အိမ်နီးချင်းဖြစ်တဲ့ ကိုလတ်က
ကိုအေးကို ကို မေးတယ်။
“ခင်ဗျားရဲ့မိန်းမ သီချင်းဆိုနေတဲ့အခါမှာ
ဘာဖြစ်လို့ ခင်ဗျား ဝရန်တာဘက် ထွက်နေရတာလဲ?”
ကိုအေးကိုပြန်ဖြေလိုက်တာကတော့...
“ကျနော် သူ့ကိုရိုက်နေတယ်လို့ အိမ်နီးချင်းတွေ ထင်မှာစိုးလို့ပါဗျာ...”
ဗနားဒိုး
( ၁၈၄၅ -၁၉၀၅ )=၆၀ နှစ်
မိဘမဲ့တို့ရဲ့ မွေးစားဖခင်လို့ ထင်ရှားတဲ့ တောမတ်ဂျွန်ဗနားဒိုးကို
၁၈၄၅ ခု ဇူလိုင်လ ၄ ရက်မှာ အိုင်ယာလန်ပြည် ဒဗ္ဗလင်မြို့မှာ မွေးဖွားခဲ့တယ်။
သူဟာ လန်ဒန်ဆေးရုံကြီးမှာ ဆေးပညာကို ဦးစွာ သင်ကြားခဲ့ပြီး
ပဲရစ်၊ အီဒင်ဗာရာမြို့တွေမှာ ဆက်လက် ပညာဆည်းပူးခဲ့တယ်။
သာသနာပြု ဆေးဝန်ထမ်းလုပ်ငန်းမှာ စိတ်ဝင်စားတဲ့အလျှောက် ၁၈၆၅ ခုနှစ်မှာ
လန်ဒန်အရှေ့ပိုင်း စနစ်မဲ့ရပ်ကွက် ၀မ်းရောဂါဖြစ်ပွားမှုမှာ သွားရောက် ဆေးဝါးကုသပေးခဲ့ရာက
ခြေသလုံးအိမ်တိုင်လေလွင့်နေကြတဲ့ လူမမည် ဒုက္ခိတကလေးတွေရဲ့
သနားစဖွယ် ဘ၀ကို မျက်မြင်ဖြစ်ခဲ့တယ်။
မူလကဆေးပညာသင်ပြီး ကမ္ဘာ့အရှေ့ဖျားနိုင်ငံတွေမှာ သာသနာပြုလုပ်ငန်းနဲ့ တွဲဖက်ရင်း
ဆင်းရဲသား
မျက်စိအောက်မှာ ဒုက္ခရောက်နေတဲ့ ကလေးတွေရဲ့ ဘ၀အဖြစ်ဆိုးကို
မြင်ရတဲ့အခါ မူလရည်ရွယ်ချက်ကို စွန့်လွှတ်ပြီး မိဖမဲ့ အိုးအိမ်မဲ့ကလေးသူငယ်များ
ကယ်ဆယ်စောင့်ရှောက်ရေး
ဗနားဒိုးဂေဟာရဲ့ လုပ်ငန်းတွေကတော့ အိုးမဲ့အိမ်မဲ့ လမ်းမြောင်ကြားက
လေလွင့်ကလေးသူငယ်
အ၀တ်အစားဆင်ပေးခြင်း၊
ဆေးဝါးကုသပေးခြင်း၊
ပညာသင်ကြားပေးခြင်း
တို့ပါမက ကလေးတွေ အရွယ်ရောက်တဲ့အချိန် အသက်မွေးဝမ်းကျောင်းနိုင်ဖို့
သင့်လျော်တဲ့ စက်မှုလက်မှု အတတ်တစ်ရပ်ရပ်ကို သင်ကြားပေးခြင်း ဖြစ်တယ်။
တစ်ခါက ဂေဟာမှာ နေရာမရှိလို့ ပြန်လွှတ်လိုက်ရတဲ့
ကလေးတစ်ယောက် လမ်းမြောင်ကြားမှာ သေဆုံးတာတွေ့လိုက်ရပြီး
သူရဲ့ဂေဟာကို လာသမျှ မနေနိုင်မရှိ
