Thursday, October 20, 2011
" ငြိမ်းချမ်းခြင်းဆိုတာ..."
The secret of happiness is to admire without desiring.
( FH.Bradly )
စိတ်ချမ်းသာမှု ရဲ့လျှို့ဝှက်ချက်ဟာ လိုချင်စိတ်မရှိပဲ
တအံ့တသြ၊
မြတ်မြတ်နိုးနိုးတန်ဖိုးထားတာ၊
ချစ်တတ်တာပဲ ဖြစ်တယ်။
+++++++++++++++++++++++++++
“ ဒီလို သူငယ်ချင်းမျိုး
တစ်ယောက်ကို ကျနော်သေသွားလို့သာ
ဆုံးရှုံးချင် ဆုံးရှုံးရပါစေ။
သူ ကွယ်လွန်လို့ ဆုံးရှုံးရတာမျိုးတော့
အဖြစ်မခံနိုင်ပါ။
( စာရေးဆရာကြီး ဘားနဒ်ရှော )
+++++++++++++++++++++++++++
ဆရာသမားဆိုတာကတော့ ဘဲဥတွေကိုသားပေါက်အောင်
ရင်ငွေ့နဲ့ဝပ်ပေးရတဲ့ ကြက်မိခင်ကြီး လိုပါပဲလေ။
အတောင်အလက်ပေါက်လာတဲ့ အထိတော့ ကိုယ်က ကိုယ့်ရင်သွေးလို
သဘောထားပြီး ဝပ်ပေးတာပေါ့။
အတောင်အလက်စုံလာတဲ့ အခါမှာတော့
သူတို့က သူတို့ဗီဇဓာတ်ခံအတိုင်း ရေးထဲကူးနေကြတာကိုပဲ
ကုန်းပေါ်က မိခင်ကြီး ကတော့ ရင်တမမနဲ့
ရေထဲမှာ နစ်မွန်းများသွားမလားဟဲ့ ”
ဆိုတဲ့ ပူပန်စိတ်ကတော့ ရှိနေတာပဲကွယ့် ၊
ရင်သွေးပင် မဟုတ်သော်ငြား
ကိုယ်ဝပ်ပေးထားရတယ်ဆိုတဲ့ ရင်နှစ်မေတ္တာတရားက
ကြီးမားသကိုးကွယ့် ”
( ပခုက္ကူနိကာယ၊
မဟာရတ္တညူမဟာထေရ ဆရာတော်
ဘဒ္ဒန္တဇောတိက )
+++++++++++++++++++++++++++
“ ကိုယ့်အခွင့်ကိုသိ၊
နောက်လူကိုလဲ ကြည့် ”
ဆွမ်းဝိုင်းမှာ ရေးထားသော စာတမ်း။
+++++++++++++++++++++++++++
မြတ်စွာဘုရားရှင်က
“သင်တို့က ကိုယ့်တာဝန်ကို ကျေပွန်အောင်
ကြိုးစား အားထုတ်ရမယ်။
မြတ်စွာဘုရားဆိုတာ လမ်းညွှန်ပုဂ္ဂိုလ်မျှသာ
ဖြစ်တယ်။
လိုက်နာကျင့်သုံးသူသာ ဒုက္ခက လွတ်မြောက်မယ် ”
လို့ဟောကြားပါတယ်။
+++++++++++++++++++++++++++
လူမှာ အကောင်းဆုံးအရည်အချင်းဟာ
တရားကို သိနိုင်တဲ့
အသိဉာဏ်ပဲ။
+++++++++++++++++++++++++++
ငြိမ်းချမ်းခြင်းဆိုတာ ကို ကြားရုံမျှနဲ့ စိတ်က
ကြည်လင်ပါတယ်။
( မြတ်စွာဘုရား )
+++++++++++++++++++++++++++
လုပ်တတ်ရင် အချိန်တိုင်းဟာ
တရားအားထုတ်တဲ့အချိန်ပါ။
နေတတ်ရင် နေရာတိုင်းဟာ
တရားအားထုတ်တဲ့ နေရာပါ။
+++++++++++++++++++++++++++
စိတ်ရဲ့ငြိမ်းချမ်းမှုနဲ့
စိတ်ရဲ့အစွမ်းသတ္တိဟာ
အတူတူပါပဲ။
+++++++++++++++++++++++++++
လောကမှာ တကယ်စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်၊
တကယ် အသိဉာဏ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့
ခေါ်လောက်တဲ့ ပုဂ္ဂိုလ်တွေဟာ သူများဘယ်လိုနေနေ၊
သူတို့ရဲ့လေးနက်တဲ့၊
မြင့်မြတ်တဲ့ ခံယူချက်ဟာ
ဘယ်တော့မှ မပြောင်းဘူး။
+++++++++++++++++++++++++++
လူမျိုး မခွဲခြားဘူး၊
ဘာသာမခွဲခြားဘူး၊
တိုင်းပြည်လည်း မခွဲခြားဘူး၊
လူသားမှန်သမျှကို ငါ့အမျိုးတွေလို့
သဘောထားမယ်ဆိုရင်လည်း
ဒါ structure တစ်ခုပဲ။
+++++++++++++++++++++++++++
ကိုယ်မသိတဲ့သူကိုတောင်မှ
ကိုယ်တတ်နိုင်သလောက် အကျိုးပြုရမယ်။
ဒီလိုသဘောထားတွေဟာ structure ပဲ။
+++++++++++++++++++++++++++
ငါနဲ့မသိတဲ့သူတွေ၊
ငါ့လူမျိုး၊
ငါ့နိုင်ငံသားမဟုတ်တဲ့လူတွေလည်း ပဲ
သူတို့လုပ်ခဲ့တဲ့ကိစ္စတွေဟာ ငါ့အတွက်
အများကြီး အကျိုးရှိခဲ့တယ်။
ဒါကြောင့်…ငါနဲ့မသိတဲ့သူတွေ၊
ငါ့လူမျိုး၊ ငါ့နိုင်ငံသားမဟုတ်တဲ့သူတွေကိုလည်း
ပဲ ငါတတ်နိုင်တဲ့နည်းနဲ့ အကျိုးပြုမယ်။
+++++++++++++++++++++++++++
ကိုယ့်ဘဝ ဘယ်လောက်အောင်မြင်တယ်ဆိုတာကို
ကိုယ်ဘယ်လောက်များများရတယ်
ဆိုတာနဲ့ မတိုင်းတာပဲ
ကိုယ်ဘယ်လောက်များများ ပြန်ပေးသလဲ
ဆိုတာနဲ့တိုင်းတာရင် ပိုကောင်းတယ်။
+++++++++++++++++++++++++++
နေ့တိုင်းပဲ ကိုယ့်ကိုယ်ကို သတိပေးသင့်တယ်။
“ ဒီနေ့ တတ်နိုင်သလောက် လွတ်လပ်တဲ့စိတ်နဲ့နေမယ်။
လွတ်လပ်မှုရှိအောင် အတတ်နိုင်ဆုံး ကြိုးစားမယ်။
+++++++++++++++++++++++++++
ကိုယ်မိတ်ဆွေ၊အပေါင်းအသင်းတွေ၊
ဆွေမျိုးတွေကို တရားလက်ဆောင်ပေးပါ။
ကိုယ့်သားသမီးတွေကို တရားအမွေပေးပါ။
သတိပဋ္ဌာန်တရားကို ကျင့်သုံးနိုင်မှ
ငြိမ်းချမ်းမှုအစစ်အမှန်ကို
ရနိုင်ပါတယ်။
(ဆရာတော် ဦးဇောတိက)
+++++++++++++++++++++++++++