တစ်ခါတုန်းက ကျေးရွာသူ၊ကျေးရွာသားများဟာ
ဘာသာဘာဝ ပြောကြဆိုကြ သုံးနှုန်းကြတာက
(တော်တို့၊ ကျုပ်တို့)လို့ပဲ ရင်းရင်းနှီးနှီး သုံးကြတယ်။
မြို့မှာလို ရှင်တွေ၊ ကျမတွေ မသုံးနှုန်းကြဘူး။
မြို့မှာ တော်တွေ၊ ကျုပ်တွေ သုံးရင် ရိုင်းတယ်ပေါ့။
တောသူတောသား တွေလို့ ယူဆထားကြတာကိုး။
ဒီတော့ တောမှာ နေတဲ့တောသူမတစ်ယောက်ဟာ
နေပြည်တော်ခေါ်တဲ့မြို့ကို သွားစရာရှိလေတော့
မြို့သူမြို့သားရဲ့အသုံးအနှုန်း အခေါ်အဝေါ်တွေကို လေ့လာမေးမြန်းရတာပေါ့။
ဒါနဲ့ အဲဒီကျေးတောသူဟာ မြို့ကို သွားတော့ ရှင်ထည့်ပြီးပြောဆိုမှပဲ စိတ်ထဲမှာ စွဲထားလိုက်သတဲ့။
မြို့ကိုရောက်လို့တည်းခိုမယ့် မိတ်ဆွေအိမ်ရောက်တော့
ရင်းလည်း ရင်းနှီးတာကတစ်ကြောင်း၊
မောမောနဲ့ ဆေးလိပ်သောက်ချင်တာကြောင့်
“ဆေးတစ်ရှူ ပေးပါရှင်”လို့ပြောရမှာကို
“ ရှင်”ထည့်ချင်ဇောနဲ့
“ဆေးတစ်ရှင် ပေးပါရှူ”လို့ပြောလိုက်မိသတဲ့။