စိတ်ချမ်းသာတဲ့သူတွေမှာ ရှိတတ်တဲ့ အချက် (၆)ချက်မှ...အဆက်-
ကျေနပ်စရာကောင်းတဲ့အလုပ်ဆိုတာ
ဘယ်လို အလုပ်လဲ။
ကိုယ့်အရည်အချင်းကို
အစွမ်းကုန် သုံးရတဲ့အလုပ်ပါပဲ။
ဘယ်သူတွေက
ကိုယ့်အလုပ်ကို ကျေနပ်မှုရသလဲ။
ရှိသမျှ ကိုယ်စွမ်း
ဥာဏ်စွမ်းတွေကို အကုန်ထုတ်ပြီး လုပ်ရတဲ့အလုပ်ကို လုပ်တဲ့သူက ကျေနပ်မှုရတယ်။
အလုပ်ဟာ လုပ်ပြီးသားကိုပဲ
ထပ်တလဲလဲ မလုပ်ရပဲ အပြောင်းအလဲရှိတဲ့ အလုပ်ဖြစ်ပြီး
အရေးပါတဲ့
ထိရောက်တဲ့ အလုပ်ကို လုပ်ရတဲ့သူက ကျေနပ်မှု ရတယ်။
++++++++++++++++++++
လွယ်လွန်းရင်
ကျေနပ်မှုမရဘူး။
လုပ်ပြီးသားကိုပဲ
ထပ်ခါထပ်ခါ လုပ်ရရင် ကျေနပ်မှု မရဘူး။
အရေးမပါတဲ့
အလုပ်ကို လုပ်ရရင် ကျေနပ်မှု သိပ်မရဘူး။
အဲဒီတော့
ကိုယ့်အလုပ်ကို ကိုယ် ကျေနပ်မှုရချင်ရင် ဘာလုပ်မလဲ။
ခက်တာကို
ရှာလုပ်ပါ။
ခက်တဲ့အလုပ်က
ကိုယ့်အရည်အချင်းကို မြှင့်ပေးတယ်။
အလုပ်လုပ်ရင်း
အရည်အချင်းမြင့်လာတာ ကျေနပ်တယ်။ ပျော်တယ်။
+++++++++++++++++++++
မလုပ်ရသေးတာ
မလုပ်ဖူးသေးတာကို ရှာလုပ်ပါ။
အပြောင်းအလဲရှိရင်
စိတ်ဝင်စားစရာ ပိုကောင်းတယ်။
မသုံးရသေးတဲ့
အရည်အချင်းတွေကို သုံးရတယ်။
မရသေးတဲ့အရည်အချင်းအသစ်တွေကို
ရတယ်။
အသိဥာဏ် တိုးတယ်။
အပေါင်းအသင်း
မိတ်ဆွေသစ်တွေ တိုးတယ်။
အဲဒါကြောင့် ပျော်တယ်။
++++++++++++++++++++++++++++
အလုပ်လုပ်ရတာ ပျော်ချင်ရင် အရေးပါတဲ့အလုပ်ကို လုပ်ပါ။
ကိုယ်လုပ်တဲ့အလုပ်ဟာ
လူအများကို အကျိုးပြုတယ်ဆိုရင် ငါ့အလုပ်ဟာ ထိရောက်တယ်။
အရေးပါတယ်။
ငါ မလုပ်ရင် လူအများမှာ အခက်အခဲရှိမယ်။ ငါ လုပ်လို့
လူအများ အဆင်ပြေတယ်။
ငါ့မိသားစုမှာ အရေးပါတယ်။
အသိုင်းအဝိုင်းမှာ
အရေးပါတယ်။အဲဒီလိုခံစားရရင် ကျေနပ်တယ်။
စိတ်ချမ်းသာတယ်။
လူတိုင်းဟာ အရေးပါတဲ့သူ ဖြစ်ချင်တယ်။
+++++++++++++++++++++++++
လိုရင်းက
စိတ်ချမ်းသာချင်ရင် အလွယ်လမ်းကို မလိုက်ပါနဲ့။
ရိုးရိုးသားသား
လုပ်ရတဲ့အလုပ်ကို လုပ်ပါ။
လူအများကို
အကျိုးပြုတဲ့ အလုပ်ကို လုပ်ပါ။
ကိုယ့်အရည်အချင်းကို
မြှင့်ပေးတဲ့အလုပ်ကို လုပ်ပါ။
+++++++++++++++++++++++++++++++++++
Through
our work we define ourselves,even leave a legacy
That adds
meaning to our living.
ကိုယ့်အလုပ်နဲ့
ကိုယ်ဘယ်လိုလူဆိုတာကို ဖော်ပြတယ်။
အလုပ်ဟာ ကိုယ့်အရည်အချင်း၊
ကိုယ့်စေတနာကို ဖော်ပြတယ်။
အရည်အချင်းဆိုတာ
အပြောသက်သက်နဲ့ ပြလို့မရပါဘူး။
အလုပ်နဲ့မှ
ပြလို့ရတယ်။
စေတနာကိုလည်း
အပြောသက်သက်နဲ့ပြလို့မရဘူး။
အလုပ်နဲ့
ပြရတယ်။
++++++++++++++++++++++++
ဒါထက် ကိုယ့်အလုပ်ဟာ
ကိုယ်နေတဲ့လောကကို အမွေလည်းပေးခဲ့တယ်။
အဲဒါက ကိုယ့်ဘဝကို
အဓိပ္ပာယ်ထပ်ဆောင်း ပေးတယ်။
“ငါ သေရင်
ဘာကျန်ခဲ့မလဲ” ဆိုတဲ့မေးခွန်းကို မကြာခဏ ကိုယ့်ကိုယ်ကို ကိုယ်မေးပါ။
ကိုယ်လုပ်တဲ့အလုပ်နဲ့
ကိုယ့်လောက ကိုယ့်အသိုင်းအဝိုင်းကို အမွေပေးခဲ့ပါ။
++++++++++++++++++++++++++++
It’s
better to have work than be idle,
but it’s especially be better to do work that satisfies.
but it’s especially be better to do work that satisfies.
အလုပ်တစ်ခု
ရှိတာက ဘာမှ မလုပ်ပဲ နေတာထက် ပိုကောင်းပါတယ်။
ဒါပေမယ့်
အထူးပိုကောင်းတာက စိတ်ကျေနပ်မှုရတဲ့အလုပ်ကို လုပ်ပါ။
+++++++++++++++++++++++++
Through
our work we also identify with a community.
ကိုယ့်အသိုင်းအဝိုင်းနဲ့ကိုယ်ကို
ဆက်စပ်မှုရှိအောင်
ကိုယ့်အလုပ်က
လုပ်ပေးတယ်။
ဒီအသိုင်းအဝိုင်းထဲမှာနေပြီး ဒီအသိုင်းအဝိုင်းကောင်းဖို့လုပ်တဲ့သူဟာ
ဒါဟာ ငါ့အသိုင်းအဝိုင်း၊
ဒီအသိုင်းအဝိုင်းကောင်းဖို့ ငါ လုပ်နေတယ်။
ဒါဟာ ငါ့နေရာ။
ဒါကြောင့်
ဒီအသိုင်းအဝိုင်းနဲ့ပတ်သက်တာ ငါ ပြောခွင့်၊ ဝေဖန်ခွင့်ရှိတယ်။
+++++++++++++++++++++++++++++++
စိတ်ချမ်းသာဖို့လိုရင်းပါ
(ဆရာတော်ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။
+++++++++++++++++++++++++++
ကိုယ်ကိုယ်တိုင် ဖတ်ဖို့(၂၀)...