Wednesday, July 20, 2011

“ ကောင်းအောင်လုပ်၊ မလုပ်ရင်ထွက်... ”


၁။

ကိုယ့်ကိုယ်ကိုကိုယ်

တကယ်လေးစားတဲ့သူ၊

တကယ်တန်ဖိုးထားတဲ့သူ၊

တကယ်ယုံကြည်တဲ့သူ၊တွေဟာ

အလကားမလိုချင်ဘူး။

တန်ရာတန်ကြေးပေးပြီးမှ

လိုချင်တယ်။

( ဆရာတော် ဦးဇောတိက )

+++++++++++++++++++++++++++++++++++++++++++++++++

၂။

လူတွေအပေါ် ချိုသာယဉ်ကျေးပါ


+++++++++++++++++++++++++


ဘယ်တော့မှ အောက်တန်းမကျပါနဲ့၊

ဘဝမှာသူတို့နဲ့ပြန်ဆုံရင်ဆုံရဦးမှာ၊

ပြီးတော့ကွယ်၊

အဲဒီလို ရိုင်းစိုင်းလိုက်လို့

ဘာမှ အကျိုးဖြစ်မလာနိုင်ဘူး

+++++++++++++++++++++++++++++++++++++++++++++++++

တာဝန်ကျလာရင်

အကောင်းဆုံးလုပ်၊

စိတ်မပါဘူး၊

ပျင်းစရာကြီး ဆိုတာမျိုးကိုတောင်

စိတ်ပါလက်ပါလုပ်ပါ။

+++++++++++++++++++++++++++++++++++++++++++++++++

ဂုဏ်မလိုချင်နဲ့၊

ဂုဏ်ရှိတဲ့ လူတွေကြားမှာ နေရင်

ကိုယ်လည်း အလိုလို ဂုဏ်တက်လာတာပဲ။

+++++++++++++++++++++++++++++++++++++++++++++++++

သူများကို ဂုဏ်တက်အောင်

လုပ်ပေးလေလေ၊

ကိုယ်လည်း ပိုမြင့်လာလေလေ

ဖြစ်ပါတယ်။

+++++++++++++++++++++++++++++++++++++++++++++++++

ကိုယ်မူနဲ့ကိုယ်

Jack WelchK( 69 years)

+++++++++++++++++++++++++++++++++++++++++++++++++

အဖျက်အပြောတွေ

နားမထောင်နဲ့။

အဖျက်အပြောတွေနဲ့

ဝိုင်းလှောင်ကြတဲ့ အတန်းဖော်တွေကို

ဂရုမစိုက်နဲ့၊

သူတို့ဟာကွင်းလယ်ကလူကို

ဘေးထိုင်ပြောဖို့ပဲ

မွေးလာကြတာတွေ၊

သူတို့ ဘာကြောင့် ဒီလိုမျိုးလုပ်ရတာလဲဆိုတော့

မနာလိုစိတ်ကြောင့်ပေါ့

+++++++++++++++++++++++++++++++++++++++++++++++++

စေ့စပ်ညှိနှိုင်းပြီဆိုရင်

သူများအတွက်လည်း နည်းနည်းချန်ပါ

( Dick Parsons )56 years

…………………………………………………………………………………………

ဒီလောကက ကျဉ်းတယ်။

လုပ်ရဖို့က လည်း အရှည်ကြီး၊

သူတို့နဲ့ တစ်ကျော့ပြီး တစ်ကျော့ ပြန်ဆုံနေရမှာပဲ။

လုပ်ရကိုင်ရတိုင်းမှာ သူတို့နဲ့ ဘယ်လိုဆက်ဆံသလဲဆိုတာက ရေရှည်မှာ

မှတ်တမ်းဖြစ်သွားလိမ့်မယ်။

ညှိကြဖို့၊

အလျှော့အတင်းလုပ်ကြဖို့ရှိလာရင် ကိုယ့်ဖို့ချည်း မစဉ်းစားဘဲ

သူတို့အတွက်ပါ နည်းနည်းချန်ပေးခဲ့ရင် အားလုံးကျေနပ်ကြမယ်

+++++++++++++++++++++++++++++++++++++++++++++++++

ဒါမှန်တယ်လို့ လူတိုင်း သိနေကြတာပဲ

ဆိုတာမျိုးမှာ

ဘယ်သူမှ ရေရေရာရာမသိဘူး

( Andy Grove )

+++++++++++++++++++++++++++++++++++++++++++++++++

ခင်ဗျားတကယ်ပိုင်သမျှက

စိတ်ကူးတွေရယ်၊

ချရေးဖို့ သတ္တိရယ်ပဲ

( Brian Grazer )

