အကယ်၍ အဆင်မပြေတဲ့ကိစ္စ
ခေါင်းထဲရောက်လာရင်လည်း
ချက်ချင်း သိလိုက်ပါ။
သိပြီးတော့ နေလိုက်ပါ။
ပြီးရင် ချက်ချင်း အသက်ရှုတာမှာပဲ
ပြန်ထားလိုက်ပါ။
အားရပါးရ အသက်ရှုလိုက်ပါ။
++++++++++++++++++++++++++
တရားအားထုတ်တယ်ဆိုတာ
စိတ်ကို Tuning လုပ်တာပါ။
စိတ်ကို ပစ္စုပ္ပန်မှာ သေသေချာချာ တည့်နေအောင်
ညှိယူုခြင်း( Tune ) လုပ်ပေးတာပဲ။
++++++++++++++++++++++++++
စိတ်ကို သေချာသိတဲ့လူဟာ
တခြားအရာတွေကို သိနိုင်တယ်။
တခြားအရာတွေကို သိတာဟာ
စိတ်နဲ့သိတာပါ။
စိတ်နဲ့ပဲသိတာဆိုတော့ စိတ်ကိုသိတဲ့လူဟာ
အရာရာတိုင်းကို သိတယ်။
++++++++++++++++++++++++++
စိတ်ကို အမြဲတမ်း စုစည်းတဲ့အလေ့အကျင့်လုပ်ပါ။
သတိရှိနေရင် သတိရှိနေတယ်လို့ သိနေပါ။
++++++++++++++++++++++++++
ဘယ်အချိန်၊
ဘယ်နေရာ၊ဖြစ်ဖြစ်
တတ်နိုင်သလောက် စိတ်ကို
စုစည်းပါ။
အတိတ်၊
အနာဂတ်ကို တွေးပြီးတော့
မေ့မြောမနေဖို့ အရေးကြီးတယ်။
++++++++++++++++++++++++++
သတိရှိနေတဲ့အချိန်မှာ စိတ်က
လူကြီးဆန်လာတယ်။
သတိလွတ်နေရင်
စိတ်က ကလေးဆန်တယ်။
Mature ဖြစ်တယ်ဆိုတာ
အသက်အရွယ်နဲ့မဆိုင်ဘူး။
အသိဉာဏ်နဲ့ပဲဆိုင်တယ်။
++++++++++++++++++++++++++
ဘဝရဲ့အရည်အသွေးကို မြင့်မားစေချင်ရင်
စိတ်ရဲ့အရည်အသွေးကို
မြင့်မားအောင် ကြိုးစားမှ ဖြစ်မယ်။
ဘဝရဲ့အဆင့်အတန်းကို
စိတ်ရဲ့အဆင့်အတန်းနဲ့ပဲ တိုင်းတာသင့်တယ်။
++++++++++++++++++++++++++
စိတ်ရှင်းရင် ဘဝရှင်းတယ်။
စိတ်ဆိုးရင် ဘဝဆိုးတယ်။
စိတ်ရိုးရင် ဘဝရိုးတယ်။
စိတ်တွေရှုပ်ရင် ဘဝ လည်း ရှုတ်လာတယ်။
စိတ်တွေ ဆန်းပြားရင် ဘဝလည်း ဆန်းပြားလာမယ်။
++++++++++++++++++++++++++
ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်လုပ်လိုက်ရင်
လောကကြီးကို
ကောင်းအောင်လုပ်တာပါပဲ။
++++++++++++++++++++++++++++++
(ဆရာတော်ဦးဇောတိက)