Saturday, July 16, 2011

" လူတွေကို ချစ်တတ်ပါစေ..."


ကိုယ့်ကိုယ်ကိုမြင်ပုံနဲ့

လောကကြီးကို မြင်ပုံဟာ သဘာဝကျဖို့၊

မှန်ဖို့ အရေးကြီးတယ်။

အဆိုးတွေပင်ရှိသော်လည်း အကောင်းတွေလည်း

ရှိတယ်ဆိုတာကိုမမေ့ဖို့လိုတယ်။

++++++++++++++++++++++++++++++++++++

Music can change people.

( Beethoven )

ဂီတဟာ လူတွေကို ပြောင်းလဲစေနိုင်တယ်။

++++++++++++++++++++++++++++++++++++

အလှအပကို သိမ်သိမ်မွေ့မွေ့ခံစားတတ်လာရင်

ဘဝဟာပိုပြီးအဓိပ္ပာယ်ရှိတယ်လို့

ခံစားရလိမ့်မယ်။

++++++++++++++++++++++++++++++++++++

လှပတဲ့အရာဟာ စိတ်ကို ချမ်းသာစေတယ်။

သန့်ရှင်းတဲ့အရာဟာ စိတ်ကို ချမ်းသာစေတယ်။

++++++++++++++++++++++++++++++++++++

သတိဆိုတာ အလှတရားတစ်မျိုး၊

ဒီအလှအပရဲ့ healing power ဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်

တင်မကဘူး၊ စိတ်ထဲထိအောင် နက်နက်ရှိုင်းရှိုင်း

ရောက်သွားတယ်။

တရားအားထုတ်တာဟာလည်း

ကျန်းမာရေးကို ပိုကောင်းစေနိုင်တဲ့စွမ်းရည်သတ္တိ

( healing power ) သိပ်ကြီးတယ်။

စိတ်ကိုငြိမ်သက်စေတယ်။

စိတ်ကိုသန့်ရှင်းစေတယ်။

++++++++++++++++++++++++++++++++++++

စိတ်ဟာ ပစ္စုပ္ပန်မှာ နေမှသာ

စိတ်ရဲ့တည်ငြိမ်အေးချမ်းမှု၊

မြင့်မြတ်မှု၊

အဆင့်အတန်းမြင့်မားမှု၊

အရည်အသွေးတိုးတက်မှု ဖြစ်နိုင်တယ်။

++++++++++++++++++++++++++++++++++++

အမှန်ကိုသိတဲ့ဉာဏ် မှာ အင်မတန်ကြီးမားတဲ့

( Healing power )ရှိတယ်။

အဲဒီအချိန်မှာ စိတ်က သိပ်လှနေတယ်။

သတိက အလှတရားတစ်မျိုးဖြစ်ပါတယ်။

သတိဟာ စိတ်ကို အလှဆင်ပေးတယ်။

သတိဆိုတဲ့လမ်းကနေသွားရင်

အမှန်တရားနဲ့ လွတ်လပ်မှုဆီကို

ရောက်မယ်။

++++++++++++++++++++++++++++++++++++

သတိနဲ့နေတာ

ဘဝကို လှလှပပနေနည်းပဲ။

++++++++++++++++++++++++++++++++++++

ငါ လူဖြစ်နေတာ

လောကကို လှပတာတွေ

ပေးဖို့ပါ။

လှပတာတွေကို ပေးနိုင်ဖို့ ပထမဦးဆုံးလိုအပ်ချက်က

စိတ်ထားလှပဖို့ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++

May you world always be as beautiful as

you make it for others.

သူတစ်ပါးအတွက် လောကကို လှပအောင်

လုပ်ပေးနိုင်သလောက် သင့်လောကလည်း

အစဉ်အမြဲလှပပါစေ။

++++++++++++++++++++++++++++++++++++

အလှတရားကို ရှာဖွေတာဟာ ကိုယ့်ဘဝမှာ

အင်မတန်ကြီးမားတဲ့တာဝန်တစ်ခု

ဖြစ်လာပါတယ်။

++++++++++++++++++++++++++++++++++++

စိတ်ထားကောင်းဖို့ပထမ၊

++++++++++++++++++++++++++++++++++++

ကိုယ့်အိမ်လေးကို သန့်ရှင်းနေအောင် လုပ်ပါ။

ကိုယ့်အိမ်ဝန်းကို သန့်ရှင်းအောင်လုပ်ပါ။

အဲဒါဟာ ကိုယ့်စိတ်ကျန်းမာဖို့၊

ကိုယ်ခန္ဓာကို ကျန်းမာဖို့၊

ကိုယ့်ရဲ့အသိဉာဏ်နဲ့ စိတ်ထားမြင့်မားရေး

အတွက်ပါ လိုအပ်ပါတယ်။

ဆိုတာကို နားလည်ဖို့လိုပါတယ်။

++++++++++++++++++++++++++++++++++++

အဆင့်အတန်းမြင့်လာရင်

ရေနဲ့ဆပ်ပြာကို ပိုသုံးလာတယ်။

(သုတေသန)

