Friday, February 11, 2011

“ ခြွေတာရေး…”




မျက်နှာ မသာမယာဖြစ်နေတဲ့

ယောက်ျားဖြစ်သူ ကိုအုန်းဖေကို

မိန်းမဖြစ်သူ မအေးအေးအောင်က မေးတယ်။


“ ရှင် ဘာကိစ္စအတွက်

သောကရောက်နေတာလဲ ”


“ မင်းကို ငါ အမှန်အတိုင်း ပြောမယ်၊

ငါတို့ရဲ့စီးပွားရေးအခြေအနေ

တဖြည်းဖြည်း ကျဆင်းလာနေတယ်ကွ၊

အဲဒါကြောင့် တို့ ခြွေတာဖို့ လိုလာပြီ ”


“ ကောင်းပြီလေ၊

ကျမ ဘာလုပ်ရမလဲ၊

ချေးတာလျှော့ရမလား၊

အကြွေးဆပ်တာ လျှော့ရမလား ”

Thursday, February 10, 2011

“ ပြောရဲရင် ပြောကြည့်ပေါ့…”



ကုမ္ပဏီပိုင်ရှင်သူဌေးဦးဝင်းသန်းက

ပထမနေ့အဖြစ်

အလုပ်စဝင်လာတဲ့အလုပ်သမားလူငယ်

ကိုသန်းဇော်ကို ပြောတယ်။


“ မောင်ရင်ကို ကြိုတင်သတိပေးလိုတယ်။

အန်ကယ်ဟာ ဖားတာ၊ မြှောက်ပင့်တာကို

လုံးဝ မကြိုက်ဘူး၊

ဒါကြောင့် အန်ကယ်နဲ့ပတ်သက်လာရင်

ကိုယ့်စိတ်ထဲ ရှိတဲ့အတိုင်း အကုန်လုံးပြောပါ။

မောင်ရင်ရဲ့အလုပ်ကို ထိခိုက်မယ်ဆိုရင်တောင်

အမှန်ကို ပြောဖို့ ဝန်မလေးပါနဲ့ ”

Wednesday, February 9, 2011

“ နောင်နှစ်မှ ရမယ်…”



ကုမ္ပဏီပိုင်ရှင်က

သူ့ရဲ့ဝန်ထမ်းများကို မိန့်ခွန်းချွေတယ်။


“ လွန်ခဲ့တဲ့နှစ်က ခင်ဗျားတို့တစ်တွေ အလုပ်ကို

ကြိုးစား လုပ်ခဲ့ကြတဲ့အတွက် ကုမ္ပဏီရဲ့ အမြတ်အစွန်းဟာ

သိသိသာသာကြီးကို တိုးတက်လာခဲ့ပါတယ်။

အဲဒီအတွက် ခင်ဗျားတို့ အားလုံးကို တစ်ယောက်ကို

ငွေ နှစ်သိန်း စီရကြမယ်၊

နောင်နှစ်မှာ ခင်ဗျားတို့ ဒီလိုပဲ အလုပ်ကို

ကြိုးစားလုပ်ကြမယ်ဆိုရင်

အဲဒီချက်လက်မှတ်ကို

ကျနော် လက်မှတ်ထိုးပေးမယ် ”

Tuesday, February 8, 2011

“ ကျမ ပါပဲ…”



“ တရားသူကြီးမင်းရှင့်၊

ကျမ အပြစ်မရှိပါဘူး၊

ကျမ်းကျိန်ပြီး ပြောရဲပါတယ် ”


“ ဒါပေမယ့်

အထောက်အထား အချက်အလက်တွေက

အပြစ်ရှိကြောင်း ညွှန်ပြနေပါလား၊

ဟောဒီမှာ

သက်သေတစ်ယောက်ရဲ့ ထွက်ချက်ထဲမှာ

အတိအကျ ဆိုထားတယ်။

“ ငယ်ရွယ်နုပျိုရုံမက ဘယ်သူမှ

မတုနိုင်တဲ့ ဆင်မယဉ်သာ

လျှောက်ဟန်မျိုးဖြင့်

အချိုးကျန ပြေပြစ်လှတဲ့ အမျိုးသမီး ”တဲ့။


“ ဟုတ်ကဲ့၊

အဲဒါဆို ကျမပါပဲ”

Monday, February 7, 2011

“ လုပ်အား…”


ကွန်ပျူတာတင်ထာတဲ့ စားပွဲရှေ့မှာ

စာရေးမနှစ်ယောက်ထိုင်နေကြတယ်။


မဒီဇင်ဘာ ကပြောတယ်။

“ ယူ သိလား၊

ဒီကွန်ပျူတာလေးဟာ

ယောက်ျားဆယ်ယောက်ရဲ့

လုပ်အားကို အစားထိုးနိုင်သတဲ့ ”


မသဇင်က

“ ယူ ပြောတာ မှန်ကောင်းမှန်နိုင်ပါလိမ့်မယ်၊

ဒါပေမယ့်

အိုင်ကတော့ ဘာဘဲပြောပြော

ယောက်ျားရဲ့လုပ်အားကိုပဲ ပိုကြိုက်တယ် ”

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com