ဆရာဝန်ပေါက်စတုန်းက
ကျနော့်ဆေးခန်းဆီကို
လူနာအမျိုးသမီးတစ်ဦးရောက်လာပါတယ်
လူနာကို သေသေချာချာစမ်းသပ်စစ်ဆေးပါတယ်။
ဆီး၊ဝမ်း၊ သွေးနဲ့သလိပ်များကို စစ်ကြည့်ပြီး
ရတဲ့ရလာဒ်များကို လေ့လာတယ်။
ဘာရောဂါဆိုတာကို ဘယ်လိုမှ ဖော်ထုတ်လို့မရပါ။
နောက်ဆုံးမှာတော့ လူနာအမျိုးသမီးကို
မသေမချာကောက်ချက်ကိုပြောရပါတော့တယ်။
“ ကျနော် သိပ်တော့မသေချာလှဘူး၊
ခင်ဗျားဟာ တစ်ယောက်ယောက်ဆီက
တုတ်ကွေးကူးတာလား၊
ဒါမှမဟုတ်
ခင်ဗျားမှာ ကိုယ်ဝန်ရှိနေပြီလား၊
တစ်ခုခုပါပဲ ”
လို့ ဆရာဝန်ပေါက်စ ကျနော်
က ပြောလိုက်ပါတယ်။
ဒီစကားကို ကြားတဲ့အခါ အမျိုးသမီးလူနာက
ချက်ချင်းပြန်ပြောပါတယ်။
“ ဒေါက်တာ၊
ကျမမှာ ကိုယ်ဝန်ရှိနေတာပဲ ဖြစ်ရမယ်။
ဘာကြောင့်လဲဆိုတော့ ဒီတစ်လ၊ နှစ်လအတွင်းမှာ
ကျမရဲ့အသိမိတ်ဆွေတွေထဲမှာ
ဘယ်သူမှ တုတ်ကွေးဖြစ်တဲ့လူ မရှိဘူးရှင့် ”တဲ့။
ဒီတော့မှ ကျနော်လည်း သက်ပြင်းချနိုင်ပါတော့တယ်။
ဆရာဝန်ဖြစ်စမှာတော့
လူနာဟာ ကျနော်တို့ရဲ့ ဆရာတွေပါပဲ
ဆိုတာကို ပိုမိုသဘောပေါက် နားလည်ခဲ့ရပါတယ်။