တစ်ခါတုန်းက ပင်လယ်ကမ်းစပ်မှာ ကဏန်းသားအမိ နှစ်ကောင်ဟာ
လမ်းလျှောက်ပြီးစကားပြောလာကြတယ်။
အသက်အရွယ်ကြီးနေတဲ့ ကဏန်းမိခင်အိုတစ်ကောင်က
“သမီးလေးရယ်…ဒီလိုပုံမကျပန်းမကျ ဟန်ပန်နဲ့ ဘာဖြစ်လို့
ဘေးတိုက်ဘေးစောင်းလမ်းလျှောက်နေရတာတုန်းကွယ်။
တည့်တည့်မတ်မတ်လျှောက်ပါလား?”လို့
သမီးလေးကိုပြောတာပေါ့။
သမီးလေးကပြန်ပြောတာကတော့
“ကောင်းပါပြီ…အမေ၊
ကျမကတော့ အမေလျှောက်သလိုလျှောက်နေတယ်လို့ထင်နေမိတယ်၊
ဘယ်လိုလျှောက်ရမယ်ဆိုတာ အမေက ကျမကို ပထမဦးဆုံးလျှောက်ပြပါလား?
အဲဒီလိုဆိုရင် အမေပြောတဲ့အတိုင်း လျှောက်ပါ့မယ်”လို့
သမီးဖြစ်သူ ကဏန်းမလေးကပြန်ပြောလိုက်ပါတယ်။
စကားနဲ့သင်ပေးတာထက် စံပြနာမူနာလက်တွေ့သင်ပေးတာကပိုကောင်းတယ်။
မိဘများကဘေးတိုက်လျှောက်ရင် သမီးများကလည်း ဘေးတိုက်လျှောက်တော့မှာပဲ။
တည့်တည့်မတ်မတ်လျှောက်စေချင်ရင်
ကိုယ်တိုင်က တည့်တည့်မတ်မတ်လျှောက်ပြရမယ်။
ရှေ့ဆောင်နွားလား၊ဖြောင့်ဖြောင့်သွားမှ၊ နောက်နွားစိုက်စိုက်ဖြောင့်ဖြောင့်လိုက်သတဲ့။
အရက်သောက်နေတဲ့မိဘကသားသမီးကို အရက်မသောက်ဖို့ပြောရခက်တယ်။
ပြောရင်လည်း နားထောင်မှာမဟုတ်ဘူး။
ဘယ်လိုလုပ်မလဲဆိုတော့ အရက်မသောက်နဲ့ပေါ့။
သောက်နေရင်လည်း အရက်ဖြတ်လိုက်ပေါ့။( ဒီလိုနဲ့ ကျနော် အရက်ပြတ်သွားပါတယ်။)
မိဘဆိုတာ သားသမီးအတွက် စံပြခေါင်းဆောင်သာဖြစ်သင့်ပါတယ်။