အလွန်သာယာတဲ့နွေဦးရာသီ။
မြေဆီမြေလွှာကောင်းလှတဲ့ခြံဝင်းတစ်ခု။
သစ်စေ့လေးနှစ်စေ့ဟာဘေးချင်းကပ်လျက်။
ပထမသစ်စေ့ကပြောတဲ့စကား
“ငါ သစ်ပင်ဖြစ်ချင်လိုက်တယ်၊ ကြီးထွားချင်တယ်။
ငါ့ရဲ့အမြစ်တွေမြေကြီးအောက်ဖက်ကို နက်နက်တိုးဝင်ချင်တယ်။
ငါ့ရဲ့အစို့အညှောက်တွေ အထက်မြေလွှာကိုဖောက်ပြီးလောကရဲ့အပြင်ဘက်ကိုထွက်ချင်တယ်။
နူးညံ့တဲ့အဖူးလေးက ပွင့်ချပ်ပွင့်လွှာတွေနဲ့ နွေဦးရာသီကို ကြိုချင်လိုက်တာ။
ငါ့ရဲ့မျက်နှာပေါ်ကို နွေးထွေးတဲ့နေရောင်ခြည်ကျရောက်တာကို ငါခံစားချင်လိုက်တာ။
အေးမြတဲ့နံက်ခင်း နှင်းပွင့်လေးတွေ ငါ့ပွင့်ချပ်တွေပေါ်ပက်ဖျန်းတာကို ငါခံစားချင်လိုက်တာ”
လို့ပြောဆိုပါတယ်။
ဒီလိုနဲ့ သစ်စေ့လေးဟာ ကြီးထွားရှင်သန်လာခဲ့ပါတယ်။
ဒုတိယသစ်စေ့လေးကပြောတဲ့စကား
“အပင်ပေါက်ရမှာ ငါကြောက်လိုက်တာ။
အမြစ်တွေ မြေကြီးထဲကို တိုးဝင်သွားတော့
အောက်ဘက်ထဲမှာကမှောင်မှောင်မဲမဲကြီး၊ကြောက်စရာကောင်းလိုက်တာ။
အပေါ်ကမြေမာကို ဖောက်ထွက်လိုက်ရင် နူးညံ့တဲ့ ငါ့ရဲ့အစို့အညှောက်လေးတွေ ပွန်းပဲ့ကုန်မှ၊ ဒုက္ခ။
အဖူးအငုံလေးတွေ ပွင့်ကာစမှာ ပက်ကျိတွေ စားသွားရင် ဘဲနဲ့လုပ်မလဲ?
ပန်းလေးတွေ ပွင့်လာတော့လည်း ကလေးတွေ နူတ်သွားရင်…. အို…..မဖြစ်သေးပါဘူး။
စိတ်ချရတဲ့ အထိစောင့်လိုက်ဦးမယ်။”လို့ပြောဆိုနေတယ်။
တစ်နေ့မှာတော့ အဲဒီခြံဝင်းထဲကို အစာရှာတဲ့ကြက်မတစ်ကောင် ရောက်လာပြီး ဟိုယက်၊ဒီယက်ရင်းနဲ့
“စိတ်ချရတဲ့အချိန်ကိုစောင့်နေတဲ့ သစ်စေ့လေးကို တွေ့ပြီးကောက်စားပစ်လိုက်ပါလေရောလား!
ကဲ…ဘယ်သစ်စေ့လေးဖြစ်ချင်ပါသလဲ?
လောကရဲ့သဘာဝတစ်ခုက အကောင်းမြင်ရင် အကောင်းတွေ့မယ်။
အဆိုးမြင်ရင် အဆိုးတွေ့မှာပါပဲ။
ကိုယ့်စိတ်ရဲ့လားရာအတိုင်း ရောက်လိမ့်မယ်။
ကြောက်တတ်သူဟာကြောက်စရာတွေနဲ့ချည်းတွေ့ရတတ်သလို ပျော်တတ်သူဟာလည်း
ပျော်စရာတွေနဲ့တွေ့ရတတ်ပါတယ်။
အကောင်းမြင်စိတ်နဲ့မျှော်လင့်ချက်ထားပြီး
ပျော်ပျော်ရွှင်ရွှင် အသက်ရှင်ရတာ ပိုကောင်းမယ်လို့ယုံကြည်ပါတယ်။