ဖျော်ဖြေရေးလုပ်ငန်းနယ်ပယ်ထဲမှာ ကျင်လည်ချင်ရင်

မင်းမှာ ခုတုံးရှိရမယ်။

ငွေကြေး၊ မျိုးရိုး၊ လူကြီးနဲ့အဆက်အသွယ်ဆိုတဲ့

သုံးခုစလုံး မင်းမှာ မရှိဘူး၊

ဒီတော့ အနုပညာဆိုတဲ့ ခုတုံးပဲ သုံးရမယ်။

အနုပညာဆိုတာ

မင်းရဲ့ခေါင်းထဲမှာ ရှိတာ ချရေးဖို့လိုတယ်။

ချရေးလိုက်တော့မှ စာတစ်စောင်၊ပေတစ်ဖွဲ့ဖြစ်လာမယ်။

အဲဒါ မင်းတက်လှမ်းဖို့ ခုတုံးပဲ

( Brian Grazer )

+++++++++++++++++++++++++++++++++++++++++++++++++

၃။

လမ်ကြောင်းအစစ်ဟာ အခွင့်အလမ်းအမှားတွေကို

ခေါင်းခါလိုက်မှ ရလာတာ

( လမ်းမှားတွေကို ရှောင်တော့မှ လမ်းမှန်ကို ရောက်လာတာ)

ကြီးပွားဖို့ဆိုတာ လွယ်ပါတယ်။

ခေါင်းခါတတ်ဖို့ကသာ

ခက်တာ

+++++++++++++++++++++++++++++++++++++++++++++++++

ကောင်းအောင်လုပ်၊

မလုပ်ရင်ထွက်

( Peter Drucker )

+++++++++++++++++++++++++++++++++++++++++++++++++

အလုပ်နဲ့မိသားစုကြား

အချိန်မျှပါ

( David Neeleman )

+++++++++++++++++++++++++++++++++++++++++++++++++

ထွန်းကားလမ်းမရှိတဲ့

လုပ်ငန်းကနေ

ရုန်းထွက်

( Mickey Drexler)

+++++++++++++++++++++++++++++++++++++++++++++++++

ဂုဏ်ကို သူများတွေ ယူပါစေ

( Brian Roberts )

+++++++++++++++++++++++++++++++++++++++++++++++++

လုပ်ငန်းအဆောက်အအုံထဲမှာ

လူသားချစ်စိတ် သွတ်သွင်း

(Marc Benioff)

+++++++++++++++++++++++++++++++++++++++++++++++++

စစ်မှန်ရိုးသားတဲ့လူတွေ

ခေါ်သုံးပါ။

ပြီးတော့ သူတို့ရှေ့မှာ

ကန့်လန့်မခံနဲ့

( Hector Ruiz )

+++++++++++++++++++++++++++++++++++++++++++++++++

တစ်ခုခုကို စွဲလမ်းနှစ်သက်ရင်

ငွေလိုက်လာတာပဲ

( Donny )

…………………………

ဘဝမှာ မင်းမြတ်နိုးမယ့် အလုပ်တစ်ခုကိုရှာ၊

အမှိုက်ပဲ ကျုံးကျုံး၊

လုပ်ချင်တာလုပ်၊

ကိုယ့်အလုပ်ကို ကိုယ်မြတ်နိုးရင်

အားလုံး အဆင်ပြေသွားလိမ့်မယ်။

ချစ်တတ်ရင် ငွေလည်းဝင်လာမှာပဲ

( ဖေဖေ )

+++++++++++++++++++++++++++++++++++++++++++++++++

ရှေ့ရေးကို သေသေချာချာ

ပုံဖော်ကြည့်ထား

( Klaus Kleinfeld )

{ SIEMENS’s CEO }

+++++++++++++++++++++++++++++++++++++++++++++++++

ရာထူးဂုဏ်ထူးထက်

ပင်ကို စွမ်းရည်ကို လေးစားပါ

( Herb Kelleher )

…………………………………….

လူတွေနဲ့ဆက်ဆံရင်

ကျုပ် စူးစမ်းတယ်။

သူတို့မှာ ဘာအတွေးအခေါ်တွေ

ရှိနေသလဲဆိုတာ ကျုပ်စိတ်ဝင်စားတယ်။

အိုင်ဒီယာရှိဖို့အတွက် ပါရဂူဘွဲ့မလိုပါဘူး၊

နားကိုသာ စွင့်ထားပြီး များများနားထောင်၊

ငယ်သားတွေကို အလုပ်သမားအဖြစ်ထက်

လူသားအဖြစ်မြင်ပြီး တစ်ဦးချင်းအပေါ် စိတ်ဝင်စားပါ။

………………………………………………………………………

ကျုပ်ကြိုးစားပြီး ကျင့်ကြံတာကတော့

တစ်ဦးတစ်ယောက်နဲ့စကားပြောနေရင်

ကမ္ဘာပေါ်မှာအဲဒီအခိုက်အတန့်အတွင်း

လူဆိုလို့ သူတစ်ယောက်တည်း ရှိတယ်လို့

သဘောထားတာပဲ။

ဒီအခွင့်အရေးကို သူတို့ရထိုက်ပါတယ်။

တကယ်လည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။

+++++++++++++++++++++++++++++++++++++++++++++++++

ပညာကို ဘယ်သူ့ဆီကမဆို ရနိုင်ပါတယ်

( Clayton Christensen )

