တရားသူကြီးက
“ လက်ထပ်ပြီးလို့ တစ်ပတ်တောင်
မကြာသေးဘူး၊
ခင်ဗျား မိန်းမကို ခင်ဗျား ရိုက်တယ်။
ခင်ဗျားကို ထောင် တစ်နှစ်အထိ ချနိုင်တယ်၊
သိရဲ့လား ”
တရားခံက
“ တရားသူကြီးမင်းခင်ဗျား၊
ကျနော်တို့ရဲ့ ပျားရည်ဆမ်းလကို
မဖျက်ဆီးပါနဲ့ခင်ဗျာ ”
ညအချိန်၊
လမ်းထောင့်တစ်နေရာတွင် ဖြစ်တယ်။
“ မိတ်ဆွေ၊
ခင်ဗျားဆီမှာ မီးခြစ်ပါသလားဗျာ ”
“ ပါတယ်၊
ရော့ ယူပါ ”
“ တစ်ဆက်တည်း စီးကရက်ပါ မပေးနိုင်ဘူးလားဗျာ ”
“ ရပါတယ်၊
ရော့ ယူပါ ”
“ အောင်မယ်၊
စီးကရက်ကို
ငွေအစ်ထဲထည့်ထားပါလား၊
စီးကရက်အစ် ကိုပါပေး ”
“ ကယ်ကြပါဦး၊
ကျနော့်ကို လုနေပါတယ် ခင်ဗျ ”
“အောင်မယ်၊
ရွှေသွားနဲ့ကိုး၊
ရွှေသွားကိုပါ ချွတ်ပေးစမ်း ”
မုဒုံမြို့နယ်တွင်ရှိတဲ့တောရွာတစ်ရွာရဲ့
အရက်ဆိုင်တစ်ဆိုင်တွင် ဖြစ်တယ်။
ကိုအေးကိုဟာ
အရက်သောက်နေသူများကို ငေးကြည့်နေတယ်။
မိမိကိုယ်တိုင်မူမသောက်ချေ။
ဆိုင်ရှင်က သူ့အနားကပ်လာပြီး မေးတယ်။
“ ဟေ အေးကို ၊
ဘာလို့မသောက်တာလဲကွ ”
“ ပိုက်ဆံမရှိလို့ပါ၊
အဲ- အိမ်က နွားသားလေးကို
ရောင်းပြီးရင်တော့လား စိတ်ကြိုက် သောက်လိုက်စမ်းမယ် ”
အရက်ဆိုင်ရှင်ရဲ့မျက်လုံးများ ကျယ်လာတယ်။
“ ဒီလိုလုပ်၊
မင်းကို ငါ အရက်ကြွေးတိုက်မယ်၊
နောက်တော့ မင်း ငါ့ကိုနွားသားလေး လာပေး ”
ဆိုင်ရှင်က အရက်ငှဲ့ပေးလိုက်တယ်။
ကိုအေးကို မနားတမ်းမော့ချလိုက်တယ်။
နောက်နေ့များတွင်လည်း ကိုအေးကို ပုံမှန်လာသောက်တယ်။
၇-ရက်တိတိ ကြာသွားတယ်။
ဆိုင်ရှင်က ပြောတယ်။
“ အေးကို ၊
မင်းကို ငါတိုက်တဲ့အရက်ဖိုးဟာ
နွားသားရဲ့တန်ဖိုးနဲ့ ညီတူညီမျှ ဖြစ်နေပြီကွ၊
အဲဒါကြောင့် ငါ့ကို မင်းရဲ့နွားသားလေး ပေးပါတော့ ”
ကိုအေးကို နဲ့အတူ
ကိုအေးကို ရဲ့အိမ်ကို ဆိုင်ရှင်လိုက်လာတယ်။
အိမ်ရှေ့ရောက်တဲ့အခါ
ကိုအေးကိုကလှမ်းအော်ပြောတယ်။
“ မိန်းမရေ၊
နွားမကို နွားထီးဆီကို ခေါ်ထုတ်လာခဲ့ဟေ့၊
ဒီမှာ နွားသားလေး ယူမယ့်လူ ရောက်နေတယ် ”
ဦးကပ်စေးထံ အိမ်နီးချင်း ရောက်လာပြီး မေးတယ်။
“ ဦးကပ်စေး ၊
ခင်ဗျားဆီမှာ နှစ်လေးဆယ် သက်တမ်း
ရှိတဲ့ ရှာလကာရှည် မရှိဘူးလားခင်ဗျာ ”
“ ရှိသားပဲ၊
ဘာဖြစ်လို့လဲ ”
“ ကျုပ်ကို နည်းနည်းလေး ငှဲ့မပေးနိုင်ဘူးလားဗျာ ”
“ မပေးနိုင်ပါဘူး ”
ဒီလို ပြောင်ပြောင်တင်းတင်း ငြင်းလိုက်တဲ့အတွက်ကြောင့်
အိမ်နီးချင်းက အံ့သြသွားပါတယ်။
“ ဟေ့လူ၊
ကျုပ်က နည်းနည်းပဲ တောင်းတာပါဗျ၊
ဘာဖြစ်လို့ မပေးချင်ရတာလဲ ”
ဦးကပ်စေးပြန်ပြောလိုက်တာက…
“ လာတောင်းတိုင်းသာ ကျုပ်ပေးနေရရင်
ကျုပ်ရဲ့ရှာလကာရည်ဟာ
အခုလို နှစ်လေးဆယ်အထိ ခံပါ့မလားဗျ ”