
စိတ်ချမ်းသာခြင်း အကျိုး ဆယ်ပါး…မှ အဆက်
Less Depression
စိတ်ချမ်းသာအောင် ပျော်အောင် နေတတ်တဲ့သူဟာ စိတ်ဓာတ်ကျရောဂါ မဖြစ်နိုင်ဘူး။
Less Suicide
စိတ်ချမ်းသာနေတတ်တဲ့သူဟာ သူ့ဘဝကို သူ ကျေနပ်နေတယ်။ သူ့မှာ သေချင်စိတ်မရှိဘူး။
သူ့ကိုယ်သူ သတ်သေမှာ မဟုတ်ဘူး။
ကိုယ့်ကို ချစ်တဲ့သူ ရှိတယ်။ နားလည်တဲ့သူ ရှိတယ်။
ကိုယ့်အနာဂတ်မှာ မျော်လင့်ချက် ရှိတယ်ဆိုရင် အခုကြုံတွေ့နေရတဲ့
အဆင်မပြေမှုကို ခံနိုင်ရည် ရှိတယ်။
စိတ်ချမ်းသာနေရင် ပျော်နေရင် သေချင်တယ်ဆိုတဲ့စိတ်ကူး ပေါ်မှာ မဟုတ်ဘူး။
Less Paranoia
စိတ်ချမ်းသာနေတဲ့သူဟာ အကြောင်းမဲ့ ကြောက်တတ်တဲ့ရောဂါ ဖြစ်တာနည်းတယ်။
စိတ်ဆင်းရဲနေတဲ့သူဟာ မယုံသင်္ကာ ပိုဖြစ်တတ်တယ်။
အကြောင်းမဲ့ကြောက်နေတတ်တယ်။
10 ။ More likely to exhibit greater self-control and coping abilities
စိတ်ချမ်းသာနေတဲ့သူဟာ ကိုယ့်ကိုယ်ကို ကိုယ်ပိုပြီး ထိန်းသိမ်းနိုင်တယ်။
သဘောထားပိုကြီးတယ်။ သည်းခံနိုင်တယ်။ ခွင့်လွှတ်နိုင်တယ်။
မလုပ်သင့်တာကို မလုပ်ပဲ နေနိုင်တယ်။
အခက်အခဲကို ခံနိုင်ရည် ပိုရှိတယ်။ ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့အရည်အချင်း ပိုရှိတယ်။
ဒါကြောင့် ခက်ခဲတဲ့အလုပ်ကို လုပ်ရမယ်ဆိုရင် စိတ်ချမ်းသာနေတဲ့သူကို ခိုင်းပါ။
စိတ်ချမ်းသာနေတဲ့သူဟာ မကောင်းမှုကို မလုပ်ချင်ဘူး။
မကောင်းမှုကို လုပ်ရင် စိတ်ချမ်းသာမှု ပျက်ဆီးလိမ့်မယ် ဆိုတာကို လူများစု သိပါတယ်။
ဒါကြောင့် မကောင်း တာကို မလုပ်မိအောင် နေချင်တယ်ဆိုရင် စိတ်ချမ်းသာအောင် နေပါ။
စိတ်ချမ်းသာတဲ့သူနဲ့ပေါင်းပါ။
တရားအားထုတ်လို့ စိတ်ချမ်းသာလာရင် စိတ်ကို နိုင်လာတယ်။
စိတ်ဓာတ်အင်အား ကြီးလာတယ်။
မကောင်းတာ မသင့်တော်တာကို မလုပ်ချင်ဘူး။
မကောင်းတာ မသင့်တော်တာကို လုပ်ရင် စိတ်ချမ်းသာမှု မရနိုင်ဘူးဆိုတာကို ပိုပြီးသိလာတယ်။
ဒီအချက်တွေကို လေးလေးနက်နက်
စဉ်းစားရင် မိဘတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ အလုပ်ရှင်တွေ၊
ပြီးတော့အစိုးရတွေဟာ တတ်နိုင်သလောက်
စိတ်ချမ်းသာမှု ပိုရှိဖို့ အစီအစဉ်တွေ လုပ်သင့်တယ်ဆိုတာ တွေ့ရမယ်။
မိဘတွေနဲ့အစဉ်မပြေရင် သားသမီးတွေဟာ မိဘမကြိုက်တာကို ပိုလုပ်တယ်။
ဆရာ ဆရာမတွေနဲ့အဆင်မပြေရင် ကျောင်းသူ ကျောင်းသားတွေဟာ
ဆရာ ဆရာမ မကြိုက်တာကို ပိုလုပ်တယ်။
ဒါကြောင့် ဆက်ဆံရေး အဆင်ပြေပြီး စိတ်ချမ်းသာနေအောင် သတိထားသင့်တယ်။
အဆင်မပြေတာရှိရင် ပွင့်ပွင့်လင်းလင်း ပြောပြီးဖြေရှင်းတာကောင်းတယ်။
ပွင့်ပွင့်လင်းလင်း ပြောလို့ရရင် စိတ်မှာ တင်းကြတ်မှု သိပ်မဖြစ်ဘူး။
ပွင့်ပွင့်လင်းလင်း လေးလေးစားစား ပြောလို့ရရင် မကောင်းတဲ့နည်းနဲ့ မဖြေရှင်းဘူး။
ကိုယ့်ကို မလေးစားဘူးလို့ထင်နေရင် သူပြောတဲ့စကားကို လေးလေးစားစား နားမထောင်ဘူး။
ပြေလည်ဖို့ မကြိုးစားဘူး။ သဘောထား ပိုပြီးတင်းမာတယ်။
ကိုယ့်ကို လေးလေးစားစား ပြောရင် သူ့စကားကို သေသေချာချာ နားထောင်မယ်။
ပြေလည်ဖို့ ကြိုးစားမယ်။
ဒါကြောင့် အကျင့်စာရိတ္တ ပိုကောင်းချင်ရင် စိတ်ချမ်းသာအောင် နေပါ။
စိတ်ချမ်းသာအောင် နေနိုင်ဖို့ အကူအညီပေးပါ။
ပွင့်ပွင့်လင်းလင်း လေးလေးစားစား ပြောပါ။
စိတ်ချမ်းသာဖို့လိုရင်းပါ (ဆရာတော် ဦးဇောတိက) စာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။