+++++++++++++++++++++++++++++++++++++++++++++++++

၃။

တောင်ခြေမှာရပ်ပြီး

လှမ်းမျှော်ကြည့်ရုံဖြင့်

အပေါ်ကို မရောက်နိုင်၊

တက်မှသာ အပေါ်ရောက်နိုင်မည်။

+++++++++++++++++++++++++++++++++++++++++++++++++

မိုင်တစ်ထောင်ခရီးရဲ့အစဟာ

ပထမဆုံးခြေလှမ်းပင် ဖြစ်တယ်။

+++++++++++++++++++++++++++++++++++++++++++++++++

မလုပ်သူသည်

ဘာမှ ဖြစ်လာဖို့မရှိ။

+++++++++++++++++++++++++++++++++++++++++++++++++

၎။

မသိသူကို သိအောင်သင်ပေးနိုင်သည်။

မတတ်သူကို တတ်အောင် သင်ပေးနိုင်သည်။

မလုပ်သူကိုတော့ လုပ်အောင် သင်ပေး၍ မရ။

+++++++++++++++++++++++++++++++++++++++++++++++++

စမ်းမကြည့်ရသေးဘဲ မဖြစ်နိုင်ဘူးလို့

မပြောပါနဲ့။

( မစ္စတာ ဟွန်ဒါ )

+++++++++++++++++++++++++++++++++++++++++++++++++

၅။

ဘုရင်နဲ့ပင့်ကူ…”

နန်းကျဘုရင်ဘရုစ်ဟာ တောတောင်ထဲမှာ

ပုန်းအောင်းပြီး လူသူစုဆောင်းကာ

ပြန်ပြန်တိုက်တယ်။

တိုက်တိုင်းရှုံး၍ စိတ်ပျက်အားလျော့နေခိုက်

သူခိုအောင်းရာ ကျောက်ဂူခေါင်းမိုးတွင်

ပင့်ကူတစ်ကောင် အိမ်ဖွဲ့နေတာကို တွေ့ရတယ်။

ဒီဘက်ကျောက်စွမ်းမှ ဟိုဘက်ကျောက်စွန်းသို့

ပိုးမျှင်တန်းလန်းဖြင့် ခုန်ကူးနေတဲ့ ပင့်ကူမှာ

မမီမကမ်းနဲ့အကြိမ်ကြိမ် ပြုတ်ကျနေပါတယ်။

အကြိမ်ကြိမ် ကြိုးစားတဲ့တိုင်အောင် မအောင်မြင်တာ

တွေ့ရတော့တော်တော်မိုက်တဲ့ ပင့်ကူလေးပဲ၊

ဒီလောက်အဝေးကြီး၊

သူမို့လို့ မစဉ်းမစား ခုန်ကူးနေတယ်လို့

ဘုရင်ကြီးကတွေးမိရင်း

အင်းငါ့လိုပါပဲလား

လို့ခံစားနေရတယ်။

ဇွဲမလျှော့တဲ့ ပင့်ကူငယ်ကို စောင့်ကြည့်နေရာ နောက်ဆုံးတစ်ကြိမ်မှာတော့

ပင့်ကူငယ်လေးဟာ တစ်ဖက်ကျောက်စွန်းသို့ ချောချောမောမော ခြေချနိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ပိုးချည်မျှင် စတင်သွယ်တန်းလိုက်နိုင်တာကို အံ့သြစွာ

တွေ့လိုက်ရပါတယ်။

ဇွဲနဲ့ မဆုတ်မနစ်ကြိုးစားရင် နောက်ဆုံးတော့ အောင်မြင်တာပဲ

လို့ ဘုရင်ကြီး သဘောပေါက်နားလည်သွားပါတယ်။

အဲဒီအချက်ပေါ်မှာ အားကျအတုယူပြီး

ပြန်တိုက်တဲ့အခါ အောင်မြင်ပြီး ထီးနန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တကယ်တော့ ဘဝမှာ အောင်မြင်ဖို့ဆိုတာ

