အမေရိကန်ပြည်တွင်း စစ်ကာလက
ဝါဂွမ်းချည်များကို ရောင်းဝယ်ဖေါက်ကားခြင်းမှာ
တရားဥပဒေနဲ့မလွတ်ကင်းပါ။
ဒါပေမယ့် လောဘသမားများဟာ တောင်ပိုင်းမှ
ဝါဂွမ်းချည်များကို ဝယ်၊ တိုင်းပြည်ဒေသအများကို ဖြတ်သန်းပြီး
မြောက်ပိုင်းတွင် ဈေးကြီးတင်ပြီး
အဲဒီလိုရောင်းဝယ်ဖောက်ကားပြီး အမြတ်ကြီးကြီးရနေသူတစ်ဦးက
မစ္စစပီရေကြောင်းသင်္ဘော ကပ္ပတိန်တစ်ဦးထံ ချဉ်းကပ်ပါတယ်။
သူ့ရဲ့ဝါဂွမ်းချည်များကို မြစ်ကြောင်းအတိုင်း သယ်ဆောင်ပေးဖို့
ဒေါ်လာ ၁၀၀ လာဘ်ထိုးပါတယ်။
ကပ္ပတိန်က ငြင်းဆန်ပါတယ်။
ဒီကိစ္စဟာ တရားဥပဒေနဲ့ဆန့်ကျင်တဲ့လုပ်ငန်းဖြစ်တယ်လို့လည်း
ကုန်သည်ကို
ကုန်သည်က နောက်တစ်ဆင့်တိုးပြီး
“ ကျနော် ခင်ဗျားကို ဒေါ်လာ ၅၀၀ ပေးပါ့မယ် ”
ကပ္ပတိန်က
“ မလိုချင်ဘူး ”
လို့ အော်ငေါက်လိုက်ပါတယ်။
“ ကဲဗျာ ဒေါ်လာ ၁၀၀၀ ဆိုရင်ကော…”
ကုန်သည်က ကမ်းလှမ်းပြန်ပါတယ်။
ကပ္ပတိန်က
“ မလိုချင်ဘူး ”
လို့ ထပ်မံငြင်းပါတယ်။
နောက်ဆုံးမှာတော့ ကုန်သည်က
“ကဲဗျာ ဒေါ်လာ ၃၀၀၀ ပေးမယ် ”
လို့ ထပ်ဆင့်တိုးလာပါတယ်။
အဲဒီအချိန်မှာတော့ ကပ္ပတိန်ဟာ သူရဲ့ ပစ္စတိုသေနတ်ကို ထုတ်ပြီး
လာဘ်ပေးရန် သွေးဆောင်သူကို ချိန်လိုက်ပြီး၊
“ ဒီသင်္ဘောပေါ်က ဆင်းသွား။
ခင်ဗျားဟာ ကျနော်သည်းခံနိုင်တဲ့
နောက်ဆုံးအဆင့် နားကိုရောက်နေပြီ ”
လူတိုင်းမှာ သူဘာသာသူ သတ်မှတ်ထားတဲ့
သတ်မှတ် တန်ဖိုးရှိကြစမြဲဖြစ်ပါတယ်။
သတ်မှတ် တန်ဖိုးအနီးကိုရောက်ရင်တော့ ခံနိုင်ရည်ရှိသူ အလွန်နည်းပါးလှပါတယ်။
ဂုဏ်သိက္ခာကို တန်ဖိုးထားရကောင်းမှန်း မသိရင်တော့
ဝယ်လို့မရသူ မရှိသလောက်ပါပဲ။
ကိုယ့်ကိုယ်ကိုယ် ရောင်းတယ်ဆိုတာ
တကယ်တော့ ဂုဏ်သိက္ခာကို ဈေးနှုန်းသတ်မှတ်ပစ်လိုက်တာပါ။
ဂုဏ်သိက္ခာဆိုတာ ဝယ်လို့ရတဲ့အရာတော့ မဟုတ်ပါဘူး။
ဒါပေမယ့် ဝယ်လို့ရတာက တန်ဖိုး သတ်မှတ်ထားတဲ့လူပါ။
လူတိုင်းလူတိုင်း ဂုဏ်သိက္ခာကို တန်ဖိုးထားတတ်ကြပါစေ။
လူတိုင်းလူတိုင်း ဂုဏ်သိက္ခာကို တန်ဖိုးမသတ်မှတ်မိပါစေနဲ့၊
လို့ ဆုတောင်းမိပါတယ်။
No comments:
Post a Comment