။

++++++++++++++++++++++++++++++++++++++++

အမြင်မှန်ဖို့၊

သဘောထားမှန်ဖို့၊

စေတနာမှန်ဖို့၊ အရေးအကြီးဆုံးဖြစ်ပါတယ်။

ရဖို့ထက် သိဖို့က ပိုပြီး အရေးကြီးပါတယ်။

++++++++++++++++++++++++++++++++++++++++

တကယ်စစ်မှန်တဲ့သတိ

(ပစ္စုပ္ပန်တည့်တည့်သိနေတဲ့သတိ)နဲ့တရားအားထုတ်ခြင်းဟာ

တကယ်စစ်မှန်တဲ့ မေတ္တာကို

ဖော်ပြတာနဲ့တူနေတယ်။

++++++++++++++++++++++++++++++++++++++++

အသိအမြင်ထူးမှ၊

သဘောထားထူးမှ၊

မြင်သမျှ၊ ကြားသမျှ ၊လုပ်သမျှတွေဟာ

ထူးလာမယ်။

++++++++++++++++++++++++++++++++++++++++

( ဆရာတော်ဦးဇောတိက )

Tuesday, September 13, 2011

" ဘဝကို ရောင်းမစားပါနဲ့..."




မြင့်မြတ်တဲ့ဘက်ကို သွားနေမှ

တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုဟာဖြစ်နိုင်တယ်။

ကိုယ့်ရဲ့ အကောင်းဆုံးဂုဏ်၊

အကောင်းဆုံးအရည်အချင်းတွေ

အမြင့်ဆုံးရောက်အောင် အကောင်အထည်ဖော်နေမှ

တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုဟာ ဖြစ်နိုင်တယ်။

တစ်နေ့တခြားပိုပြီး မြင့်မြတ်တာကို သိမှပဲ

တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုဟာ

ဖြစ်ပေါ်လာတယ်။

+++++++++++++++++++++++

ကိုယ်ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ထွက်လေ၊ဝင်လေကို

သတိလေးနဲ့ကပ်ပြီးသိနေရတဲ့အချိန်မှာ

ဘာမှ မတွေးဘဲနဲ့နေရတဲ့အတွက် ကြည်လင်

အေးချမ်းပြီးတော့ မြင့်မြတ်နေတယ်ဆိုတာ

တွေ့ရတယ်။

+++++++++++++++++++++++

အဓိပ္ပာယ်ရှိတဲ့ဘဝအမြင်ကို ရထားတဲ့သူဟာ

ဘယ်လောက်ဒုက္ခနဲ့

ကြုံရ၊ကြုံရ၊ခံနိုင်တယ်။

+++++++++++++++++++++++

ဒုက္ခနဲ့တွေ့ရလို့ စိတ်ဓာတ်မကျဘူး။

လောကဓံကို အရှုံးမပေးဘူး။

ကိုယ့်ရဲ့မြင်မြတ်တဲ့စိတ်ထားကို

အပျက်မခံဘူး။

ဘဝကို ရောင်းမစားဘူး။

ကိုယ့်ကိုယ်ကို ကိုယ်တန်ဖိုးမချဘူး။

အားလုံးကို ခံနိုင်ရည်ရှိအောင်

မြင့်မြတ်တဲ့စိတ်ထားက

ခံနိုင်ရည်ကိုပေးတယ်။

+++++++++++++++++++++++

သတိရှိလာတဲ့သူကျတော့

စိတ်ချမ်းသာမယ့်စကား ကိုပြောတယ်။

အကျိုးရှိမယ့်စကားကိုပဲ ပြောတယ်။

+++++++++++++++++++++++

ဘယ်ခေတ်မှာ ဖြစ်စေ

အကောင်း အဆိုးရောနေတာပါ။

ခေတ်ဆိုတာ လူတွေအပေါ်မှာမူတည်ပါတယ်။

+++++++++++++++++++++++

မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့ဂုဏ် ကို အာရုံပြုတာများရင်