တစ်ခုခုကို သဘောပေါက်၊နားလည်ပြီး

ရုန်းကန်ကြိုးစားမိဖို့သာ အရေးကြီးပါတယ်။

ဘဝမှာ အလင်းတစ်ချက် လက်သွားဖို့

နဲ့ အဲဒီအလင်းရောင်ကို အမိအရ

ဆုပ်ကိုင်နိုင်ဖို့ကို လူတိုင်းနားလည်သဘောပေါက်ခဲ့မယ်ဆိုရင်

အောင်မြင်ခြင်းဆိုတာ

လက်တစ်ကမ်းမှာ ပါလားလို့ လူတိုင်းတွေ့ထိခံစားရမှာပါ။

+++++++++++++++++++++++++++++++++++++++++++++++++++++

၆။

ဘာလို့ထွက်ပြေးမလဲ၊

ခံတိုက်ပြီး ကောင်းအောင်ပြုပြင်ပေါ့ကွ၊

မင်း ဒီက နေထွက်ပြေးပြီးရင် ဟိုကျတော့လည်း

ထွက်ပြေးဦးမှာပဲ

လို့ ပြောပါတယ်

(စတီးဗ်ဒိုနိုဗန်)

+++++++++++++++++++++++++++++++++++++++++++++++++++++++++

လမ်းကြောင်းအစစ်ဟာ အခွင့်အလမ်း အမှားတွေကို

ခေါင်းခါလိုက်မှ ရလာတာ

( ဂျင်မ်ကောလင်းစ် )

+++++++++++++++++++++++++++++++++++++++++++++++++++++++++

ကျနော်တို့ဟာကုမ္ပဏီရဲ့မြှုပ်နှံမှုက တစ်ရာခိုင်နှုန်း

ကို Salesforce.com ဖောင်ဒေးရှင်းဆိုတဲ့ အမြတ်အစွန်းမယူတဲ့လုပ်ငန်း

အတွက် သုံးပါတယ်။

ကုမ္ပဏီရဲ့အမြတ်ထဲကလည်း တစ်ရာခိုင်နှုန်းကို အဲဒီ

ဖောင်ဒေးရှင်ထဲထည့်ဖို့ ပြဋ္ဌာန်းလိုက်ပါတယ်။

အဲဒီတုန်းကတော့ အမြတ်မရှိသေးပါဘူး။

Alan ကထပ်ပြီး အကြံပေးလို့ ဝန်ထမ်းတွေရဲ့လုပ်ငန်းချိန်က

တစ်ရာခိုင်နှုန်းကိုပါ ယူသုံးဖို့ စီစဉ်ပါတယ်။။

အဲဒီမှာ လစာပြည့်နဲ့တစ်နှစ်ကို ခြောက်ရက် ထွက်လာပါတယ်။

(ဝန်ထမ်းတိုင်းဟာ တစ်နှစ်မှာ ခြောက်ရက်လစာပြည့်နဲ့

လူထုအကျိုးပြုလုပ်ငန်း လုပ်ရတာပါ )

ဝန်ထမ်းတွေဟာ ဒီလို စေတနာ့ဝန်ထမ်းလူမှုရေးလုပ်ငန်းတွေမှာ

ပျော်ကြလွန်းလို့ ကုမ္ပဏီမှာ မြဲကြပါတယ်။

ကုမ္ပဏီအတွက် ကြိုးစားကြပါတယ်။

သူတို့က လူမှုရေးလုပ်ငန်းတွေကို စူးစမ်းချင်ကြ၊

ဝင်လုပ်ချင်နေကြတာဖြစ်တော့ ကျနော်တို့က

စီမံချက် ဆွဲပေးရုံပါပဲ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

လက်အောက်ငယ်သားတွေ တောင်းဆိုလာသမျှကို

ရဲရဲတင်းတင်း ခေါင်းညိတ်ပြီး သူတို့တစ်တွေ

မှန်မှန်ကန်ကန် လုပ်ကြလိမ့်မယ်လို့လည်း

လုံးဝ ယုံကြည်နေရရင် ခေါင်းဆောင်တစ်ယောက်ဟာ

သူ့လမ်းကြောင်းမှန်နေပြီဆိုတာ

ကိုယ့်ဘာသာကိုယ်သိတယ်

လို့ပြောပါတယ်။

ရိုးသားကြိုးစားတဲ့လူတွေ ရလာပြီ သူတို့ကလည်း

ကိုယ့်ကုမ္ပဏီရဲ့ ရည်ရွယ်ချက်နဲ့ပန်းတိုင်ကို

ကောင်းကောင်းကြီး သဘောပေါက်နေကြတယ်ဆိုရင်

ခေါင်းဆောင်တစ်ဦးအနေနဲ့ အကောင်းဆုံးးလုပ်ရမှာက

သူတို့ရှေ့မှာ ကန့်လန့်ခံမနေဖို့ဘဲလို့လည်း

အကြံပေးပါတယ်။

( ဟက်တာရူးအဇ် )

+++++++++++++++++++++++++++++++++++++++++++++++++++++++++

မြတ်နိုးတာလုပ်

( တဒ်ကော်ပယ်လ် )

ဘဝရည်မှန်းချက်က ဘာလဲ


Monday, July 18, 2011

" ဘရိမ်းကိန်း( Brain Gain )ဖြစ်ပါစေ..."





