Friday, December 31, 2010

“ အကောင်းဆုံး ပျံသန်းနိုင်သူ…”


ကျနော် အခန်းထဲထိုင်နေတုန်းက

ယင်ကောင်တစ်ကောင်ဝင်လာပါတယ်။

တဝီဝီအသံကိုလည်း ပေးလာပါတယ်။

တမဟုတ်ချင်း ထပျံတတ်သလို နေရာမရွေးနားနိုင်ပါတယ်။

အချိန်မရွေး နားနိုင်၊ ပျံသန်းနိုင်ပါတယ်။

ပျံသန်းနေရာက အောက်ကို စိုက်ဆင်းလာပြီး

စားကြွင်းစားကျန်များကို လာနားတတ်ပါတယ်။

သူ့ကြည့်ရတာ ကြိုက်တဲ့အရာကို အချိန်မရွေး လုပ်နိုင်ပါတယ်။

အိမ်များမှာ တွေ့ရတဲ့ ယင်ကောင်တစ်ကောင်ဟာ အံ့မခန်းစွမ်းပါတယ်။

ကမ္ဘာပေါ်ရှိ လေယာဉ်အားလုံးထက် ပျံသန်းနိုင်မှု စွမ်းရည်တွင်

ယင်ကောင်ကသာပါတယ်။

ပျံတက်ဖို့အတွက် ပြေးလမ်းမလိုပါ။

ဟယ်လီကော်ပတာတစ်စင်းလို နေရာက ထပျံနိုင်ပါတယ်။

ဘယ်တော့မှ ဝင်တိုက်ခြင်းမရှိပါ။

ပျက်ကျတာမျိုးလည်း မရှိပါ။

မမျှော်လင့်တဲ့ ချွတ်ယွင်းမှုကြောင့် ပျံသန်းရင်း

ပျက်ကျတာမျိုးလည်း မရှိပါ။

သူရဲ့ ပိုင်းလော့ဟာ အမောင်းသင်ရခြင်း၊

ပျံသန်းတတ်ဖို့ သင်ပေးရခြင်း မရှိပါ။

ဘယ်သင်တန်း ဘယ်စစ်ဆေးမှု မှ အောင်မြင်စရာမလိုပါ။

စက်ပျက်ခြင်းလည်းမရှိ။

လောင်စာဆီကုန်သွားခြင်းမျိုးလည်း မရှိပါ။


ကဲ…လူကြီးမင်းခင်ဗျား၊

ပတ်ဝန်ကျင်မှာ တွေ့နေကျ သတ္တဝါတစ်ကောင်ရဲ့

စွမ်းဆောင်နိုင်စွမ်းရည်တွေကို

သေသေချာချာ လေ့လာကြည့်ဖူးပါသလား…

သေသေချာချာ လေ့လာကြည့်ရင်

အရာရာဟာ စိတ်ဝင်စားစရာတွေနဲ့ပြည့်နေတာကို

သိလာပါလိမ့်မယ်။

“ ငိုစရာလားကွယ်… ”


တစ်ခါတုန်းက

လယ်သမား သားအဖ နှစ်ဦးဟာ လယ်လုပ်ငန်းလုပ်ဖို့ လယ်တောကို သွားတယ်။

မကြာခင်မှာပင် သားဖြစ်သူဟာ မြွေကိုက်ပြီးသေဆုံးသွားပါတယ်။

ဖခင်က သားသေမှန်းသိလျက် လုပ်စရာကို ဆက်လုပ်ပါတယ်။

ပြီးမှ ကျန်မိသားစုအဖွဲ့ဝင်တွေကို လူကြုံနဲ့အခေါ်လွှတ်လိုက်တယ်။

အားလုံးစုရုံးမိတော့ သားသေကို မီးသင်္ဂြုလ်ကြတယ်။

ဘယ်သူမှ မငိုကြွေးကြဘူး။


လယ်သမားမိသားစုဟာ သားသေဆုံးသွားပေမယ့်လည်း

ဝမ်းနည်းကြေကွဲတာ မရှိတော့

လူတစ်ယောက်က အံ့သြပြီးမေးကြည့်ရာ…


ဖခင်က

“ မြွေဟာ အရေလဲသလိုပဲ သေတဲ့သားဟာလည်း

မိမိကိုယ်ကို စွန့်ပြီးဘဝသစ် တမလွန်ဘဝကို သွားတာဖြစ်ပါတယ်။

ဒါကြောင့် ဝမ်းမနည်းပါ။

မိဘမောင်ဖွားတွေ ၊ ဆွေမျိုးတွေ ငိုတာကိုလည်း သေသူသားက မသိပါ။

သူ့ကံအတိုင်း သူသွားပါပြီ ”


