
မြတ်စွာဘုရားက
“ ထမင်းစားသောက်ပြီးလို့ ပန်းကန်ဆေးရည်၊
အိုးဆေးရည်တွေကို
မြောင်းထဲသွန်တဲ့အခါ
“ ဒီပန်းကန်ဆေးရည်၊အိုးဆေးရည်တွေထဲက
ထမင်းလုံး၊ဟင်းဖတ်လေးတွေ၊ဆီဖတ်လေးတွေကို
မြောင်းထဲက ပိုးကောင်လေးတွေစားကြ၊
သောက်ကြပါစေ ”
လို့ နှလုံးသွင်း စိတ်ထားပြီး
စွန့်သွန်ရင် ကြီးကျယ်တဲ့ဒါနကုသိုလ်ဖြစ်ပါတယ် ”
လို့ဟောကြားတော်မူထားပါတယ်။
(အရှင်ဆန္ဒာဓိက)