တစ်ခါတုန်းက လိပ်မကြီးတစ်ကောင်ရှိလေရဲ့။
အဲဒီလိပ်မကြီးဟာ ဥတွေဥချင်လာတယ်။
အဲဒီတော့ သူပေါက်ပွားခဲ့ရာ 'ဘားမား'ဆိုတဲ့ကျွန်းလေးကို သတိရလာပါတယ်။
အဲဒီကျွန်းဟာ အခုလောလောဆယ်သူရောက်နေတဲ့နေရာဆိုရင် အရမ်းဝေးပါတယ်။
ဒါပေမယ့် အဲဒီကျွန်းကိုရောက်အောင်ကြိုးစားပြီးကူးခတ်ပြီးသွားခဲ့ပါတယ်။
အဲဒီကျွန်းပေါ်ရောက်တော့ သဲသောင်ပြင်ပေါ်ကို ယက်ပြီး တစ်ရွေ့ရွေ့တက်လာခဲ့ပါတယ်။
လိပ်မကြီးက ယက်ရင်း၊တက်ရင်းနဲ့စဉ်းစားလာပါတယ်။
လူတွေက ပြောကြတယ်။
လိပ်လိုပဲ ကိုယ့်ဖက်ကိုယ့်ယက်တတ်သတဲ့။
ကောင်းတဲ့စကားပုံတော့ ဟုတ်ဟန်မတူပါဘူး။
အတ္တကြီးတယ်ဆိုတဲ့သဘောကို ကိုယ်စားပြုထားတာလို့ထင်မိပါတယ်။
မသိလို့မေးလိုက်ချင်ပါတယ်။
လူတွေကရော ကိုယ့်ဖက်ကိုယ်မယက်တတ်ကြဘူးလား။
အတ္တမကြီးဘူးလားလို့မေးလိုက်ချင်မိပါတယ်။
ဒါနဲ့ပဲ'ဘားမား'ဆိုတဲ့ကျွန်းပေါ်ရောက်လာပြီး
ဥတွေဥလို့ကောင်းတဲ့နေရာတစ်ခုကို လိုက်ရှာရသေးတယ်။
စိတ်ချလုံခြုံတဲ့နေရာပေါ့။
အဲဒီနေရာရောက်အောင် မနဲရှာရပါတယ်။
ရှာလို့တွေ့ပြီးဆိုတာနဲ့ညအမှောင်ကို အောင့်အည်းစောင့်ရသေးတယ်။
လူတွေနဲ့အခြားလိပ်ဥကိုစားတတ်တဲ့ သတ္တဝါတွေကို မမြင်ရအောင်လေ။
စိတ်ချတဲ့အခါမှ လိပ်ဥတွေအမြောက်အများကို ဥကျင်းထဲမှာ ဥချလိုက်ပါတယ်။
လိပ်ဥတွေကို စောင့်ရှောက်ချင်ပေမယ့် အနားမှာမနေရဲပါဘူး။
လိပ်မကိုတွေ့ရင် လိပ်ဥရှိမှာပဲလို့အသေအချာတွက်ပြီး ဥကိုလိုက်ရှာမှအခက်။
ဒါနဲ့ပဲ လိပ်မကြီးဟာ လိပ်ဥကိုထားခဲ့ပြီး၊
ရေကြည်ရာ မြက်နုရာကိုထွက်ခဲ့ရပြန်ပါတယ်။
တဖြည်းဖြည်းနဲ့လိပ်ဥတွေနဲ့ဝေးသထက်ဝေးလာခဲ့ပါတယ်။
ဒါပေမယ့် အစာရှာစားချိန်ကလွဲရင်
ကျန်တဲ့အချိန်တိုင်းမှာ လိပ်ဥတွေကို မေတ္တာပို့နေမိပါတယ်။
လိပ်ဥတွေဆိုတာ ရင်ငွေ့နဲ့ဝေးပေမယ့် အမေ့မေတ္တာနဲ့မဝေးပါဘူး။
အချိန်တိုင်းလိုလို မေတ္တာပို့သနေတဲ့အတွက်ကြောင့်ပဲ
အချိန်တန်လာတော့ လိပ်ဥထဲက လိပ်ကလေးတွေဟာ ဥကပေါက်ပွားလာပါတယ်။
လိပ်ကလေးတွေကလည်း ဥခွံကိုဖောက်၊ သဲသောင်ကိုဖြတ်ပြီး
ပင်လယ်ထဲကိုဆင်းသွားကြပါတယ်။
လိပ်ကလေးတွေမြောက်များစွာဟာ ဒီလိုနဲ့နေရာအနှံ့အပြားကို ရောက်သွားကြပြန်ပါတယ်။
ဘယ်နေရာပဲရောက်ရောက်၊
ဥချိန်ရောက်လာရင် ပေါက်ပွားခဲ့ရာ ဘားမားဆိုတဲ့ကျွန်းကိုရောက်အောင်ပြန်လာပြီး
ဥတွေကို ထပ်မံဥပြန်ပါတယ်။
ဒီလိုနဲ့' ဘားမား 'ဟာ
နောက်တော့ လိပ်ကျွန်းဖြစ်လာပါတော့တယ်။

