Wednesday, August 17, 2011

"အသက်ပါ ပေးလိုက်မယ်..."


ငါ ဆုံးဖြတ်ချက်နဲ့ငါလုပ်တာ၊

မှားသွားရင် ငါ့မှာပဲ တာဝန်ရှိတယ်။

+++++++++++++++++++++++++++++++++++

လုပ်ကိုလုပ်မှာ၊

ဘယ်လောက်ပဲ အချိန်ကြာကြာ၊

ဘယ်လောက်ပဲ ပင်ပန်း၊ပင်ပန်း၊

ဘယ်လောက်ပဲ ဆင်းရဲ၊ဆင်းရဲ၊

ဒီအလုပ်လုပ်ရဖို့အတွက် ဘဝတစ်ခုလုံးပေးလိုက်မယ်။

အသက်ပါ ပေးလိုက်မယ်။

+++++++++++++++++++++++++++++++++++

ဥပမာ။

ချောက်ကမ်းပါးကြီးတစ်ခုရှိတယ်။

ဒီဘက်အစွန်းနဲ့ဟိုဘက်အစွန်းဟာ

အတော်လေးဝေးကွာနေတယ်။

ဒီဘက်ကနေ ဟိုဘက်ကို ခုန်ပြီးတော့ ကူးမှ ပဲရတယ်။

ကိုယ့်မှာရှိသမျှ အင်အားတွေ အကုန်လုံးကို

ထုတ်ပြီးတော့ စိတ်ကိုလည်း သေသေချာချာ စုစည်းထားပြီးတော့

အဝေးကနေ အရှိန်ယူပြီးတော့ ပြေးလာပြီး တကယ်အရေးကြီးဆုံးနေရာကျမှ

ရှိသမျှအားကုန်ညှစ်ထုတ်ပြီးတော့

ခုန်ထည့်လိုက်ရမယ်။

အဲဒီလို ခုန်မှသာဟိုဘက်ကမ်းရဲ့ထိပ်ဖျားကို နင်းမိမယ်။

နဲနဲလေးလျှော့ပြီးတော့ ခုန်မယ်ဆိုရင် အောက်ကချောက်ထဲကျမှာပဲ။

အဲဒီလိုမျိုးအသက်စွန့်ပြီးလုပ်ရသလိုပဲ တချို့ဘဝမှာဆုံးဖြတ်ပြီး

လုပ်တဲ့အလုပ်တွေဟာ ကိုယ့်မှာရှိသမျှစိတ်ဓာတ်အင်အား၊

ကိုယ်ခန္ဓာအင်အားကို

အကုန်ညှစ်ထုတ်ပြီးတော့ စွန့်စွန့်စားစား

လုပ်ပစ်ရတာမျိုးရှိပါတယ်။

+++++++++++++++++++++++++++++++++++

နေခဲ့ရတာ ဘာထူးသလဲလို့ သေခါနီးမှာ

မေးကြည့်ရရင် ကောင်းမယ်။

+++++++++++++++++++++++++++++++++++

နံက်ဖြန် ငါ ဒီထက်ပိုကောင်းတာတစ်ခုကို

သိလာရင် ပိုကောင်းတာကို စိတ်ပါလက်ပါ

လုပ်မှာပဲ။

တစ်နေ့ထက်တစ်နေ့ အသိဉာဏ်တွေ

ပိုရင့်ကျက်လာတဲ့အခါမှာ

တစ်နေ့ထက်တစ်နေ့ ပိုကောင်းတာတွေ

ရွေးချယ်ပြီး လုပ်သွားရမှာပဲ။

+++++++++++++++++++++++++++++++++++

ဘာကိုပဲ ရွေးချယ် ရွေးချယ်၊

အဲဒါကို ဘဝပေးပြီးလုပ်ဖို့၊

အသက်ပေးပြီးလုပ်ဖို့၊

အသဲနှလုံးပေးပြီးလုပ်ဖို့လိုတယ်။

+++++++++++++++++++++++++++++++++++

ဘာဘဲလုပ်လုပ် ဘယ်တော့မှ အများထိခိုက်တာ မလုပ်ဘူး။

အများအကျိုးရှိတာလုပ်မယ်။

ရိုးရိုးသားသားလုပ်မယ်။ဉာဏ်မီသလောက်

အကောင်းဆုံးကို ကြိုးစားပြီးလုပ်မယ်။

အဲဒီလို သဘောထားမျိုး အခြေခံရှိနေပြီးဆိုရင်

မှားစရာသိပ်မရှိပါဘူး။

+++++++++++++++++++++++++++++++++++

ကိုယ်လုပ်တဲ့အလုပ်ဟာ

ကိုယ့်ရဲ့အကောင်းဆုံးစိတ်ထားနဲ့

ကိုယ့်ရဲ့အကောင်းဆုံးအရည်အချင်းကို

ဖော်ပြနေတာ ဖြစ်ရမယ်။

+++++++++++++++++++++++++++++++++++

လွဲနေမှန်းသိရင် ပြင်မယ်။

ငါ့စေတနာ မဖြူစင်ဘူးဆိုရင် ဖြူစင်အောင်လုပ်မယ်။

မရိုးသားဘူးဆိုရင် ရိုးသားအောင်လုပ်မယ်

