


တစ်ခါတုန်းက...........
မဟာစည်ရိပ်သာကြီးအတွင်းမှ
သရက်သီးများကို ခူးနေသူ
တာဝန်ကျတစ်ဦးက သရက်ပင်မှ ကုန်အောင်
ဝါယမစိုက်ပြီးခူးနေတာကို
မဟာစည် ဆရာတော်ဘုရားကြီးကတွေ့တော့
ဆရာတော်ဘုရားကြီးက
“ သရက်သီးတွေကို ကုန်အောင်ခူးမပစ်ပါနဲ့၊
ငှက်ကလေးတွေအတွက်လည်း စားဖို့ချန်ထားပါဦး၊
လူတွေက သစ်ပင်မှာ မရှိရင် ဈေးထဲမှာ
ဝယ်စားနိုင်ပေမယ့် ငှက်ကလေးတွေက လူတွေလို
ဝယ်မစားနိုင်ကြပါဘူး ”
No comments:
Post a Comment