ကိုယ့်ကိုယ်ကို သူများအောက်ကိုလည်း နှိမ့်ဖို့မလိုဘူး။
ကိုယ့်ကိုယ်ကိုသူများအထက်ကိုလည်း မြှင့်ဖို့မလိုဘူး။
ရိုးရိုးသားသား မှန်မှန်ကန်ကန် တန်းတူရည်တူပဲ
ကြည့်တတ်ဖို့လိုတယ်။
စကားပြောတဲ့အခါမှာလည်း သတိနဲ့ဉာဏ်နဲ့ ပြောပါ။
သတိဟာလူကို ပိုပြီး အသက်ဝင်စေတယ်။
သတိဟာ စိတ်ကိုပိုပြီးအားရှိစေတယ်။
အရင်တုန်းကထက်
စိတ်ထားတွေ၊ သဘောထားတွေ၊
အသိဉာဏ်တွေ သာတဲ့လူတစ်ယောက်ဖြစ်လာအောင်
လုပ်နေတာကိုက ကိုယ့်ရဲ့လိုအပ်ချက်ကို
ကိုယ်ဖြည့်ဆည်းနေတာပဲ။
အင်မတန်စူးရှတဲ့၊
အင်မတန်ထက်မြက်တဲ့၊
အင်မတန်အင်အားကြီးတဲ့၊
သတိနဲ့ပညာက
ကိုယ့်ရဲ့ချို့ယွင်းချက်လေးတွေကို
သူ့ဟာသူ ပြင်ပြင်ပြီးတော့ သွားတတ်တယ်။
စိတ်ဓာတ်အင်အားပျော့ညံ့တဲ့သူ၊
စစ်မှန်တဲ့သတ္တိမရှိတဲ့သူတွေဟာ
သူတစ်ပါးကို အနိုင်ကျင့်တဲ့သူတွေ
ဖြစ်လာတယ်။
တာဝန်ယူတာဟာအမှန်တော့
လွတ်လပ်မှုတစ်မျိုးပဲ။
ဒီအခြေအနေမှာ ဒီလိုလုပ်မှ ဖြစ်မယ်လို့သိပြီးတော့
အခြေအနေနဲ့ကိုက်အောင်လုပ်နိုင်တာဟာ
လည်း ပဲ လွတ်လပ်မှုတစ်မျိုးပဲ။
ဘယ်အချိန်သေသေ၊
သေမှာကိုကြိုတင်ပြင်ဆင်ထားပြီး
အချိန်မရွေးသေတာကို လက်ခံနိုင်တဲ့စိတ်မျိုးနဲ့
နေသွားနိုင်ရင် လွတ်လပ်တဲ့စိတ်နဲ့နေတယ်လို့ ဆိုနိုင်တယ်။
တွေ့ကြုံနေရတဲ့ အခက်အခဲကို ကိုယ့်ဘဝအတွက်
အကောင်းဘက်ကို ရောက်သွားဖို့ရာ အခွင့်အရေးတစ်ခု
အနေနဲ့ မြင်တတ်ရင် ကိုယ့်ဘဝဟာ
ကြာလေ တိုးတက်လေ ဖြစ်မယ်။
ကြာလေ အဆင်ပြေလေဖြစ်မယ်။
ကြာလေ စိတ်ထားရင့်ကျက်လေ ဖြစ်မယ်။
ကြာလေ စိတ်ဓာတ်အင်အားကြီးသူ ဖြစ်လာမယ်။
ပိုပြီးလွတ်လပ်သူ ဖြစ်လာမယ်။
ဆရာတော်ဦးဇောတိက