မြို့တစ်မြို့မှာ မီးလောင်မှု ဖြစ်တယ်။
မီးရှို့သူကို ရဲက ဖမ်းမိတယ်။
မီးလောင်ခံရတဲ့ အိမ်နဲ့ မျက်နှာချင်းဆိုင်အိမ်မှာ
နေတဲ့ ကိုထွန်းထွန်းဝင်းကို သက်သေအဖြစ်
တရားရုံးက ဆင့်ခေါ်တယ်။
တရားသူကြီးကမေးတယ်။
“ သက်သေ ထွန်းထွန်းဝင်း၊
အဲဒီညက မြင်ရသမျှကို ရုံးတော်ကို ပြောပြပါ ”
“ ဟုတ်ကဲ့၊
အသံဗလံတွေကြောင့် ကျနော်အိပ်ရာက နိုးသွားပါတယ်။
ဒါနဲ့ဇနီးသည်ရဲ့ညအိပ်ဂါဝန်ကို
အောက်ပိုင်းကနေ မ, တင်လိုက်တယ် ”
“ အိပ်ရာထဲမှာ ခင်ဗျားတို့လင်မယား
ဘာလုပ်ကြတယ်ဆိုတာ လာပြောမနေနဲ့၊
မေးတာကိုပဲ ဖြေပါ ”
“ ဟုတ်ကဲ့၊
မိန်းမရဲ့ဂါဝန်ကို အောက်ကနေမ, တင်လိုက်တယ်၊
ပြီးတော့ ကြည့်လိုက်တယ် ”
“ သက်သေ ထွန်းထွန်းဝင်း၊
မဆိုင်တာကို မပြောပါနဲ့ ”
“ ဟုတ်ကဲ့၊
မိန်းမရဲ့ဂါဝန်ကို အောက်ကနေမ, တင်လိုက်ပြီး
သေသေချာချာ ကြည့်လိုက်တယ်၊
အပူရှိန် ကိုခံစားလိုက်ရတယ် ”
“ မဆိုင်တာကို မပြောနဲ့လို့ ဘယ်နှစ်ခါ သတိပေးရမလဲ။
ရုံးတော်ကို မထီမဲ့မြင်လုပ်မှုနဲ့ ခင်ဗျားကို အရေးယူနိုင်တယ်၊
နားလည်လား ”
“ပြတင်းပေါက်ခန်းဆီးကို
မိန်းမရဲ့ဂါဝန်နဲ့ ချုပ်ထားတာ
ကျနော့်အပြစ်လားခင်ဗျာ ”
No comments:
Post a Comment