
လက်အောက်က စာရေးမနဲ့ ယောက်ျားဖြစ်သူတို့
ငြိသလို ဖြစ်နေကြောင်း သတင်းရသဖြင့် မိန်းမ
ယောက်ျားကို ခြိမ်းခြောက်တယ်။
“ ရှင် ရုတ်ရုတ်မလုပ်နဲ့နော်၊
အဲဒီကောင်မနဲ့ဇာတ်လမ်းကို ရှင်ဖြတ်ရင်ဖြတ်၊
မဖြတ်ရင် ကျမ မြစ်ထဲ ခုန်ချပြီး
ကိုယ့်ကိုယ်ကို သတ်သေလိုက်မယ်။
နားလည်လား ”
“ ဟေ့ လာပြီး ခြိမ်းခြောက်မနေစမ်းပါနဲ့၊
မင်းတို့ မိန်းမတွေ ပြောသလို မလုပ်ဘူး၊
ဘယ်တော့မှ ကတိမတည်ဘူး ဆိုတာ ငါသိပြီးသား ”