Thursday, December 30, 2010

“ ဂိတ်ကြေးပါရဲ့လား...”



တစ်ခါတုန်းက အဖိုးအိုတစ်ယောက်ဟာ

တောင်ဝှေးကိုထောက်ပြီး တလှုပ်လှုပ်နဲ့ လမ်းလျှောက်နေပါတယ်။

တစ်နေ့မှာတော့ လမ်းဆုံလမ်းခွ လမ်းနှစ်ခွကိုရောက်လာပါတယ်။

တစ်ခုသောလမ်းကတော့အရိပ်အာဝါသကောင်းတယ်။

ဖြောင့်ဖြူးသာယာတယ်။

နောက်တစ်လမ်းကတော့ အရိပ်အာဝါသ မကောင်းပါ။

ဖြောင့်ဖြူးညီညာခြင်း မရှိပါ။

ဆူးညှောင့်အပြည့်နဲ့ ဖြစ်တယ်။

အဖိုးအိုဟာ သာယာတဲ့လမ်းဘက်ကို သွားဖို့ ဟန်ပြင်လိုက်ပါတယ်။


အဲဒီအခိုက် သေမင်းတမန်နတ်သား ဟာ ဘွားကနဲပေါ်လာပြီး…

“ အို လူသား အဖိုးအို၊

လမ်းကောင်းကိုသွားဖို့ ဂိတ်ကြေးပါရဲ့လား ”


“ ဘာကို ဆိုလိုပါသလဲ၊ အသင်နတ်သား ”


“ ကောင်းပြီး အဖိုးအို၊

နားထောင်ပါလော့၊

သင်ဟာ ရတနာသုံးပါးကို ယုံယုံကြည်ကြည်နဲ့ ဆည်းကပ်ခဲ့ပါရဲ့လား ”


“မေ့လျော့နေတဲ့အတွက် မဆည်းကပ်ခဲ့မိပါ ”


“ သင်ဟာ မိဘတို့ကို လုပ်ကျွေးခဲ့ပါရဲ့လား ”


“ မေ့လျော့နေတဲ့အတွက် မလုပ်ကျွေးခဲ့ပါ ”


“ ရှိစေဦးတော့၊

ဒါနဝတ်တစ်ခုခု နေ့စဉ်ပြုခဲ့ပါရဲ့လား ”


“ မေ့လျော့နေတဲ့အတွက် မပြုခဲ့မိပါ ”


“ သင်ဟာ သီတင်းသီလကိုကော စောင့်သုံးခဲ့ပါရဲ့လား ”


“ မေ့လျော့နေတဲ့အတွက် မစောင့်သုံးခဲ့ပါ ”


“ ရှိစေဦးတော့၊

ဘာဝနာတစ်ခုခုကိုကော ပွားရှုခဲ့ပါသလား ”


“ မေ့လျော့နေတဲ့အတွက် မပွားရှုခဲ့မိပါ ”


“ အို လူသားအဖိုးအို၊

သင့်မှာ ဂိတ်ကြေးမပါတဲ့အတွက်

ဒီလမ်းကောင်းပေါ်မှာ သွားခွင့်မရှိပါ။

ဆူးအပြည့်ရှိတဲ့ လမ်းကိုသာ သွားပါလေလော့ ”


မျက်မှောက်အကျိုး၊

တမလွန်အကျိုးကို လိုလားသူဟာ

ကုသိုလ်ကောင်းမှုကို မမေ့မလျော့ပြုဖို့လိုပါတယ်။

ကုသိုလ်ကောင်းမှုဟာ

သံသရာခရီးအတွက်

ဂိတ်ကြေးဆိုတဲ့ ရိက္ခာထုတ်ဖြစ်ပါတယ်။

“ ပြည်တော်ပြန် လက်ဆောင်…”



မြန်မာတိုးရစ်ဖြစ်နေတဲ့ကိုအောင်ကြည်မင်းဟာ

ပြင်သစ်ပြည်မှ

မြန်မာပြည်သို့ ပြန်တော့မယ့်နေ့မှာ

ကျန်နေတဲ့ ပြင်သစ်ငွေ ၂၅-ဖရန့်ကို

အလဟဿ အဖြစ်မခံလို့

ဆုံးဖြတ်ကာ

စတိုးဆိုင်တစ်ခုသို့ဝင်တယ်။


အရောင်းသမကမေးတယ်။


“ ဘာလိုချင်လို့ပါလဲရှင် ”


“ ဆပ်ပြာမွှေးတစ်တုံး ဘယ်လောက်ကျသင့်သလဲ ”


“ ဖရန့်၁၀၀ ကျပါတယ်”


“ ဖရန့်၅၀ပေးရင်ကော ဆပ်ပြာကို

ခင်ဗျားထက်ဝက်လှီးပေးမလား ”


“ ရပါတယ်ရှင် ”


“၂၅-ဖရန့်ပေးရင်ကော ဆပ်ပြာတုံးကို

လေးစိတ်စိတ်ပေးမလား ”


“ ရပါတယ်ရှင် ”


မြန်မာတိုးရစ်ဖြစ်တဲ့ကိုအောင်ကြည်မင်း

က ၂၅-ဖရန့်ပေးလိုက်တယ်။


အရောင်းသမက ဆပ်ပြာတစ်စိတ်ကို

ကမ်းပေးလိုက်တယ်။

ပြီးတော့ ပလတ်စတစ်အထုတ်သေးသေး တစ်ခု

ကိုလည်း အပိုလက်ဆောင် ပေးလိုက်တယ်။


ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့

ကွန်ဒုန်းဖြစ်နေတာကို တွေ့ရတယ်။


အရောင်းသမဖြစ်တဲ့အမျိုးသမီးကပြောတယ်။


“ အဲဒါက လက်ဆောင်ပါ၊

ရှင့်လိုလူတွေ မတိုးပွားစေချင်ဘူးရှင် ”

“ ကိုယ့်စိတ်ကို ကိုယ်သိပြီးနေပါ...”


