တစ်ခါတုန်းက ညီအကို (၇)ယောက်အနက်
(၆)ယောက်ဟာ အလုပ်ကို နေ့စဉ်သွားပါတယ်။
သတ္တမမြောက်ညီငယ်က အိမ်ကိုကြည့်ရှု့စောင့်ရှောက်ထားပါတယ်။
ညီအစ်ကို (၆)ယောက်တို့ဟာ အလုပ်က ပင်ပင်ပန်းပန်းနဲ့ အိမ်ပြန်ရောက်တဲ့အခါ
အိမ်မှာ သေသေသပ်သပ်ရှိနေပါတယ်။
ပြီးတော့ စားစရာတွေလည်း အသင့်ပြင်ဆင်ထားပါတယ်။
အဲဒီအတွက် ညီအစ်ကိုအားလုံးဟာ
သတ္တမမြောက် ညီငယ်ကို ကျေးဇူးတင်ပြီး ချီးကျူးကြပါတယ်။
ဒါပေမယ့် ညီအစ်ကို တစ်တွေထဲမှာ တစ်ယောက်က
အခြားသူတွေထက် ပိုတော်ကြောင်း ပြသလိုပါတယ်။
အဲဒါကြောင့် အိမ်မှာနေတဲ့ ညီငယ်ဟာ သက်သက်ပျင်းနေတယ်။
သူလည်း အလုပ်အကိုင်ရှာပြီး ဝင်ငွေရအောင် လုပ်သင့်တယ်လို့ ပြောပါတယ်။
သူရဲ့အဆိုကို ကျန်ညီအစ်ကိုတွေကလည်း သဘောတူပါတယ်။
အဲဒါကြောင့် သတ္တမမြောက်ညီငယ်အနေနဲ့ အိမ်အလုပ်တွေကို
ဆက်လုပ်စရာမလိုတော့လို့
တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ပါတယ်။
အဲဒါကြောင့် နောက်တစ်နေ့ စောစောမှာ ကျန်ညီအစ်ကိုတစ်တွေက
သတ္တမမြောက်ညီငယ်ကို သူတို့နဲ့အတူ အလုပ်ရှာရန် ပြောပါတယ်။
အဲဒီနောက်ပိုင်းမှာ
ညီအစ်ကိုတစ်တွေဟာ အံ့သြစရာတွေကို တွေ့လာရပါတော့တယ်။
အဲဒီနေ့ ညနေဖက် အလုပ်ပြီးလို့ အိမ်ကို ပြန်လာတဲ့အခါမှာ
ပင်ပန်းပြီး ဆာလောင်နေပါတယ်။
အိမ်တွင်ချိုချိုသာသာနဲ့ သူတို့အား နှုတ်ဆက်မယ့်သူ မရှိတော့ပါ။
ဘယ်သူမှ အိပ်ရာတွေ စနစ်တကျ သိမ်းတာတွေ ၊
တံမျက်လှည်းတာတွေ မရှိတော့ပါ။
စားပွဲမှာလည်း ဘာစားစရာမှလည်း မရှိပါ။
အဲဒီအခါမှသာ သူတို့ရဲ့လုပ်ရပ်ဟာ ဘယ်လောက်သိမ်ဖျင်း မိုက်မဲတာကို
သူတို့ သဘောပေါက်ကြပါတယ်။
သူတို့ညီငယ်ရဲ့ ကန့်လန့်ကာ နောက်ကွယ်က
လုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းတွေကို
ဆက်မလုပ်ဖို့ ပြောမိတာကို သူတို့တွေ အကြီးအကျယ် နောင်တရမိကြတယ်။
သူတို့တစ်တွေဟာ သူတို့လုပ်ရပ်အတွက် ဝမ်းနည်းမိကြပါတယ်။
အဲဒီနောက် ညီငယ်ကို မူလတာဝန်များကို ဆက်လက်ယူစေတဲ့အတွက်
သူတို့အိမ်ထောင်စုမှာ အရင်ကလိုပဲ
ပျော်ရွှင်မှု၊
ရောင့်ရဲကျေနပ်မှု၊
စိတ်ချမ်းသာမှု၊
များ ပြန်လည်ရလာပါတော့တယ်။
No comments:
Post a Comment