++++++++++++++++++





တိုင်းပြည်ကနေ ပညာရှင်တွေထွက်ခွာသွားတာကို အများက
( Brain Drain ) လို့ဆိုကြပါတယ်။
အဘိဓါန်ထဲရှာကြည့်တော့( brain drain )ကို
( နိုင်ငံအတွက် ပညာရှင် ဆုံးရှုံးမှု။ ဦးနှောက်ယိုစီးမှု။)
ဆိုတာတွေ့ရပါတယ်။
ပညာရှင်ဆိုတဲ့နေရာမှာ
အတတ်ပညာရှင်တွေပါသလို၊
အသိပညာရှင်တွေလည်းပါတယ်။

တိုင်းပြည်ကထွက်ခွာသွားစရာအကြောင်းကအမျိုးမျိုးပါပဲ။
ဘယ်လိုပဲထွက်ထွက် ပညာရှင်ဆုံးရှုံးမှုလို့
သိမ်းကြုံးပြောဆိုကြတယ်ဆိုရင်
မှားလိမ့်မယ်လို့ထင်မိပါတယ်။
နိုင်ငံတကာမှာ အတတ်ပညာတွေ၊
အသိပညာတွေကို ဆက်လက်သင်ကြားပြီး
တတ်လာတဲ့အသိပညာ၊အတတ်ပညာနဲ့
တိုင်းပြည်နဲ့လူမျိုးအတွက်
ပြန်လည်အကျိုးပြုနိုင်မယ်ဆိုရင်( Brain Drain) မဟုတ်တော့ပဲ

ဘရိမ်းကိန်း ( Brain Gain ) လည်းဖြစ်နိုင်တယ်ဆိုတာပါပဲ။
တိုင်းပြည်နဲ့လူမျိုးကို ကမ္ဘာ့အဆင့်အတန်းမီတဲ့နိုင်ငံတစ်ခုဖြစ်အောင်ဆိုရင်
နိုင်ငံတွင်းမှာရှိတဲ့ရတနာတွေနဲ့မလုံလောက်ပါဘူး။
နိုင်ငံပြင်ပက ပညာတွေနဲ့ပေါင်းစပ်မှ
နိုင်ငံတွင်းရတနာတွေဟာ ပိုမိုအဖိုးတန်တဲ့ရတနာတွေဖြစ်လာနိုင်ပါတယ်။
ကုန်ကြမ်းရောင်းတဲ့နိုင်ငံကနေ
ကုန်ချောထုတ်လုပ်တဲ့နိုင်ငံဖြစ်လာခဲ့ရင်

ပညာရှင်တွေ ထွက်သွားပေမယ့်
ဘရိမ်းကိန်း ( Brain Gain )ပါလို့ဆိုနိုင်ပါတယ်။
အရေးကြီးတာက
ထွက်သွားတဲ့ပညာရှင်တွေအားလုံးဟာ
လိပ်တွေဖြစ်ဖို့သာလိုပါတယ်။
ကိုယ့်အတွက်သာကိုယ်ကြည့်ရင်တော့ လိပ်သေးသေးလေးပေါ့။
ကိုယ့်မိသားစုအတွက်သာကြည့်ရင်တော့ လိပ်အကောင်ကပိုကြီးလာတဲ့သဘောပေါ့။
ကိုယ့်နိုင်ငံနဲ့ကိုယ့်လူမျိုးအတွက်လည်းကြည့်တတ်ရင်တော့ လိပ်အကောင်ပိုကြီးပြီပေါ့။
ထင်ရှားတဲ့သာဓကပြရရင်တော့
တရုပ်ပြည်ကြီးဟာ ဒီလိုနည်းနဲ့တိုးတက်လာခဲ့တာပါ။
ပြည်ပရောက်တရုပ်တွေကြောင့် တရုပ်ပြည်ကြီးအရှိန်အဟုန်နဲ့တိုးတက်လာတာကို
ဘယ်သူမှ မငြင်းနိုင်ပါဘူး။
မြန်မာပြည်လည်း အရှိန်အဟုန်နဲ့တိုးတက်လာပါစေ။





Sunday, July 17, 2011

" ငွေက တန်ဖိုးရှိတယ်ကွ..."