++++++++++++++++++++++++++++++++++++

လူတွေကို ချစ်တတ်တာဟာ အဆင့်မြင့်တဲ့ အနုပညာ.

++++++++++++++++++++++++++++++++++++

The more I think, the more I feel that there is nothing

More truly artistic than to love people.

( Van Gogh )

လူတွေကို ချစ်တာထက် ပိုပြီး အနုပညာ ပီသတာ

မရှိတော့ဘူးဆိုတာကို ကြာကြာတွေးလေလေ

ပိုပြီးခံစားမိလေလေပါပဲ။

++++++++++++++++++++++++++++++++++++

စိတ်လှအောင် ဘယ်လိုလုပ်ရမလဲဆိုတော့

မလှတဲ့ စိတ်တွေဖြစ်တဲ့အခါမှာ

မလှဘူးလို့သိဖို့လိုပါတယ်။

++++++++++++++++++++++++++++++++++++

ဘုရားဟောတာ

လောဘဖြစ်နေတဲ့အခါမှာ

လောဘဖြစ်နေတယ်လို့ သိလိုက်ပါ။

မလှတဲ့လောဘစိတ်ဖြစ်နေတဲ့အခါမှာ

မလှတဲ့လောဘစိတ် ဖြစ်နေတယ်လို့ သိပါ။

ပူလောင်တယ်။

မအေးချမ်းဘူး၊ မသန့်ရှင်းဘူး၊

မသန့်ရှင်းတဲ့စိတ်တွေ ဖြစ်နေတယ်။

ညစ်ပတ်တဲ့စိတ်တွေ ဖြစ်နေတယ်။

သိလိုက်ပါ။

သိနေတာက စရတယ်။

++++++++++++++++++++++++++++++

(ဆရာတော်ဦးဇောတိက)

Friday, July 15, 2011

" သစ်ရွက်နှင့်တူသော လာဘ်လာဘ..."


၁။

ဗုဒ္ဓ၏ သတ်မှတ်ချက်အရ

ပစ္စည်းလေးပါး လာဘ်လာဘသည်

သစ်ရွက်နှင့်တူ၏။

စတုပါရိသုဒ္ဓိသီလသည် သစ်ပင်၏ အပွေးနှင့်တူ၏။

သမာပတ်၈ပါးသည် သစ်ခေါက်နှင့်တူ၏။

အဘိညာဉ် ငါးပါးသည် အကာနှင့်တူ၏။

မဂ်ဖိုလ်သည်သာ အနှစ်အသားနှင့်တူ၏။

၂။

မြန်မာပြည်တွင် သံဃာဂိုဏ်ကြီး ကိုးဂိုဏ်ရှိတယ်။

ယင်းတို့မှာ

၁။ သုဓမ္မာ

၂။ ရွှေကျင်၊

၃။ မဟာဒွါရ၊

၎။ မူလဒွါရ၊

၅။ အနောက်ချောင်းဒွါရ၊

၆။ ဝေဠုဝန်၊

၇။ စတုဘုမ္မိကငှက်တွင်း၊

၈။ မဟာရင်၊

၉။ ကဏဝိမုတ် တို့ဖြစ်တယ်။

၃။

မသေရခင်၊ သွားလမ်းစဉ်၊ ကြိုတင်ပြင်သင့်ပြီ၊

ဒါန၊သီလ၊ ဘာဝနာ လမ်းသာတွင်တော့သည်။

( မဟာဂန္ဓာရုံဆရာတော် )

၎။

မှားမှန်အပြစ်၊ စစ်ဘိခဲတုံ

မှား အမှန်၊ ဝေဖန်ဘိခဲတုံ

မှားမှန်ဝေခွဲ၊ ပြောဘိခဲတုံ

အမှားလှန်၊ အမှန်ကျင့်ခဲတုံ

( အရှင် အာဒိစ္စဝံသက )

