အတွင်းရေးမှူးမလေးက
ညွှန်ချုပ်ကို ပြောတယ်။
“ အကိုကြီး၊
အကိုကြီးရဲ့ဇနီး
ဘာဖြစ်လို့ ကျမကို မယုံသင်္ကာ ဖြစ်တဲ့
မျက်လုံးနဲ့ ကြည့်ရတာလဲရှင့် ”
“ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူဟာ
အကိုကြီးရဲ့ အတွင်းရေးမှူးမ ဖြစ်ခဲ့တယ်လေ ”
ကိုတင်လှိုင်က
ယူရိုလက်ဖက်ရည်ဆိုင်မှာ
သူငယ်ချင်း ကိုလှမျိုးနဲ့တွေ့တာနဲ့ပြောတယ်။
“ ကိုလှမျိုး၊
ကျနော့်မိန်းမနဲ့ကွာတော့မယ်၊
သူ ကျနော့်ကို စကားမပြောတာ
ခြောက်လတိတိရှိပြီဗျ ”
ကိုလှမျိုးက ပြန်ပြောလိုက်တာက
“ ဟေ့လူ၊
ခင်ဗျား အလျင်မလိုနဲ့၊
ပြန်စဉ်းစားနော်၊
ဒီလိုမိန်းမမျိုး
ခင်ဗျား နောက်ထပ် ရှာတွေ့မယ်
မထင်ဘူးနော်
သိတယ်မှုတ်လား ”
စတိုးဆိုင်တစ်ခုမှာဖြစ်တယ်။
ဈေးဝယ်သူတစ်ယောက်ဖြစ်တဲ့ကိုဝင်းဟိန်း က
အရောင်းသမကို မေးတယ်။
“ ခင်ဗျားတို့ဆီမှာ
ယောကျာ်းစီး ဖိနပ်ရှိသလားဟင် ”
“ မရှိဘူး ”
“ မိန်းမစီးဖိနပ်ကော…”
“ မရှိဘူး ”
“ အဲဒါဆို ကလေးစီးဖိနပ်ကော ခင်ဗျ ”
“ အမေးအမြန်းထူလှချည်းလားရှင့်၊
ကျမတို့ဆိုင်ဟာ ဖိနပ်ဆိုင်၊
စုံစမ်းရေးဋ္ဌာန မဟုတ်ဘူးရှင့်၊
နားလည်လား ”
ရောဂါအသည်းအသန်ဖြင့် သေတော့မယ့်
ယောက်ျားဖြစ်သူကိုရွှေအေးက
မိန်းမဖြစ်သူ မေရီကို
မိမိအနားကို ခေါ်ပြီး ပြောတယ်။
“ မေရီ၊
မင်းကို မသေခင် ဝန်ခံစရာ ရှိတယ်၊
ငါဟာ အရောင်းအဆင်းကို မခွဲခြားတတ်တဲ့သူ
( colour-blind )ကွ၊
ဒီအကြောင်းကို
တစ်ချိန်လုံး မင်းမသိအောင် ငါ လျှို့ဝှက်ထားခဲ့မိတယ် ”
“ ဒီအကြောင်းကို ကျမ သိပါတယ်ရှင့် ”
“ မင်း ဘယ်လိုလုပ် သိသလဲ ”
“ ကျမတို့သားဟာ နီဂရိုးလေးရှင့် ”