တစ်ခါတုန်းက
ငုံးအုပ်တစ်အုပ်ဟာ လယ်ကွင်းတစ်ခုအနီးမှာနေပြီး
အစာအတွက်လယ်ကွင်းကို ဆင်းလေ့ရှိပါတယ်။
တစ်နေ့မှာတော့ ငုံးတို့မှာ ပြဿနာတစ်ရပ်နဲ့ ကြုံနေရပါတယ်။
အနီအနားမှာ မုဆိုးတစ်ဦးနေထိုင်ပါတယ်။
အဲဒီကမုဆိုးက ငုံးတွေကို ပိုက်ကွန်နဲ့ ဖမ်းပြီး ဈေးမှာ ရောင်းစားနေပါတယ်။
အဲဒီမုဆိုးက ခေါင်းဆောင်ငုံးငှက်ရဲ့အသံကို တူအောင်လုပ်တတ်ပါတယ်။
မုဆိုးက အသံတုနဲ့အော်လိုက်ရင် ငုံးတွေဟာ ခေါင်းဆောင်ငုံးရဲ့ အသံလို့ယူဆပြီး
ငုံးအုပ်တွေဟာ အသံလာရာကို အုပ်လိုက်ပျံသွားတတ်ပါတယ်။
အဲဒီအခါ မုဆိုးက ပိုက်ကွန်နဲ့ အုပ်ပြီး ငုံးတွေကို ဖမ်းတတ်ပါတယ်။
တစ်နေ့မှာတော့ ခေါင်းဆောင်ငုံးက ငုံးတွေ အားလုံးကို အစည်းအဝေးခေါ်ပါတယ်။
အဲဒီအစည်းအဝေးမှာ မုဆိုးရဲ့အသံက သူတို့အတွက် လှည့်စားမှုဖြစ်စေပြီး
ဒုက္ခပေးနေကြောင်း၊ နောက်တစ်ကြိမ် ပိုက်ကွန်မှာ မိခဲ့ရင် ပိုက်ကွန်ပေါက်တွေက
ခေါင်းတွေထွက်ပြီး
ဆူးပေါတဲ့ ချုံပုတ်ပေါ်မှာ နားရန် ညှိနှိုင်းထားပါတယ်။
ပိုက်ကွန်က ဆူးတွေနဲ့ငြိနေတဲ့အခါ
ငှက်တွေအားလုံး ပိုက်ကွန်မှ လျှိုထွက်ကြရန်
မုဆိုးလည်း ဆူးချုံတွင် ငြိနေတဲ့ သူ့ပိုက်ကွန်ကို ပြန်ဖြုတ်ဖို့
တစ်နေကုတ်အလုပ် လုပ်ရမှာဖြစ်တဲ့အတွက်
အဲဒီအချိန်မှာ သူတို့အစာကောင်းကောင်း ရှာစားနိုင်ကြောင်း
ခေါင်းဆောင်ငုံးငှက်ကြီးက ရှင်းပြပါတယ်။
ငုံးငှက်တို့ဟာ ညှိနှိုင်းထားတဲ့အတိုင်း ဆောင်ရွက်ကြရာ အောင်မြင်ပါတယ်။
မုဆိုးဟာ ကြုံတွေ့လာရတဲ့အခြေအနေသစ်ကြောင့် အလွန်ညစ်ပြီး
“ဘယ်လိုလုပ်ရင် ကောင်းမလဲ”
သူ့ဇနီးကစိတ်ကူးတစ်ခုပြောပြပါတယ်။
“ ငုံးငှက်တွေ တစ်ကောင်နဲ့တစ်ကောင် ရန်ဖြစ်တဲ့အထိ စောင့်ပြီးမှ ဖမ်းသင့်တယ်”
လို့ပြောပြပါတယ်။
နောက်ရက်အနည်းငယ် ကြာတဲ့အခါ ငုံးငှက်တွေ အချင်းချင်း မသင့်မတင့် ဖြစ်ကြပါတယ်။
ငှက်တို့ဟာ မုဆိုးရဲ့ ပိုက်ကွန်မှာ မိကြပါတယ်။
ပိုက်ကွန်နဲ့အတူ ပျံတက်ပြီး မြေမှာ နားကြတဲ့အခါ တစ်ကောင်နဲ့ တစ်ကောင် တိုက်မိ၊ခိုက်မိကြပါတယ်။
အစကတည်းက စိတ်ထဲတွင် အညှိုးအတေးရှိနေတဲ့ငှက်တို့ဟာ စတင်ရန်ဖြစ်ကြပါတော့တယ်။
တစ်ကောင် နှစ်ကောင်မှ စပြီး တဖြည်းဖြည်းချင်းငှက်တွေ အားလုံး ပါလာကြပါတယ်။
တော်တော်ကြာလာတဲ့အခါ မုဆိုးလာနေတာကို ငှက်တွေတွေ့ကြပါတယ်။
ဒါပေမယ့် ဘယ်ဘက်ကို ပျံမယ်၊ ညာဘက်ကိုပျံမယ်စသည်ဖြင့် ငြင်းကြ၊ ခုံကြပါတယ်။
အဲဒီလို သဘောထားကွဲပြီးနောက်
ငြင်းခုံနေတဲ့အတွက် လွတ်မြောက်အောင် မပျံသန်းနိုင်ပဲ
မုဆိုးရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး၊ ဈေးမှာ ငုံးကြော်အဖြစ် ရောင်းစားခံရပါတော့တယ်။