တစ်ခါတုန်းက

အလွန်ကပ်စေးနည်းတဲ့ ကိုလှမြင့်ဆိုသူတစ်ယောက် ရေကန်ထဲတွင်

ရေမကူးတတ်ဘဲ ရေဆင်းကူးတဲ့အတွက် ရေနစ်တယ်။

အနီးရှိလူတစ်ယောက်က ရေထဲက ဆယ်လိုက်တယ်။

ကိုလှမြင့် ကောင်းကောင်း သတိရလာတဲ့အခါ သူ့ရဲ့ဇနီးက ပြောတယ်။

မောင်၊

မောင့်ကို ကယ်တင်လိုက်တဲ့ လူငယ်ကို ကျေးဇူးဆပ်တဲ့အနေနဲ့

ဒေါ်လာတစ်ရာ ဆုချလိုက်ရင် မကောင်းဘူးလား

ကိုလှမြင့်က

ကောင်းပါတယ် မိန်းမရယ်၊

ဒါပေမယ့် တကယ်တမ်းပြောရရင် သူ ကိုယ့်ကို ရေထဲက ဆွဲထုတ်ချိန်မှာ

ကိုယ်သတိနည်းနည်းပြန်ရနေပါပြီ။

ဒါကြောင့် ဒ်ါလာငါးဆယ် ဆိုရင် တော်လောက်ပါပြီ


Saturday, July 16, 2011

“ ဘာမှ မတွေးနဲ့…”



ဖိုးလပြည့်ဟာ ကြံကြံဖန်ဖန်မေးတတ်သူဖြစ်တယ်။

သူမွေးထားတဲ့သူကြက်တွေကို ကြည့်ပြီးမေးခွန်းတစ်ခုမေးပါလေရော။


ကြက်ဖဟာ ကြက်မကို

လိုက်လို့ မိတဲ့အခါမှာ

ဘာဖြစ်လို့ ခေါင်းကို နှုတ်သီးနဲ့ဆိတ်ရတာလဲ

မေးခွန်းတိုင်းမှာ အဖြေရှိရမယ်လို့သူသိထားလေတော့။

တစ်ခုခုဖြေမှကောင်းလိမ့်မယ်ထင်တာနဲ့

သူ့အဖေကပြန်ဖြေလိုက်ပါတယ်။


တခြားကြက်ဖတွေအကြောင်း

မစဉ်းစားနိုင်အောင်လို့ပါ


" လူတွေကို ချစ်တတ်ပါစေ..."


ကိုယ့်ကိုယ်ကိုမြင်ပုံနဲ့

လောကကြီးကို မြင်ပုံဟာ သဘာဝကျဖို့၊

မှန်ဖို့ အရေးကြီးတယ်။

အဆိုးတွေပင်ရှိသော်လည်း အကောင်းတွေလည်း

ရှိတယ်ဆိုတာကိုမမေ့ဖို့လိုတယ်။

++++++++++++++++++++++++++++++++++++

Music can change people.

( Beethoven )

