“ မင်း ဘယ်က ပြန်လာတာလဲ ”
“ ဆရာဝန်ဆီက၊
သွားကိုက်လို့ သွားပြတာ ”
“ အခု မကိုက်တော့ဘူးလား ”
“ မပြောတတ်ဘူး၊
သွားက ဆရာဝန်ဆီမှာ ကျန်ခဲ့တယ်လေ ”
မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ။
ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ။
ဒေါသဓာတ်ဖြင့် သူတစ်ပါး၏ မကောင်းကွက်ကို ရှာကြည့်လျှင်…
အကုသိုလ်လည်းဖြစ်သည်၊
စိတ်လည်းဆင်းရဲသည်၊
အရုပ်လည်းဆိုးသည်၊
အသက်လည်းတိုသည်၊
စီးပွားလည်းပျက်သည်၊
ငရဲသို့လည်းကျရသည်။
မေတ္တာဓာတ်ဖြင့်
သူတစ်ပါးကောင်းကွက်ကို ရှာကြည့်လျှင်….
ကုသိုလ်လည်းဖြစ်သည်၊
စိတ်လည်းချမ်းသာသည်၊
ရုပ်လည်းလှသည်၊
အသက်လည်းရှည်သည်၊
စီးပွားလည်းတက်သည်၊
နိဗ္ဗာန်သို့လည်းရောက်သည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++
နူးညံ့သောမှိုပွင့်သည်
ခက်မာသောမြေပြင်ကို ဖောက်ထွက်လာနိုင်စွမ်းရှိ၏။
အကောင်အထည်ရှာမရလောက်အောင်
သိမ်မွေ့လှသည့် ရေလှိုင်းလေးများသည်
မာကျော တောင့်တင်းလှသော ကျောက်တောင်ကျောက်စောင်းများကို
သဲမှုန်လေးများဖြစ်သွားအောင် တိုက်စားနိုင်စွမ်းရှိ၏။
ထို့အတူ သူတော်စင်များ၏မေတ္တာ၊ ကရုဏာဖြင့်
ထုံမွှမ်းသည့် နူးညံ့သော နှလုံးသားသည်
မသူတော်များ၏ ခက်မာသောနှလုံးသားကို
ပျော့ပျောင်းစေနိုင်စွမ်းရှိပေသည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဗုဒ္ဓက
နိဗ္ဗာန်ရမည့် အနိုင်ယူနည်းလေးမျိုးကို ဟောကြားတော်မူခဲ့၏။
ယင်းတို့ကား….
၁။ အမျက်ဒေါသဖြစ်သူကို မေတ္တာဖြင့် အနိုင်ယူပါ။
၂။ အကျင့်ယုတ်သူကို အကျင့်ကောင်းဖြင့် အနိုင်ယူပါ။
၃။ နှမြောစေးနဲသူကို ပေးကမ်းခြင်းဖြင့် အနိုင်ယူပါ။
၎။ လိမ်ညာပြောဆိုသူကို အမှန်ပြောခြင်းဖြင့် အနိုင်ယူပါ။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++
လူတစ်ယောက်ဟာ အပြေးဘယ်လောက်မြန်မြန်
တစ်ယောက်တည်းပြေးတာဆိုရင်
မြန်မှန်းမသိပါ။
တခြားအပြေးသမားတွေနဲ့ယှဉ်ပြီး ပြေးတဲ့အခါကျမှသာ
အပြေးမြန်တာဟာပေါ်လွင်လာပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ချစ်သားရာဟုလာ၊
စကားပြောတော့မည်ဆိုလျှင် မစဉ်းမစား မပြောအပ်။
ပြောတော့မည့်စကားသည် မိမိကိုယ်ထိခိုက်မည်လား၊
သူတစ်ပါးကို ထိခိုက်မည်လားဟု တွေးတောအပ်၏။
မိမိ၊
သူတစ်ပါးနှစ်ဦးသားတို့တွင် တစ်ဦးဦးကို
ထိခိုက်မည့်စကားဖြစ်ပါက မပြောအပ်။
မိမိ၊
သူတစ်ပါးနှစ်ဦးသားလုံးကို မထိခိုက်သော စကားကိုသာ
ပြောကြားအပ်၏။
(ဗုဒ္ဓ)
++++++++++++++++++++++++++++++++++++++++++++++++++++++++++++