မိခင်က

“ မခေါ်ဘဲနဲ့ လာပြီး နူတ်ဆက်ခွင့်မပြုဘဲ သွားသလိုပါပဲ။

သတ္တဝါတွေဟာ အိမ်သူအိမ်သား အသိုင်းအဝိုင်းမှာ

အလိုအလျောက်လာပြီး ခွင့်မလွှတ်ပေမယ့်လည်း

ဘဝတစ်ပါးကို သွားတဲ့အတွက် ငိုကြွေးစရာမလိုပါ ”


ညီမငယ်က

“ သေသူအတွက် ငိုကြွေးတာဟာ မျက်ရည်ကုန်ခမ်း

လူပင်ပန်းပြီး ပိန်သွားဖို့ပဲဖြစ်တယ်။

အကျိုးမရှိပါ။ ဒါကြောင့်မငိုပါ ”


ဇနီးသည်က

“ သေတဲ့သူကိုတောင့်တပြီး စိုးရိမ် ငိုကြွေးတဲ့သူဟာ

လပြည့်ဝန်းကို မြင်ပြီး ပေးပါ၊ ပေးပါ

တစာစာ ငိုကြွေးတဲ့သူငယ်လိုပဲ မဖြစ်နိုင်ဖွယ်ရာသာ ဖြစ်တယ် ”


ကျွန်မက

“ သေတဲ့သူကို တမ်းတပြီး စိုးရိမ်ငိုကြွေးတဲ့သူဟာ

ကွဲသွားတဲ့အိုးကို ပြန်လည်ဆက်သလိုပါပဲ

မဖြစ်နိုင်ဖွယ်ရာသာ ဖြစ်တယ်။

ဒါကြောင့် မငိုပါ။


မိသားစုအားလုံးရဲ့အဖြေတွေကို အနှစ်ချုပ်ကြည့်လိုက်တော့

သေတဲ့သူဟာ

မိဘ၊ဆွေမျိုး၊ ညီအစ်ကို၊ မောင်နှမတို့ရဲ့ စိုးရိမ်ပူဆွေး၊

ငိုကြွေးနေတာကို မသိနိုင်ပါ။

ဘဝတစ်ပါးကို သွားပြီးဖြစ်တဲ့အတွက် ဝမ်းမနည်း၊

မငိုကြွေးကြတာကိုတွေ့ရပါတယ်။

Ref; (ဥရဂဇာတ်မှ.)

“ တိရိ စ္ဆာန်တွေအတွက် စဉ်းစားပေး ”




တစ်ခါတုန်းက...........


မဟာစည်ရိပ်သာကြီးအတွင်းမှ

သရက်သီးများကို ခူးနေသူ

တာဝန်ကျတစ်ဦးက သရက်ပင်မှ ကုန်အောင်

ဝါယမစိုက်ပြီးခူးနေတာကို

မဟာစည် ဆရာတော်ဘုရားကြီးကတွေ့တော့


ဆရာတော်ဘုရားကြီးက


“ သရက်သီးတွေကို ကုန်အောင်ခူးမပစ်ပါနဲ့၊

ငှက်ကလေးတွေအတွက်လည်း စားဖို့ချန်ထားပါဦး၊

လူတွေက သစ်ပင်မှာ မရှိရင် ဈေးထဲမှာ

ဝယ်စားနိုင်ပေမယ့် ငှက်ကလေးတွေက လူတွေလို

ဝယ်မစားနိုင်ကြပါဘူး ”


“ အချိန်ရှိခိုက် လုံ့လစိုက်… ”



မသွားဘဲ နီးနီးလာသည်က သုဿာန်။


သွားနေပါလျက် ဝေးနေသည်က နိဗ္ဗာန်။


နိဗ္ဗာန်ရောက်မှာ မသေချာ။


သုဿာန်ရောက်မှာ သေချာသည်။


ခန္ဓာ၊ နာမ် ၊ ရုပ် ၊ အကောင်ပုပ် သုဿာန်


မရောက်ခင် ဒါန၊ သီလ၊ ဘာဝနာ အလုပ်ကို


မမေ့မလျော့ဘဲ ကြိုးစား အားထုတ်ကြပါ။


(ယောဆရာတော်)

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com