Saturday, December 5, 2009

“ ဘယ်သူ အလုပ်ရမယ်လို့ ထင်ပါသလဲ… ”




လေသူရဲအလုပ်ကိုလျှောက်ထားကြသူ

ဂျာမန်၊ အင်္ဂလိပ်နဲ့မြန်မာတို့ သုံးဦး

တရုတ် ဗိုလ်ချုပ်ကြီးရဲ့ ရုံးခန်းရှေ့တွင် ထိုင်နေကြတယ်။


ပထမဦးဆုံး ဂျာမန်ဝင်သွားတယ်။

မိုင် ဘယ်လောက်မောင်းပြီးပြီဖြစ်ကြောင်း၊

ဘယ်စစ်ဆင်ရေးများတွင် ပါဝင်ခဲ့ကြောင်း ဂျာမန်လေသူရဲ က

ဗိုလ်ချုပ်ကြီးကို ပြောပြတယ်။


ဗိုလ်ချုပ်ကြီးက မေးတယ်။

“ခင်ဗျား လခ ဘယ်လောက် လိုချင်သလဲ”

“ ဒေါ်လာ သုံးထောင်ပါ”

“ဒီငွေတွေကို ခင်ဗျား ဘယ်လို သုံးမှာလဲ ”

“တစ်ထောင်ကို ဘဏ်မှာ အပ်ပါမယ်။

တစ်ထောင်ကို မိန်းမလက် အပ်ပါမယ်။

ကျန်တစ်ထောင်ကိုတော့ ကျနော် သုံးဖို့ ယူပါမယ်။”


နောက်တစ်ယောက်ဖြစ်တဲ့ အင်္ဂလိပ် ဝင်သွားတယ်။

မိုင်ဘယ်လောက်မောင်းပြီးပြီဖြစ်ကြောင်းနဲ့

ဘယ်တိုက်ပွဲများတွင် ပါဝင်ဆင်နွှဲခဲ့ကြောင်း

ဗိုလ်ချုပ်ကြီးကို အသေးစိတ်ပြောပြတယ်။

“ခင်ဗျား လခ ဘယ်လောက်လိုချင်သလဲ ”

“ဒေါ်လာ လေးထောင်ပါ”

“အဲဒီငွေတွေကို ခင်ဗျား ဘာလုပ်မှာလဲ ”

“တစ်ထောင်ကို ဘဏ်မှာ အပ်မယ်။

နှစ်ထောင်ကို မိန်းမကိုပေးမယ်။

ကျန်တစ်ထောင်ကိုတော့ ကျနော်သုံးဖို့ ယူပါ့မယ်။”


မြန်မာရဲ့အလှည့်ရောက်လာတယ်။

ဗိုလ်ချုပ်ကြီးကမေးတယ်။

“ခင်ဗျား မိုင်ပေါင်း ဘယ်လောက်မောင်းပြီးပြီလဲ ”

“ဘယ်နှစ်မိုင်မှ မမောင်းရသေးပါဘူး ”

ဗိုလ်ချုပ်ကြီး နားမလည်နိုင်အောင်ဘဲ ဖြစ်သွားတယ်။

ဒါပေမယ့် ဆက်မေးတယ်။

“ဘယ်တိုက်ပွဲတွေမှာ ပါခဲ့ပါသလဲ ”

“ဘယ်မှာမှ မပါခဲ့ဖူးပါဘူး ”

ဗိုလ်ချုပ်ကြီး ပိုပြီးနားမလည်နိုင်အောင်ဖြစ်သွားပြန်ပါတယ်။

ဒါပေမယ့် ဆက်မေးတယ်။

“လခ ဘယ်လောက်လိုချင်သလဲ ”

“ဒေါ်လာ ကိုးထောင်ပါ ”

“ဒီလောက်အများကြီး ဘာလုပ်ဖို့လဲ ”

“သုံးထောင်ကို ဗိုလ်ချုပ်ကြီးကို ပေးမယ်။

သုံးထောင်ကို ကျနော် ယူမယ်။

ကျန်တဲ့ သုံးထောင်ကိုတော့ ဂျာမန်လေသူရဲကို ပေးပြီး

လေယာဉ်ပျံ မောင်းခိုင်းပါမယ်

ဗိုလ်ချုပ်ကြီးခင်ဗျား”

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com