ကျနော်တို့နေတဲ့ရပ်ကွက်ဟာ
ရန်ကုန်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်တယ်။
ကျနော်နေထိုင်တဲ့
အိမ်ကလည်း ရပ်ကွက်အရက်ဆိုင်နဲ့ သုံးအိမ်သာခြားပါတယ်။
ဒီတော့
ရန်ပွဲကို နေ့တိုင်းနီးပါးတွေ့ကြုံနေရပါတယ်။
သွေးသံရဲရဲကတော့
ဗီဒီယို ကြည့်စရာမလို။
ကျနော်တို့ဆီ
လာလည်ရင်ကို မြင်နိုင်ပါတယ်။
ယောက်ျားချင်းဖြစ်တဲ့ရန်ပွဲကတော့
မြင်ပါများတဲ့အတွက် ရိုးနေပါပြီ။
တစ်ရံတစ်ခါမှာတော
ရန်ပွဲတွေထဲမှာ မိန်းမအချင်းချင်းဖြစ်တဲ့ရန်ပွဲကို တွေ့ကြုံရပါတယ်။
အဲဒီအထဲက စိတ်ဝင်စားဖွယ်ရန်ပွဲတစ်ခုကို
ပြောပြချင်ပါတယ်။
အိမ်နီးချင်း
အိမ်ရှင်မ နှစ်ယောက် စကားများပြီးရန်ဖြစ်နေကြပါတယ်။
“ ဟဲ့..အေးဝင်းရွှေ…၊
နင်ခဏဆိုပြီး
ငှားသွားတဲ့ ငါ့ရဲ့ငပိအိုး ဘယ်မှာလဲ။
ငါ့ ငါးပိအိုးကို နင် ခွဲပစ်လိုက်ပြီထင်တယ်။
ဒါကြောင့်
ခုထိပြန်မပေးတာ မဟုတ်ဘူးလား၊
နင်
မရှက်ဘူးလား ”
“ နင်
ဒီလို မပြောနဲ့ ကြိုင်ကြိုင်၊
တစ်အချက်က…
နင့်ဆီက
ငါးပိအိုးကို ငါ မယူဘူး၊
နှစ်အချက်က…
နင့်ငါးပိအိုးဟာ
အစကတည်းက ကွဲနေပြီးသား၊
သုံးအချက်က…
ငါပြန်ပေးပြီးတာ
ကြာလှပြီ ”
ပြီးတော့ စကားဆက်များကြပြီး
အမျိုးသမီး နပမ်းပွဲတစ်ခုကို
ကျနော်တို့ ကလေးတစ်စု အလကား
ကြည့်လိုက်ရပါတယ်။