တစ်ခါတုန်းက …လယ်သမားတစ်ယောက်ရဲ့ မြည်းတစ်ကောင်ဟာ
အကာအရံမရှိတဲ့ လယ်ထဲက ရေတွင်းထဲ ကျသွားပါတယ်။
မြည်းဟာ ရေတွင်းထဲကနေ အော်အော်ပြီးတော့
သူ့သခင်ကို ခေါ်တယ်။
လယ်သမားကြီးဟာ ဘာလုပ်ရမလဲလို့ တွေးတယ်။
နောက်ဆုံးတော့ လယ်သမားကြီးက စဉ်းစားတယ်။
ဒီမြည်းဟာ အိုလည်း အိုနေပြီ။
ရေတွင်းကလည်း မသုံးတာကြာတဲ့ ရေတွင်းဟောင်းကြီးဆိုတော့
ဖို့ပစ်တာ ကောင်းတယ်။
ဒီမြည်းကို ဆွဲတင်နေလို့ မထူးဘူး။
ဒီလိုတွေးပြီးတော့ သူ့အိမ်နီးနားချင်းက
သူငယ်ချင်း လယ်သမားတွေ ကိုခေါ်လာတယ်။
တစ်ယောက် ပေါက်ပြားတစ်လက်ဆီ ယူလာကြတယ်။
မြေကြီးတွေ တူးပြီး ရေတွင်းကို ဖို့ကြတယ်။
မြည်းဟာ သူကို မြေဖို့နေပြီဆိုတာ သိတော့
ကြောက်ပြီး အသံကုန်အော်တယ်။
နောက်မကြာခင်မှာ မြည်းအော်သံ တိတ်သွားတယ်။
တော်တော်ကြာတော့ လယ်သမားကြီးဟာ ရေတွင်းထဲကို
ငုံ့ကြည့်တယ်။
သူမြင်ရတာကို သူအံ့သြသွားတယ်။ မြေကြီးတစ်ကော်စာ
ဖို့လိုက်တိုင်း မြည်းဟာ
သူကျောပေါ်ကိုကျလာတဲ့မြေကြီးတွေကို ခါချလိုက်ပြီး
မြေကြီးပေါ်ကို တစ်လှမ်းတက်လိုက်တယ်။
လယ်သမားတွေက မြေကြီးဆက်ဖို့တိုင်း မြည်းဟာ
မြေကြီးတွေ ခါချပြီး မြေကြီးပေါ် လှမ်းတက်လိုက်တယ်။
ရေတွင်း ပြည့်ခါနီးတော့ မြည်းဟာ ရေတွင်းပေါ်
ခုန်တက်ပြီးတော့ အားရဝမ်းသာ ခုန်ပေါက်ပြီး
ပြေးတော့တယ်။ လယ်သမားတွေက မြည်းကိုကြည့်ပြီး
သဘောကျလို့ တဟားဟားနဲ့ အားရပါးရ ရယ်ကြတော့တယ်။
ကိုယ့်ဘဝအခြေအနေက ကိုယ့်ကျောပေါ်ကို
မြေတွေပုံမယ်။
ဒုက္ခကနေ လွတ်အောင် လုပ်နည်းက ခါချပြီး
တစ်လှမ်းချင်း တက်ဖို့ပဲ။
ဖို့လိုက်တဲ့မြေကြီးဟာ ကျောပေါ်မှာ မနေဖို့ပဲ
လိုတယ်။
ဖို့သမျှမြေကြီးဟာ ခြေထောက်အောက်ကို
ရောက်သွားရမယ်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စိတ်ချမ်းသာတဲ့သူဟာ သူ အခက်အခဲတွေကို
ဘယ်လိုကျော်လွှားခဲ့တယ်၊
အဲဒီလို အခက်အခဲတွေကို ကြုံခဲ့ရလို့
ဘယ်လို ပညာရခဲ့တယ် ဆိုတာကို
ပြန်တွေးပြီး ပြောတတ်တယ်။
အခက်အခဲတွေနဲ့ ကြုံခဲ့ရတာဟာ သူ့အတွက်
အကျိုးရှိတယ်လို့ သူခံစားရတယ်။
ဒါကြောင့် သူ စိတ်ချမ်းသာတယ်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
သူကံဆိုးလို့ အခက်အခဲတွေ ကြုံရတယ်လို့
မတွေးဘူး။
သူအရေးထားတာက သူ့မှာ အခက်အခဲကို ကျော်လွှားနိုင်တဲ့အရည်အချင်းရှိတယ်။
အခက်အခဲကို ကျော်လွှားခဲ့လို့ ပညာရခဲ့တယ်။
ပိုပြီးအရည်အချင်းရှိတဲ့သူ ဖြစ်လာတယ်
ဆိုတာပဲ သူ့အတွက် အရေးကြီးတယ်။
အခက်အခဲက သူ့ကို ပိုကောင်းတဲ့သူ ဖြစ်လာအောင်
လုပ်ပေးတယ်လို့ သူခံစားရတယ်။
အဲဒါကြောင့် အခက်အခဲတွေကို သူ တန်ဖိုးထားတယ်။
စိတ်ချမ်းချမ်းသာသာ နေပြီး ဘဝအခက်အခဲတွေကို
ရင်ဆိုင်
ဖြေရှင်းတတ်အောင် လေ့လာပါ။
အခက်အခဲမရှိမှ စိတ်ချမ်းသာမယ်လို့ မယူဆပါနဲ့။