၁၈၇၃ မှာ ဗနားဒိုးဟာ မိန်းကလေးကျေးလက်ဂေဟာ အမည်နဲ့
မိန်းကလေးတွေကို အိမ်တွင်းမှုအတတ်သင်ပေးတဲ့ ဌာနကို ဖွင့်လှစ်ခဲ့တယ်။
သင့်လျော်တဲ့ပညာ ရရှိတဲ့ ကလေးတွေကို နိုင်ငံသစ်များဆီ စေလွှတ်ပြီး
ကိုယ်ပိုင် လုပ်ကိုင်နိုင်တဲ့ သားသမီးကောင်း ရတနာလေးတွေ ဖြစ်လာစေတယ်။
ကလေးများကို ကူညီလိုသူများ အတွက် အဖွဲ့ဖွဲ့စည်း တည်ထောင် ပေးခဲ့တယ်။
သူရဲ့ စေတနာဝန်ထမ်း
ဗြိတိန်တစ်နိုင်ငံလုံးမှာ ဗနားဒိုးဂေဟာပေါင်း (၁၁၂) ခုအထိ
သူ့တစ်သက် လေလွင့်ကလေး ( ၆၀၀၀၀ ) ကျော်ကို ကယ်ဆယ်ခဲ့ပြီး
ကလေး (၂၅၀,၀၀၀ ) ကို အကူအညီ ပေးနိုင်ခဲ့တယ်။
“ အင်မတန်လေးစား ချီးကျူး ဂုဏ်ပြုထိုက်တဲ့ လူမှုဝန်ထမ်း လုပ်ငန်းအစ ဖခင်ကြီးတစ်ဦးပါပဲ။”
“ မိုက်ကယ်ဖာရာဒေး ”
(၁၇၉၁-၁၈၆၇)=၇၆ နှစ်
လျှပ်စစ်သိပ္ပံတီထွင်သူ မိုက်ကယ်ဖာရာဒေး
ဟာဗြိတိသျှလူမျိုး ဓာတုဗေဒနဲ့ ရူပဗေဒပညာရှင်ဖြစ်တယ်။
သူ့ကို ၁၇၉၁ မှာမွေးဖွားပြီး ဖခင်က ပန်းဘဲဆရာဖြစ်တယ်။
ဒါပေမယ့် သူတို့မိသားစုဟာ ဆင်းရဲချို့တဲ့သူတွေဖြစ်ကြတယ်။
ဖာရာဒေးဟာ ၅နှစ်သားမှာ ကျောင်းနေပြီး ၁၃ နှစ်သားရောက်တော့ ကျောင်းက ထွက်တယ်။
အဲဒီနောက် စာအုပ်ရောင်းသမားတစ်ဦးဆီမှာ အလုပ်သင်ဝင်လုပ်ရင်း
သိပ္ပံစာပေတွေကို ဖတ်ရှုခဲ့တယ်။
လျှပ်စစ်အကြောင်း သူစိတ်ဝင်တစား လေ့လာရာက အများအကျိုးရှိမယ့် အလုပ်တစ်ခုလုပ်ဖို့
သူစိတ်ကူးခဲ့တယ်။
၁၈၁၂ ခုနှစ်မှာတော့ ဓာတုဗေဒ ပညာရှင်တစ်ဦးဆီကို သူအလုပ်လျှောက်တာ ရခဲ့တယ်။
လက်တွေ့စမ်းသပ်ခန်းလက်ထောက်ဖြစ်ခဲ့တယ်။
ဖာရာဒေးဟာ သူ့ဆရာ ဒေဗီနဲ့တွဲပြီး လူကို ဥပဒ်ဖြစ်စေတဲ့ ကလိုရင်းဓာတ်ငွေ့ကို
ဖော်ယူစမ်းသပ်ကြည့်ခဲ့တယ်။
ဒေဗီတို့ဇနီးမောင်နှံနဲ့အတူ ဥရောပတိုက်ကို လည်ပတ်လေ့လာခဲ့တယ်။
အဲဒီနောက် တော်ဝင်အသင်းမှာ အလုပ်ရပြီး သိပ္ပံနည်းသစ်တွေ တစ်စတစ်စ ရလာတယ်။