ကိုယ်ကိုယ်တိုင် မြတ်မြတ်တဲ့သူ ဖြစ်ချင်လာတယ်။

+++++++++++++++++++++++

ကောင်းတဲ့အလုပ်၊

အရေးကြီးတဲ့အလုပ်၊

တန်ဖိုးရှိတဲ့အလုပ်တွေကို

သဘောထားကြီးကြီး၊

ရည်မှန်းချက်ကြီးကြီးနဲ့ လုပ်နေတဲ့သူဟာ

သူများက ကိုယ့်အကြောင်း ချီးမွမ်းတာကိုလည်း

ခေါင်းထဲမှာ ကြာကြာမထားနိုင်ဘူး၊

ကဲ့ရဲ့တာကိုလည်း ခေါင်းထဲမှာ ကြာကြာမထားနိုင်ဘူး။

+++++++++++++++++++++++

ငါ့ကို ဘယ်သူမှ မကောင်းမပြောရင်

ငါဟာ ရင့်ကျက်လာတဲ့သူဖြစ်မလာနိုင်ဘူး။

+++++++++++++++++++++++

(ဆရာတော်ဦးဇောတိက)


+++++++++++++++++++++++++++++++++++++++++++++++++++



ဘုရားရှင် ကျေးဇူးတော်...

၁။ ဘုရားရှင်တော်၊ မပွင့်ပေါ်လျှင်၊
လူတော်အများ၊ စိတ်ကောင်းထားလည်း၊
ဤကား ကုသိုလ်၊ အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀၊ မသိကြ၊ များလှအပြစ်တွေ။


၂။ ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊
ဟောဖော်ညွှန်ကြား၊ မြတ်တရားကြောင့်၊
ဤကား ကုသိုလ်၊ အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀၊ သိကြရ၊ များလှ ကျေးဇူးပေ။


၃။ ကျေးဇူးတော်ရှင်၊ ဘုရားရှင်ကို၊
နေ့စဉ် မပြတ်၊ ကျေးဇူးဆပ်ဘို့၊
ပရိယတ်နှင့်၊ ပဋိပတ်နှစ်ဖြာ၊
သာသနာကို၊ ကောင်းစွာ ကြိုးကုတ်၊
လွန်အားထုတ်၊ အဟုတ်ကျင့်ကြစေ။


(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)

++++++++++++++++++++++++++++++++++++++++

ဓမ္မသံဝေဂ လင်္ကာ

၁။ ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်
၂။ တဏှာစေရာ မနေသာ ဖွေရှာဆက်ရမည်။
၃။ ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွါသွားရမည်။
၎။ တကယ့်အရေး တကယ်ဘေး ဘယ်သွေးဘယ်သား မကယ်ပြီ။
၅။ ငါနှင့်ရွယ်တူ ငါအောက်လူ ကြီးသူသေကြများလှပြီ။
၆။ ခဏမစဲ အိုစမြဲ ငါလဲ သေဘက်နီးခဲ့ပြီ။
၇။ ဇရာမီးတောင် ကိုယ်တည်းလောင် သေအောင်မြိုက်တော့သည်။
၈။ မသေရခင် သွားလမ်းစဉ် ကြိုတင်ပြင်သင့်ပြီ။
၉။ ဒါန သီလ ဘာဝနာ လမ်းသာထွင်လိမ့်မည်။
၁၀။ မဂ္ဂင်ယာဉ်ကြီး အမြန်စီး ခရီးထွက်တော့မည်။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)

Monday, September 12, 2011

"စကားမပြောတဲ့မိန်းမဆိုတာ..."


ကျနော်နဲ့ကိုလှမြင့်တို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြတယ်။

နှစ်ပေါင်း နှစ်ဆယ်ကျော်ခွဲခွာပြီးမှ

ပြည်ပနိုင်ငံမှာ ပြန်ဆုံကြတော့ ဘာမဆိုရင်ဖွင့်လေ့ရှိကြတယ်။

တစ်နေ့တော့ ကိုလှမြင့်က ပြောစရာရှိတဲ့အတွက်

စတားဘတ်ခ် (Starbucks Coffee Shop ) ကော်ဖီဆိုင်မှာ ချိန်းဆိုကြတယ်။

ကိုလှမြင့်က

starbucks ကော်ဖီဆိုင်မှာ ထိုင်ချလိုက်တာနဲ့

ကျနော့်ကို ပြောပါတော့တယ်။

“ ငါ့ မိန်းမနဲ့ကွာတော့မယ်၊

သူ ငါ့ကို စကားမပြောတာ ကိုးလတိတိရှိပြီကွ ”


ကျနော်ကစဉ်းစဉ်းစားစားပြန်ပြောလိုက်ပါတယ်။

“ ဟေ့ လှမြင့်၊

မင်း အလျင်မလိုနဲ့၊

ပြန်စဉ်းစားနော်၊

ဒီလိုမိန်းမမျိုး

မင်း နောက်ထပ် ရှာတွေ့မှာ

မဟုတ်ဘူးနော်... ”
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com