Wednesday, January 5, 2011

“ အတူတူစားခွင့်…”



မိန်းမဖြစ်သူ မစိန်ကြည်က

ယောက်ျားဖြစ်သူ ကိုသန်းထွန်းကို

မြည်တွန်တောက်တီးနေတယ်။


ဘာဖြစ်လို့

မနက် -နာရီကျမှ

အိမ်ကိုပြန်လာ ရတာလဲ


ဘာလဲ၊

မိသားစုနဲ့ အတူ

မနက်စာ စားခွင့်မရှိဘူးလား

“ အထင်မလွဲပါနဲ့…”


မြို့တစ်မြို့မှာ မီးလောင်မှု ဖြစ်တယ်။

မီးရှို့သူကို ရဲက ဖမ်းမိတယ်။

မီးလောင်ခံရတဲ့ အိမ်နဲ့ မျက်နှာချင်းဆိုင်အိမ်မှာ

နေတဲ့ ကိုထွန်းထွန်းဝင်းကို သက်သေအဖြစ်

တရားရုံးက ဆင့်ခေါ်တယ်။


တရားသူကြီးကမေးတယ်။

သက်သေ ထွန်းထွန်းဝင်း၊

အဲဒီညက မြင်ရသမျှကို ရုံးတော်ကို ပြောပြပါ


ဟုတ်ကဲ့၊

အသံဗလံတွေကြောင့် ကျနော်အိပ်ရာက နိုးသွားပါတယ်။

ဒါနဲ့ဇနီးသည်ရဲ့ညအိပ်ဂါဝန်ကို

အောက်ပိုင်းကနေ , တင်လိုက်တယ်


အိပ်ရာထဲမှာ ခင်ဗျားတို့လင်မယား

ဘာလုပ်ကြတယ်ဆိုတာ လာပြောမနေနဲ့၊

မေးတာကိုပဲ ဖြေပါ


ဟုတ်ကဲ့၊

မိန်းမရဲ့ဂါဝန်ကို အောက်ကနေမ, တင်လိုက်တယ်၊

ပြီးတော့ ကြည့်လိုက်တယ်


သက်သေ ထွန်းထွန်းဝင်း၊

မဆိုင်တာကို မပြောပါနဲ့


ဟုတ်ကဲ့၊

မိန်းမရဲ့ဂါဝန်ကို အောက်ကနေမ, တင်လိုက်ပြီး

သေသေချာချာ ကြည့်လိုက်တယ်၊

အပူရှိန် ကိုခံစားလိုက်ရတယ်


မဆိုင်တာကို မပြောနဲ့လို့ ဘယ်နှစ်ခါ သတိပေးရမလဲ။

ရုံးတော်ကို မထီမဲ့မြင်လုပ်မှုနဲ့ ခင်ဗျားကို အရေးယူနိုင်တယ်၊

နားလည်လား


ပြတင်းပေါက်ခန်းဆီးကို

မိန်းမရဲ့ဂါဝန်နဲ့ ချုပ်ထားတာ

ကျနော့်အပြစ်လားခင်ဗျာ

“ ရှာသင့်တာပေါ့…”






ရုပ်ရှင်ပြနေစဉ်

အမျိုးသမီးကြီးတစ်ဦးဟာ ကုန်းပြီး

တစ်စုံတစ်ခုကို ရှာနေတယ်။

ဘေးခုံတွင် ထိုင်နေသူက မေးတယ်။


တစ်ခုခု ကျပျောက်သွားလို့လားဗျာ


ဟုတ်တယ်၊

စူပါမင်း ချော့ကလက် ကျသွားလို့ပါ


ချော့ကလက်ကျသွားတာနဲ့များ

ဒီလောက်တောင် ဒုက္ခရှာရသလားဗျာ


ရှင်ပြောတာ မှန်ပါတယ်၊

ဒါပေမယ့် ချော့ကလက်နဲ့အတူ

အောက်သွားမှာ စွပ်ထားတဲ့ ရွှေကွပ်

ကပ်ပါသွားလို့

“ မယုံပါနဲ့…”



စားဖိုမှူးချက်တဲ့ ထမင်းဟင်းတို့ကို စားလို့မရကြောင်း

ကျောင်းသားများက အဆောင်မှူးကိုတိုင်တယ်။


အဆောင်မှူးက စားဖိုမှူးကို ခေါ်ကာ သတိပေးတယ်။

ကျောင်းသားများအကြိုက် ချက်ပြုတ်ပါ၊

သို့မဟုတ်ပါက

အလုပ်မှ ထုတ်ပစ်မယ်လို့ ပြောတယ်။


စားဖိုမှူးက ဆင်ခြေပေးတယ်။

ကျောင်းသားတွေ ပြောတိုင်း မယုံပါနဲ့ခင်ဗျာ၊

ဥပမာ….ဆရာစာသင်တဲ့အခါ

အင်မတန် ပျင်းစရာကောင်းတယ်လို့

သူတို့ပြောကြတယ်

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com