ကလိုရင်းဓာတ်ငွေ့ကို ဓာတ်ရည်ပြုလုပ်အောင်မြင်တယ်။
သူဟာ သံမဏိတွေကို စမ်းသပ်ကြည့်ပြီး မျက်မှန်သုံးပစ္စည်း
အသစ်အဆန်းတွေ ထွင်ခဲ့တယ်။
တဖြည်းဖြည်းဓာတုဗေဒ ပါမောက္ခရာထူးအထိ သူတက်လှမ်းနိုင်ခဲ့တယ်။
သူ့ရဲ့ဓာတုဗေဒ တွေ့ရှိမှုတွေက တစ်ဆင့် လျှပ်စစ်ဓာတ်နဲ့စပ်လျဉ်းတဲ့ စမ်းသပ်မှုတွေ
အဆင့်တက်လာတယ်။
သူဟာ၁၈၃၁ ခုနှစ်မှာတော့ သူ့ရဲ့အထင်ရှားဆုံး တွေ့ရှိချက်ဖြစ်တဲ့
“လျှပ်စစ်စီးကြောင်း ညှို့ခြင်း”ကို အောင်မြင်ခဲ့တယ်။
သူ့ရဲ့အောင်မြင်မှုကြောင့် ဒိုင်နမိုပေါ်လာခဲ့တယ်။
လျှပ်စစ်နဲ့ သံလိုက်ဓာတ်အားတို့ ဆက်သွယ်ပုံကို ဖော်ထုတ်နိုင်ခဲ့တယ်။
သူဟာ အလုပ်လုပ်ရာမှာ စိတ်အားထက်သန်မှုအပြည့်နဲ့ဇွဲရှိရှိလုပ်နိုင်သူဖြစ်တယ်။
သူဟာ နှစ်အနည်းငယ်အတွင်း သိပ္ပံပညာနဲ့ သက်ဆိုင်တဲ့ စာတမ်းပေါင်း (၁၅၇)စောင် ရေးသားခဲ့ပြီး
စမ်းသပ်မှုပေါင်း (၁၆၀၄၁)မျိုးပြုလုပ်နိုင်ခဲ့တယ်။
ဒါပေမယ့် သူက စီးပွားဖြစ်အလုပ်လုပ်သူမဟုတ်တာကြောင့် ငွေကြေးကျပ်တည်းချို့တဲ့သူဖြစ်ခဲ့ရတယ်။
သူ့ရဲ့ လူသားအကျိုးပြု ကြိုးပမ်းမှုတွေကိုဂုဏ်ပြုတဲ့အနေနဲ့ ဗြိတိသျှအစိုးရက
တစ်နှစ်ပေါင်း (၃၀၀)ဆု ကို အသက်ထက်ဆုံး ချီးမြှင့်ခဲ့ပြီး ဝိတိုရိယဘုရင်မကြီးက
ဟမ်ပတန်ကုတ်ရပ်ကွက်မှာ အိမ်တစ်လုံးပေးခဲ့ရာ၁၈၆၇ခုနှစ်မှာ သူကွယ်လွန်တဲ့အထိ နေထိုင်ခဲ့တယ်။
ဒီနေ့မှာတော့ ဖာရာဒေးရဲ့ ထုတ်ဖော်မှုတွေဟာ သိပ္ပံလောကကို အကျိုးကောင်းစွာပြုလျက်ရှိပါတယ်။ ။
လွမ်းသူ့ပန်းခွေများ ရောင်းသောဆိုင်ကို
လူတစ်ယောက်ရောက်လာတယ်။
“ကျနော့်ကို ပန်းခွေတစ်ခု ရောင်းပေးပါ”
ပန်းခွေရောင်းသူကပြန်မေးလိုက်တယ်။
“ဈေးပေါတာယူမလား?
ဈေးကြီးတာယူမလား? ”
“ ဈေးအပေါဆုံးကိုဘဲ ပေးပါဗျာ”
“ ဘာလဲ၊
ခင်ဗျားရဲ့ အထက်အရာရှိသေသွားလို့လား ?”
“မဟုတ်ပါဘူး၊
သေသူက ကျနော့်မိန်းမပါ”