အမှန်တော့ စိတ်ချမ်းသာမှ အခက်အခဲနည်းမယ်။
စိတ်ညစ်နေတတ်တဲ့သူဟာ အမြဲတန်း အခက်အခဲတွေနဲ့ပဲ
နေရတယ်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စိတ်ချမ်းသာချင်ရင် ကိုယ်မတတ်နိုင်တဲ့ကိစ္စနဲ့
ပတ်သက်ပြီး စိတ်ဆင်းရဲမခံဖို့
အရေးကြီးပါတယ်။
စိတ်ဆင်းရဲစရာ ကြုံရရင် ငါ ဘာလုပ်နိုင်သလဲဆိုတဲ့
မေးခွန်းကို မေးပါ။
လုပ်နိုင်တာဆိုရင် လုပ်လိုက်ပါ။
ဘာမှမလုပ်နိုင်ရင် မတွေးပဲနေတာ ကောင်းတယ်။
တွေးလေ စိတ်ဆင်းရဲလေ ဖြစ်နေတာ ဘာအကျိုးမှ
မရှိဘူး။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အတိတ်က ဆုံးရှုံးမှုကို မေ့ထားလိုက်ပြီးတော့
အနာဂတ် အောင်မြင်မှုအတွက် အားသွန်ပြီး ကြိုးစားပါ။
အနာဂတ် အောင်မြင်မှုအတွက် အားသွန်ပြီး ကြိုးစားပါ။
စိတ်ချမ်းသာနေတုန်းမှာ ဆုံးဖြတ်တာနဲ့
စိတ်ဆင်းရဲနေတုန်းမှာ ဆုံးဖြတ်တာ မတူဘူး။
စိတ်ချမ်းသာတုန်းမှာ ရှေ့လုပ်မယ့်ကိစ္စကို
စီစဉ်ရင် ဖြစ်နိုင်တယ်လို့ ယုံကြည်တဲ့စိတ်နဲ့ စီစဉ်တယ်။
စိတ်ချမ်းသာနေတုန်းမှာ ပိုပြီး အကောင်းမြင်တယ်။
လုပ်ရင် ဖြစ်မယ်လို့ ယုံကြည်တယ်။ စိတ်ချမ်းသာနေတုန်းမှာ
ပိုပြီး သတ္တိရှိတယ်။
ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှု ပိုရှိတယ်။
သူများကိုလည်း ယုံကြည်မှုပိုရှိတယ်။
ဒါကြောင့် စိတ်ချမ်းသာနေတုန်းမှာ တိုင်ပင်တာ
ကောင်းတယ်။
အစည်းအဝေးလုပ်ရင် စိတ်ချမ်းသာစရာတွေကို
အရင်ပြောပြီးမှ အစည်းအဝေးလုပ်တာ
ပိုအဆင်ပြေတယ်။
အရင်က ဖြစ်ခဲ့တာကို သတိရတဲ့အခါ စိတ်ချမ်းသာတုန်းမှာ
သတိရတာနဲ့
စိတ်ဆင်းရဲတုန်းမှာ၊ ကြောက်နေ အားငယ်တုန်းမှာ၊
သတိရတာနဲ့ မတူဘူး။
While in a good mood we remember
more positive events.
စိတ်ချမ်းသာနေတုန်းမှာ ကောင်းတာတွေကို
ပိုသတိရတယ်။
အောင်မြင်ခဲ့တာ အဆင်ပြေခဲ့တာတွေကို ပိုပြီး သတိရတယ်။
အောင်မြင်ခဲ့တာ အဆင်ပြေခဲ့တာတွေကို ပိုပြီး သတိရတယ်။
Being in a foul mood biases
memory in a negative direction.
စိတ်မကြည်တဲ့အခါ၊ စိတ်ဆင်းရဲနေတုန်းမှာ
အဆိုးတွေကို သတိရတယ်။
အဆင်မပြေခဲ့တာကို သတိရတယ်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စိတ်ချမ်းသာနေတုန်းမှာ သူများအကြောင်းကို
တွေးရင်လည်း
သူနဲ့ကိုယ် အဆင်ပြေခဲ့တာကို သတိရတယ်။
သူ ကိုယ့်အပေါ် ကောင်းခဲ့တာကို သတိရတယ်။
သူနဲ့ကိုယ် အဆင်ပြေခဲ့တာကို သတိရတယ်။
သူ ကိုယ့်အပေါ် ကောင်းခဲ့တာကို သတိရတယ်။
သူ့ကောင်းကွက်တွေကို သတိရတယ်။ သူတော်တာတွေကို
သတိရတယ်။
ဒါကြောင့် စိတ်ချမ်းသာနေတုန်းမှာ သူများအကြောင်းကို
ပြောရင် ကောင်းတာကို
ပိုပြောဖြစ်တယ်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စိတ်ချမ်းသာမှုဟာ
ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@