သတိရတိုင်း ပစ္စုပ္ပန်တည့်တည့်လေးသိပြီး
သတိကပ်ပြီး နေပါ့မယ်လို့
အဓိဋ္ဌာန်ပါ။
ဘာဘဲလုပ်လုပ်၊
ဘာဘဲတွေးတွေး၊
အချိန်မရွေး၊ အခါမရွေး၊ သတိနဲ့နေရတာ
အကောင်းဆုံးပါပဲ။
ဆရာဝန်တစ်ဦးအနေနဲ့ ဆေးခန်းရောက်လို့
လူနာတွေ စမ်းသပ်ကြည့်ရှုရတဲ့အခါ
မှာလည်း တတ်နိုင်သလောက် သတိလေးကပ်ပြီး၊
သိပြီး တော့ လုပ်ပါတယ်။
ဘုရားကို ကြည်ညိုရင်
တရားနဲ့ပူဇော်ပါ။
( ရသလောက် သတိပဋ္ဌာန်တရားလေးနဲ့နေပါ )
အပျော်ဆုံးလူဆိုတာ ကိုယ့်မှာရှိတဲ့ကောင်းတဲ့
အရည်အချင်းတွေကို အမြင့်မားဆုံး၊ အကောင်းဆုံး
ဖြစ်အောင် ထုတ်ဖော်လိုက်တဲ့ လူပဲ။
ဆရာဝန်ဆိုရင် လူနာကို ရောဂါပျောက်ကင်းအောင်
ဆိုပြီးတော့ မေတ္တာ၊ စေတနာ၊အပြည့်နဲ့ကုသပေးလိုက်တယ်
ဆိုရင် သူ့မှာ မေတ္တာ၊စေတနာအပြည့်ပါတဲ့စိတ်ထား
ဖြစ်နေတဲ့အတွက်ကြောင့် မြင့်မြတ်မှု သဘောရှိပါတယ်။
စိတ်အေးချမ်းမှု၊ မြင့်မြတ်မှုရဖို့က တော့
ဝိပဿနာတရားကို တကယ်ကြိုးကြိုးစားစား အားထုတ်မှ
ဖြစ်မှာပါ။
တရားအားထုတ်လို့ ပိုပြီးသတိ၊ သမာဓိ ၊တွေ
ရင့်ကျက်ပြီး ပိုသိမ်မွေ့တဲ့အာရုံတွေကိုသိနိုင်တဲ့
အဆင့်ရောက်ရင်တောင်မှ
အာနာပါနနဲ့ ထိသိကို
အခြေခံအနေနဲ့ ဘယ်တော့မှ
လက်မလွှတ်သင့်ဘူး။
တကယ် အဓိကအကျဆုံးအလုပ်က
အသိဉာဏ် ပါ။
ဘဝဖြစ်လာတာဟာ အသိဉာဏ်ရဖို့ဆိုရင်
စိတ်ဓာတ်မြင့်မားမှ၊
စိတ်ဓာတ်မြင့်မြတ်မှုရှိမှ၊
ဖြစ်နိုင်မယ်။
တရားဆိုတာ သစ္စာတရား၊
အမှန်တရား။
အမှန်တရားကို တကယ်သိချင်ရင်
သစ္စာရှိမှပဲ ဖြစ်တယ်။
ရိုးသားမှုအပြည့်အဝ ရှိမှပဲ ဖြစ်တယ်။
ဘဝရဲ့အရည်အသွေးကိုကောင်းစေတာ
အသိဉာဏ်ပါ။
အသိဉာဏ်ရှိဖို့ဆိုတာ အသိရှိမှ ဖြစ်မယ်။(ဆရာတော် ဦးဇောတိက )