ဆိုတဲ့စိတ်ကို ထားရမယ်။

+++++++++++++++++++++++++++++++++++

ဘယ်သူဘယ်လို ပြောပြော

ကိုယ်ဉာဏ်နဲ့ကိုယ်စဉ်းစားဆုံးဖြတ်ပြီးတော့

ကိုယ့်မူလေးနဲ့ ကိုယ်နေမယ်ဆိုတဲ့ ခိုင်မာရင့်ကျက်တဲ့

စိတ်ဓာတ်နဲ့ အသိဉာဏ်ရဖို့ဆိုတာ တော်တော်ကို

ကြိုးစားယူမှ ရတဲ့ကိစ္စ ဖြစ်တယ်။

သတ္တိရှိမှ လုပ်နိုင်တယ်။

+++++++++++++++++++++++++++++++++++

ရှေ့ကိုတိုးပြီးသွားနေအုံးမယ်ဆိုရင်

သတ္တိလိုတာ ချည်းပဲ။

+++++++++++++++++++++++++++++++++++

(ဆရာတော်ဦးဇောတိက)

Tuesday, August 16, 2011

“ အကြံကောင်းတော့ တစ်ချက်...”


နန်းကျဘုရင်ဘရုစ်ဟာ တောတောင်ထဲမှာ

ပုန်းအောင်းပြီး လူသူစုဆောင်းကာ

ပြန်ပြန်တိုက်တယ်။

တိုက်တိုင်းရှုံး၍ စိတ်ပျက်အားလျော့နေခိုက်

သူခိုအောင်းရာ ကျောက်ဂူခေါင်းမိုးတွင်

ပင့်ကူတစ်ကောင် အိမ်ဖွဲ့နေတာကို တွေ့ရတယ်။

ဒီဘက်ကျောက်စွမ်းမှ ဟိုဘက်ကျောက်စွန်းသို့

ပိုးမျှင်တန်းလန်းဖြင့် ခုန်ကူးနေတဲ့ ပင့်ကူမှာ

မမီမကမ်းနဲ့အကြိမ်ကြိမ် ပြုတ်ကျနေပါတယ်။

အကြိမ်ကြိမ် ကြိုးစားတဲ့တိုင်အောင် မအောင်မြင်တာ

တွေ့ရတော့တော်တော်မိုက်တဲ့ ပင့်ကူလေးပဲ၊

ဒီလောက်အဝေးကြီး၊

သူမို့လို့ မစဉ်းမစား ခုန်ကူးနေတယ်လို့

ဘုရင်ကြီးကတွေးမိရင်း

အင်းငါ့လိုပါပဲလား

လို့ခံစားနေရတယ်။

ဇွဲမလျှော့တဲ့ ပင့်ကူငယ်ကို စောင့်ကြည့်နေရာ နောက်ဆုံးတစ်ကြိမ်မှာတော့

ပင့်ကူငယ်လေးဟာ တစ်ဖက်ကျောက်စွန်းသို့ ချောချောမောမော ခြေချနိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ပိုးချည်မျှင် စတင်သွယ်တန်းလိုက်နိုင်တာကို အံ့သြစွာ

တွေ့လိုက်ရပါတယ်။

ဇွဲနဲ့ မဆုတ်မနစ်ကြိုးစားရင် နောက်ဆုံးတော့ အောင်မြင်တာပဲ

လို့ ဘုရင်ကြီး သဘောပေါက်နားလည်သွားပါတယ်။

အဲဒီအချက်ပေါ်မှာ အားကျအတုယူပြီး

ပြန်တိုက်တဲ့အခါ အောင်မြင်ပြီး

ထီးနန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တကယ်တော့ ဘဝမှာ အောင်မြင်ဖို့ဆိုတာ

တစ်ခုခုကို သဘောပေါက်၊နားလည်ပြီး

ရုန်းကန်ကြိုးစားမိဖို့သာ အရေးကြီးပါတယ်။

ဘဝမှာ အလင်းတစ်ချက် လက်သွားဖို့

နဲ့

အဲဒီအလင်းရောင်ကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ကို

လူတိုင်းနားလည်သဘောပေါက်ခဲ့မယ်ဆိုရင်

အောင်မြင်ခြင်းဆိုတာ

လက်တစ်ကမ်းမှာပါလားလို့

လူတိုင်းသဘောပေါက်၊နားလည်ပြီး၊

လူတိုင်းတွေ့ထိခံစားရမှာပါ။

အခက်အခဲတွေ ကတော့ ရှိနေပါလိမ့်မယ်။

အဲဒီအခက်အခဲကိုလည်း ဖြေရှင်းနိုင်တဲ့နည်းလမ်းကောင်းတွေလည်း

ရှိနေစမြဲပါပဲ။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com