ဂီတဟာ လူတွေကို ပြောင်းလဲစေနိုင်တယ်။

++++++++++++++++++++++++++++++++++++

အလှအပကို သိမ်သိမ်မွေ့မွေ့ခံစားတတ်လာရင်

ဘဝဟာပိုပြီးအဓိပ္ပာယ်ရှိတယ်လို့

ခံစားရလိမ့်မယ်။

++++++++++++++++++++++++++++++++++++

လှပတဲ့အရာဟာ စိတ်ကို ချမ်းသာစေတယ်။

သန့်ရှင်းတဲ့အရာဟာ စိတ်ကို ချမ်းသာစေတယ်။

++++++++++++++++++++++++++++++++++++

သတိဆိုတာ အလှတရားတစ်မျိုး၊

ဒီအလှအပရဲ့ healing power ဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်

တင်မကဘူး၊ စိတ်ထဲထိအောင် နက်နက်ရှိုင်းရှိုင်း

ရောက်သွားတယ်။

တရားအားထုတ်တာဟာလည်း

ကျန်းမာရေးကို ပိုကောင်းစေနိုင်တဲ့စွမ်းရည်သတ္တိ

( healing power ) သိပ်ကြီးတယ်။

စိတ်ကိုငြိမ်သက်စေတယ်။

စိတ်ကိုသန့်ရှင်းစေတယ်။

++++++++++++++++++++++++++++++++++++

စိတ်ဟာ ပစ္စုပ္ပန်မှာ နေမှသာ

စိတ်ရဲ့တည်ငြိမ်အေးချမ်းမှု၊

မြင့်မြတ်မှု၊

အဆင့်အတန်းမြင့်မားမှု၊

အရည်အသွေးတိုးတက်မှု ဖြစ်နိုင်တယ်။

++++++++++++++++++++++++++++++++++++

အမှန်ကိုသိတဲ့ဉာဏ် မှာ အင်မတန်ကြီးမားတဲ့

( Healing power )ရှိတယ်။

အဲဒီအချိန်မှာ စိတ်က သိပ်လှနေတယ်။

သတိက အလှတရားတစ်မျိုးဖြစ်ပါတယ်။

သတိဟာ စိတ်ကို အလှဆင်ပေးတယ်။

သတိဆိုတဲ့လမ်းကနေသွားရင်

အမှန်တရားနဲ့ လွတ်လပ်မှုဆီကို

ရောက်မယ်။

++++++++++++++++++++++++++++++++++++

သတိနဲ့နေတာ

ဘဝကို လှလှပပနေနည်းပဲ။

++++++++++++++++++++++++++++++++++++

ငါ လူဖြစ်နေတာ

လောကကို လှပတာတွေ

ပေးဖို့ပါ။

လှပတာတွေကို ပေးနိုင်ဖို့ ပထမဦးဆုံးလိုအပ်ချက်က

စိတ်ထားလှပဖို့ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++

May you world always be as beautiful as

you make it for others.

သူတစ်ပါးအတွက် လောကကို လှပအောင်

လုပ်ပေးနိုင်သလောက် သင့်လောကလည်း

အစဉ်အမြဲလှပပါစေ။

++++++++++++++++++++++++++++++++++++

အလှတရားကို ရှာဖွေတာဟာ ကိုယ့်ဘဝမှာ

အင်မတန်ကြီးမားတဲ့တာဝန်တစ်ခု

ဖြစ်လာပါတယ်။

++++++++++++++++++++++++++++++++++++

စိတ်ထားကောင်းဖို့ပထမ၊

++++++++++++++++++++++++++++++++++++

ကိုယ့်အိမ်လေးကို သန့်ရှင်းနေအောင် လုပ်ပါ။

ကိုယ့်အိမ်ဝန်းကို သန့်ရှင်းအောင်လုပ်ပါ။

အဲဒါဟာ ကိုယ့်စိတ်ကျန်းမာဖို့၊

ကိုယ်ခန္ဓာကို ကျန်းမာဖို့၊

ကိုယ့်ရဲ့အသိဉာဏ်နဲ့ စိတ်ထားမြင့်မားရေး

အတွက်ပါ လိုအပ်ပါတယ်။

ဆိုတာကို နားလည်ဖို့လိုပါတယ်။

++++++++++++++++++++++++++++++++++++

အဆင့်အတန်းမြင့်လာရင်

ရေနဲ့ဆပ်ပြာကို ပိုသုံးလာတယ်။

(သုတေသန)

++++++++++++++++++++++++++++++++++++

လူတွေကို ချစ်တတ်တာဟာ အဆင့်မြင့်တဲ့ အနုပညာ.

++++++++++++++++++++++++++++++++++++

The more I think, the more I feel that there is nothing

More truly artistic than to love people.

( Van Gogh )

လူတွေကို ချစ်တာထက် ပိုပြီး အနုပညာ ပီသတာ

မရှိတော့ဘူးဆိုတာကို ကြာကြာတွေးလေလေ

ပိုပြီးခံစားမိလေလေပါပဲ။

++++++++++++++++++++++++++++++++++++

စိတ်လှအောင် ဘယ်လိုလုပ်ရမလဲဆိုတော့

မလှတဲ့ စိတ်တွေဖြစ်တဲ့အခါမှာ

မလှဘူးလို့သိဖို့လိုပါတယ်။

++++++++++++++++++++++++++++++++++++

ဘုရားဟောတာ

လောဘဖြစ်နေတဲ့အခါမှာ

လောဘဖြစ်နေတယ်လို့ သိလိုက်ပါ။

မလှတဲ့လောဘစိတ်ဖြစ်နေတဲ့အခါမှာ

မလှတဲ့လောဘစိတ် ဖြစ်နေတယ်လို့ သိပါ။

ပူလောင်တယ်။

မအေးချမ်းဘူး၊ မသန့်ရှင်းဘူး၊

မသန့်ရှင်းတဲ့စိတ်တွေ ဖြစ်နေတယ်။

ညစ်ပတ်တဲ့စိတ်တွေ ဖြစ်နေတယ်။

သိလိုက်ပါ။

သိနေတာက စရတယ်။

++++++++++++++++++++++++++++++

(ဆရာတော်ဦးဇောတိက)

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com