အဓိပ္ပါယ်မှာ

အမှားအမှန်ကို စိစစ်ခဲသည်။

အမှား၊အမှန်ကို ဝေဖန်သုံးသပ်ခဲသည်။

အမှား၊အမှန်ကို ဝေဖန်၍ ပြောပြခဲသည်။

အမှားကို တော်လှန်၍ အမှန်ကို ကျင့်ခဲသည်။(အခက်ခဲဆုံးဖြစ်၏)

၅။

အပါယ်မလားလောက်အောင် ကုသိုလ်အား ကြီးမားလှသဖြင့် သောတာပန်နှင့်တူတဲ့

ကုသိုလ် ()မျိုးရှိပါတယ်။

၎င်းတို့မှာ

၁။ သရဏဂုံသုံးပါးကို မတုန်မလှုပ် သက်ဝင်ယုံကြည်၍ သရဏဂုံတည်သူ၊

၂။ ငါးပါးသီလမြဲသူ၊

၃။ မည်သည့်ရက်ဟု သတ်မှတ်၍ စာရေးတံမဲဖြင့် ဆွမ်းအမြဲလှူဒါန်းသူ၊

၎။ ဝါဆိုသင်္ကန်းလှူသူ၊

၅။ ရေတွင်းရေကန်တူး၍ လှူသောသူ၊

၆။ ကျောင်းဆောက်လှူသောသူ တို့ဖြစ်ပါသည်။

၆။

မိမိရဲ့စေတနာကို ပြန်လည်ဆန်းစစ်ရာတွင် သတိပြုရမည့်အချက်တစ်ချက်မှာ

မိမိကိုယ်မိမိမှန်ကန်ကြောင်းအထပ်ထပ် သက်သေပြနေရပြီဆိုလျှင် မှားနေပြီ

ဟု သိလိုက်ပါ

( ဒေါက်တာ မတင်ဝင်း )

၇။

ချစ်သား စုန္ဒ ဤကဲ့သို ပရိယတ်ထူးချွန်သော ရဟန်းတို့ကို

ချစ်သားတို့သည် ချီးမွမ်းပူဇော်ကြလော့။

ဤကဲ့သို့ ပရိယတ်ထူးချွန်သော ရဟန်သည်

သာဝကမဟုတ်၊

ဗုဒ္ဓမည်၏။

(ဗုဒ္ဓ)

၈။

ဗုဒ္ဓလေးမျိုး

၁။ သမ္မာသမ္ဗုဒ္ဓ

၂။ ပစ္စေကဗုဒ္ဓ၊

၃။ စတုသစ္စဗုဒ္ဓ

၎။ သုတဗုဒ္ဓ

.

သည်းခံခြင်း အကျိုးငါးပါး

၁။ လူအများချစ်ခင်နှစ်သက်မှုကို ခံရခြင်း၊

၂။ ပုဂ္ဂိုလ်ရန်သူနှင့် အကုသိုလ်ဘေးရန်မတိုးပွားခြင်း၊

၃။ အပြစ်အမျိုးမျိုးမဖြစ်ပွားခြင်း၊

၎။ မတွေမဝေသတိတရားရှိရှိသေခြင်း၊

၅။ သေပြီးနောက် နတ်ရွာသုဂတိသို့လားရောက်ရခြင်း၊

တို့ဖြစ်ပါတယ်။

၁၀။

ပညာရှိသူတော်ကောင်းတို့၏ အနိုင်ယူနည်းလေးမျိုး

၁။ အမျက်ထွက်သူကို အမျက်မထွက်ခြင်းဖြင့် အနိုင်ယူရမည်၊

၂။ အကျင့်မကောင်းသူကို အကျင့်ကောင်းဖြင့် အနိုင်ယူရမည်၊

၃။ နှမြောစေးနှဲသူကို ပေးကမ်းခြင်းဖြင့် အနိုင်ယူရမည်၊

၎။ လိမ်ညာပြောသူကို အမှန်ပြောခြင်းဖြင့် အနိုင်ယူရမည်။

(ဗုဒ္ဓ)

၁၁။

အကြင်သူသည် ဒေါသထွက်နေသူကို တစ်ဖန်ပြန်ပြီး

ဒေါသထွက်၏။

ထိုသူသည် ပထမဒေါသထွက်နေသူထက် မိုက်မဲသူ၊

ယုတ်မာသူဖြစ်၏။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com