ကိုယ့်ရဲ့စိတ်ချမ်းသာမှုကို
အပျက်အစီးမခံဘဲနဲ့ သူတစ်ပါးကို
စိတ်ဆင်းရဲအောင်လုပ်လို့ မရနိုင်ဘူး။
ဒါကြောင့် ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင်
နေလိုက်သည်ပင်လျှင် သူတစ်ပါးကို
စိတ်ချမ်းသာအောင် ထားရာရောက်ပါတယ်။

++++++++++++++++++++++++++

လောကကြီးမှာ
အေးအေးချမ်းချမ်း ၊
တည်တည်ငြိမ်ငြိမ်၊
ရင့်ရင့်ကျက်ကျက်နေတဲ့သူတွေ လိုတယ်။
ဘဝကို ဒီလို နေပါလို့ နေပြတဲ့လူတွေ လိုတယ်။

++++++++++++++++++++++++++

သူများပါးစပ်လှုပ်တိုင်း
ကိုယ့်စိတ်က လှုပ်ရှားရမယ်ဆိုရင်
ကိုယ့်ဘဝဟာ သူများပါးစပ်ဖျားမှာ
လမ်းဆုံးသွားမယ်။

++++++++++++++++++++++++++

လူတစ်ယောက်ရဲ့စိတ်နေသဘောထား၊
အကျင့်သီလ၊
အသိဉာဏ်၊
လုပ်ရည်ကိုင်ရည်စသည်ဖြင့် အားလုံးအဆင့်မြင့်လာဖို့အရေးမှာ
အခြေခံအကျဆုံးအချက်က သတိပါပဲ။
စိတ်ထားတွေ၊
အသိဉာဏ်တွေ၊
လုပ်ရည်ကိုင်ရည်တွေ၊
လူမှုရေး၊
စီးပွားရေးတွေပါ တဖြည်းဖြည်းတိုးတက်လာချင်ရင်
တတ်နိုင်သလောက် ကိုယ့်စိတ်ကိုယ်သိပြီးနေပါ။

++++++++++++++++++++++++++

တည်ငြိမ်အေးချမ်းအောင်၊
ရိုးသားဖြောင့်မတ်အောင်၊
ကိုယ်ချင်းစာတတ်အောင်၊
ကူညီတတ်အောင်၊
မနာလိုစိတ်နဲအောင်၊
မုဒိတာများအောင်၊
တစ်ကိုယ်ကောင်းမဆန်အောင်၊
ခွင့်လွှတ်တတ်အောင်၊
အကောင်းမြင်တတ်အောင်၊
နေ့စဉ်စိတ်ကို
သတိနဲ့စောင့်ကြည့်ရင်း လေ့ကျင့်ယူပါ။

++++++++++++++++++++++++++

လူတွေမှာ အင်မတန်ကြီးမားတဲ့အစွမ်းသတ္တိတွေ
အများကြီးရှိပါတယ်။
အဲဒီစွမ်းရည်သတ္တိတွေကို
တစ်ခုဆိုတစ်ခု လေးလေးနက်နက်
ဦးတည်ချက်ထားပြီး တကယ်စွဲစွဲမြဲမြဲလုပ်ကြည့်စမ်းပါ။
အများကြီးဖြစ်မြောက်အောင်မြင်တာကို တွေ့ရလိမ့်မယ်။

( ဆရာတော် ဦးဇောတိက )

“ အကြောင်းရင်း…”


ယူရိုကဖီးဆိုင်တွင်

ပြောနေသောစကားများဖြစ်တယ်။


ကိုမြင့်သန်းက

“ ဦးရွှေအေး၊

ဘာဖြစ်လို့ ဒီလောက်တောင် ဇိမ်ကျကျ

နေနိုင်တာလဲဗျ ဟင် ”


အနီးစားပွဲတွင် ထိုင်နေသူ

ကိုလှမြင့်ကလှမ်းပြောတယ်။

“ သက်သေအထောက်အထားတွေ

မလုံလောက်လို့ပေါ့ ”

“ ပိန်ဖို့ပဲ ကြိုးစား…”



အမှုသည်ဖြစ်သူ ကိုလူအေးက

ရှေ့နေဦးစိန်တင်ကို တိုင်တည်ပြီးပြောနေတယ်။


“ ဆရာ၊

ကျနော့်အိမ်နီးချင်းက

ကျနော့်ကို

ဝသလောက် ထုံအတဲ့လူလို့

ပြောပါတယ် ”


ရှေ့နေကပြန်ပြောလိုက်တာက

“ ပိန်အောင် ကြိုးစားလိုက်ပေါ့ဗျာ ”


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com