တစ်ခါတုန်းက
သူနာပြုစာမေးပွဲဝင်ခွင့်လူတွေ့ဖြေတဲ့နေ့မှာ
ခွဲစိတ်ဆရာဝန်ကြီးဦးကြည်ကမေးခွန်းမေးသူ(Examiner)အဖြစ်ရှိစဉ်တုန်းက
အဖြစ်အပျက်တစ်ခုကိုကျနော်တို့ကိုပြန်ပြောပြပါတယ်။
သူနာပြုအဖြစ်လျှောက်လွှာတင်ထားတဲ့ မခင်ခင်ဦး အလှည့်တွင်
ဆရာဝန်ကြီးက မေးခွန်းတစ်ခုမေးပါတယ်။
ဆရာဝန်ကြီးမေးတဲ့မေးခွန်းက
“ခွဲစိတ်ဆရာဝန်တွေ ခွဲစိတ်ခန်းထဲမှာ ဘာဖြစ်လို့
သူတို့မျက်နှာကိုအဝတ်ဖြူနဲ့ ဖုံးထားရသလဲ”
မခင်ခင်ဦးပြန်ဖြေလိုက်တာက...
“တကယ်လို့ ခွဲစိတ်မှု မအောင်မြင်ရင် ဆရာဝန်တွေကို
လူနာက မမှတ်မိရအောင် မျက်နှာကို အဝတ်ဖြူနဲ့ဖုံးအုပ်ထားပါ”တဲ့။