ရှင်ရာဟုလာဟာ
နံက်တိုင်းမှာလည်း ကျောင်းအတွင်းရှိ
သဲမှုန်တစ်ဆုပ်ကို လက်မှာကိုင်ဆုပ်ရင်းက
“ ယနေ့ ငါသည် မြတ်စွာဘုရားအထံတော်မှလည်း
ကောင်း၊
ငါ၏ဥပဇ္ဈာယ်ဆရာ အရှင်သာရိပုတ္တရာမထေရ်မြတ်ထံမှ
လည်းကောင်း၊
ဤသဲမှုန်နှင့်အတူအမျှ အဆုံးအမသြဝါဒ စကား၊
ဤသဲမှုန်နှင့်အတူအမျှ မြည်တွန်သည့်စကား ရပါလို၏။”
+++++++++++++++++++++++++++++++++++++++
ဘယ်သူ့ကိုမှ ဘယ်တော့မှ
အပြစ်မတင်တော့တဲ့သူ
ဖြစ်ချင်တယ်။
++++++++++++++++++++++++++++++++++++++
ကျေးဇူးတင်နိုင်တဲ့စိတ်ဟာ
ချမ်းသာတဲ့စိတ်ဖြစ်ပါတယ်။
ကျေးဇူးတင်တဲ့စိတ်ဟာ
အင်မတန်လှပတဲ့စိတ်ဖြစ်ပါတယ်။
အဆင့်အတန်းမြင့်တဲ့စိတ် ဖြစ်ပါတယ်။
ကျေးဇူးတင်တတ်တဲ့စိတ်ဟာ
သုခဘုံကြီးပါ။
ကျေးဇူးကို ရှာပြီးတော့ တင်တတ်ဖို့ လိုတယ်။
++++++++++++++++++++++++++++++++++++++
ကိုယ်လိုတာကိုလည်း ရအောင်လုပ်ပါ။
နည်းမျိုးစုံနဲ့လုပ်ပါ။
ကောင်းတဲ့နည်းနဲ့လုပ်ပါ။
သူများလိုအပ်တာကိုလည်း ပေးပါ။
++++++++++++++++++++++++++++++++++++++
သူတစ်ပါးကို ကိုယ်ချင်းစာလိုက်တာဟာ
သူ့ကို ပေးလိုက်တာပဲ။
အလှူဒါနတစ်မျိုးပဲ။
++++++++++++++++++++++++++++++++++++++
ပေးနိုင်တဲ့စိတ်ဟာ လွတ်လပ်တဲ့စိတ်ဖြစ်တယ်။
အင်အားကြီးတဲ့သူဟာ ပေးနိုင်တဲ့သူ ဖြစ်တယ်။
အင်အားကြီးတဲ့သူဟာ စွန့်လွှတ်နိုင်တဲ့သူ ဖြစ်တယ်။
++++++++++++++++++++++++++++++++++++++
များများပေးနိုင်ရင် များများပြန်ရတယ်။
ကိုယ့်အလုပ်က လူအများကို
ထိထိရောက်ရောက် ကောင်းကျိုးပြုနိုင်လေလေ
လူတွေက ကိုယ့်အလုပ်ကို
ပိုပြီးလိုချင်လေလေပဲ။
လူတွေအတွက် ပိုပြီးတော့ အကျိုးများတဲ့၊
တန်ဖိုးရှိတဲ့အလုပ်တွေကို လုပ်နိုင်လေလေ
ကိုယ်ကလည်း လူ့အဖိုးတန်ဖြစ်လေလေပဲ။
++++++++++++++++++++++++++++++++++++++
လူ့အဖိုးတန်ဖြစ်ချင်ရင်
လူတွေကို ကောင်းကျိုးပြုတဲ့
အလုပ်ကို များများလုပ်မှပဲရတယ်။
++++++++++++++++++++++++++++++++++++++
အဖိုးတန်တဲ့အလုပ်ကို လုပ်ဖို့ဆိုတာ
စိတ်ထားလည်းကောင်းမှ၊
ရိုးသားမှုလည်း ရှိမှ၊
ဝိရီယလည်း ရှိမှ၊
အသိဉာဏ်လည်း ရှိမှ၊
အရည်အချင်းလည်း ရှိမှ၊
ကိုယ့်ကိုယ်ကိုလည်း လေးစားမှုရှိမှ၊
ပတ်ဝန်းကျင် အသိုင်းအဝိုင်းကလည်း
လေးစားမှုရှိမှ ဖြစ်နိုင်တယ်။
++++++++++++++++++++++++++++++++++++++
ပစ္စုပ္ပန်မှာ အချိန်တိုင်း၊ အချိန်တိုင်း
ကံတွေ ဖြစ်နေတယ်။
သတိ နဲ့ဉာဏ်နဲ့နေတတ်တဲသူဟာ
ကိုယ်လိုချင်တဲ့ကံမျိုးကို ဖန်တီးလို့ရတယ်။
အကြောင်းတရားဖြစ်တဲ့ကံကို
သတိနဲ့ဉာဏ်နဲ့ဖန်တီးထားရင်
အကျိုးတရားဟာ သူဟာသူလိုက်မှာပါ။
(ဆရာတော်ဦးဇောတိက)
++++++++++++++++++++++++++++++++++++++