လူသူမပေါက်တဲ့ ကျွန်းတစ်ခုပေါ်မှာ
လူတစ်ယောက်နဲ့ ကြက်တူရွေးတစ်ကောင်တို့ နှစ်တော်တော်ကြာရောက်နေကြတယ်
တစ်နေ့မှာတော့ ကြက်တူရွေးဟာ စိတ်လှုပ်ရှားပြီး မိမိရဲ့ သခင်ဆီကို ပျံလာတယ်။
ကြက်တူရွေးက
“မိန်းမချောတစ်ယောက်ကို ကျနော်တွေ့ခဲ့တယ်ဗျ ”
ယောက်ျားကြီးက ချက်ချင်းထပြီးကြက်တူရွေးနောက်ကိုလိုက်တယ်။
ကြက်တူရွေးဟာ ပျံရင်း လမ်းတစ်လျှောက်လုံး အဖွဖွပြောလာတာက
“လှလိုက်တဲ့ မျက်လုံး၊
ကောင်းလိုက်တဲ့ ကိုယ်လုံး၊
တကယ့် ရှယ်ပဲ ”
တစ်နေရာကို ရောက်လာတဲ့အခါမှာတော့
ကြက်တူရွေးဟာ သစ်ပင်တစ်ခုပေါ် နားလိုက်ပြီး
ဘေးက သစ်ပင်ကို မိမိရဲ့ နှုတ်သီးနဲ့ ညွှန်ပြတယ်။
“ ကျနော်ပြောတဲ့ မိန်းမချောလေ၊
ဟောဟိုမှာ…”
ကြက်တူရွေး ညွှန်ပြတဲ့ဖက်ကို ယောက်ျားကြီး ကြည့်လိုက်တယ်။
ပြီးတော့ ယောက်ျားကြီးရဲ့နှုတ်က ဆဲသံဆိုသံများ ပေါ်ထွက်လာပါတော့တယ်။
“ တော်တော် အသုံးမကျတဲ့ အကောင်၊
ကြက်တူရွေးမ ကိုများ
ငါ့ကို ခေါ်ပြရတယ်လို့ ”