
Necessity is the mother of invention.
(လိုအပ်ချက် ဟာ တီထွင်မှုရဲ့ မိခင် )

***************************

တယ်လီဖုန်းကို ၁၈၇၆ ခုနှစ်က
အလက်ဇန္ဒားဂရေဟမ်ဘဲလ် (Alexander Graham Bell )စတင် တီထွင်ခဲ့တယ်။
ဒါပေမယ့် နှစ်ပေါင်း တစ်ရာ့အစိတ်ကြာမြင့်တဲ့တိုင်အောင်
တယ်လီဖုန်းကို ဆန်းသစ်တီထွင်ဆဲပင်ရှိသေးတယ်။
ယ္ခုတိုင်လည်း ဆန်းသစ်တီထွင်ဆဲပင်။
ပညာရှင်တွေ ငွေအား၊ ဉာဏ်အားသုံးကာ
အကြိတ်အနယ် အပြိုင်အဆိုင် ကြိုးစားနေဆဲရှိပါသေးတယ်။

***************************

ကြွက်ထောင်ချောက်တစ်ခုသာ
ခင်ဗျားအိမ်နီးချင်းထက် ပိုကောင်းအောင်လုပ်ပါ။
တောကြီးမျက်မည်းထဲနေရင်တောင်
တစ်ကမ္ဘာလုံးက လူတွေ ခင်ဗျားအိမ်ဆီ
လမ်းဖြိုင်ဖြိုင်ပေါက်အောင်ရောက်လာကြလိမ့်မယ် ”
[ ၁၉ရာစု၊ အမေရိကန် တွေးခေါ်ရှင်
အီမာဆင် (Ralph Waldo Emerson )ရဲ့စကားတစ်ခွန်း]

***************************

လူမှာရှိတဲ့ စိတ်ခံစားချက်တွေထဲမှာ
ကြောက်စိတ်လောက်
လူကို အားအင် ဆုတ်ဆိုင်းယုတ်လျှော့သွားစေတဲ့အရာ မရှိပါ။

***************************

“ ရဲရဲတင်းတင်းသာ လုပ်ပါ။
ကြီးမားတဲ့အင်အားတွေ ဝိုင်းဝန်းကူညီလာပါလိမ့်မယ် ”
[ ဘက်ဆီလ် ကင်း (Basil King ) ]

***************************