တစ်ခါတုန်းက
အလွန်ကပ်စေးနည်းတဲ့ ကိုလှမြင့်ဆိုသူတစ်ယောက် ရေကန်ထဲတွင်
ရေမကူးတတ်ဘဲ ရေဆင်းကူးတဲ့အတွက် ရေနစ်တယ်။
အနီးရှိလူတစ်ယောက်က ရေထဲက ဆယ်လိုက်တယ်။
ကိုလှမြင့် ကောင်းကောင်း သတိရလာတဲ့အခါ သူ့ရဲ့ဇနီးက ပြောတယ်။
“ မောင်၊
မောင့်ကို ကယ်တင်လိုက်တဲ့ လူငယ်ကို ကျေးဇူးဆပ်တဲ့အနေနဲ့
ဒေါ်လာတစ်ရာ ဆုချလိုက်ရင် မကောင်းဘူးလား ”
ကိုလှမြင့်က
“ကောင်းပါတယ် မိန်းမရယ်၊
ဒါပေမယ့် တကယ်တမ်းပြောရရင် သူ ကိုယ့်ကို ရေထဲက ဆွဲထုတ်ချိန်မှာ
ကိုယ်သတိနည်းနည်းပြန်ရနေပါပြီ။
ဒါကြောင့် ဒေါ်လာငါးဆယ် ဆိုရင် တော်လောက်ပါပြီ ”