
တစ်ခါတုန်းက လှိုင်သာယာက
အိမ်နီးချင်း အမျိုးသမီးနှစ်ယောက်
စကားများရန်ဖြစ်နေကြတယ်။
မဆွေက...
“ငါဟာ ညည်းလို
တစ်အိမ်တက် တစ်အိမ်ဆင်း သူများ အတင်းတွေ
လျှောက်ပြောနေတဲ့ မိန်းမ မဟုတ်ဘူးဟေ့ ”
မကြိုင်က...
“ ကြည့်စမ်း၊ ကြည့်စမ်း၊
ညည်းအိမ်မှာ တယ်လီဖုန်းတပ်ထားပြီဆိုတာတောင်
ငါ မသိလိုက်ပါလား။